Basic Democracy Training – Burmese Version by Salai Kipp Kho Lian

Vansangva Library – Vansangva စာကြည့်တိုက်

Comment ရေးရန် (62 comments)

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင်မှတ်တမ်းများ။
Historical Documents on the making of a new democratic Nation – the “Union of Burma”

VanSangVa Library1 by vansangva


Contents မာတိကာ

၁။ သမိုင်းဝင် ပင်လုံစာချုပ် (၁၉၄၇)

၂။ ဗိုလ်ချုပ်အောင်ဆန်း ၏ “လမ်းညွှန်ပြဌာန်းချက် (ရ) ချက်”။ (၁၉၄၇)*

၃။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇)

၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။

၅။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)

၆။ ဦးထွန်းမြင့် (တောင်ကြီး) ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)*

၇။ ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဦး ဇန်ထားရှင် ၏ “ဒီမိုကရေစီပြောင်းပြန်”။ (၁၉၅၈)*

၈။ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ် ၏ “ချင်းလူငယ်များ အကြံပေးတင်ပြချက်”။ (၁၉၆ဂ)*

၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)*

၁၀။ ABSDF ၏ “ဖက်ဒရယ်လ်”။ (၁၉၉၄)

၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)


*ဤ စာအုပ် စာတမ်း နှင် ဆောင်းပါးများ ကို ဆလိုင်းလျန်မှုန်း စုဆောင်းပြုစုသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒ မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဆီသို့” (တတိယတွဲ) ၊ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လူမျိုးများ ၏ ပြည်ထောင်စု အပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ။ စာအုပ် မှ ထုတ်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

၁. The Panglong Agreement – ပင်လုံစာချုပ် (၁၉၄၇)

သမိုင်းဝင် ပင်လုံစာချုပ် ၏ အနှစ်သာရ များ။

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင်သစ် တရပ် ကို အရှည်သဖြင့် ခိုင်ခိုင်မာမာ တည်ဆောက် နိုင်ရေး အတွက် ခိုင်မာသော ခြေခံအုတ်မြစ် များ။

    ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။
    ထူထောင်လတ္တံ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်နယ်များသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပါ အ၀င် အမျိုးသား ကိုယ် ပိုင်ပြဌာန်း ပိုင်ခွင့်များ ကို အပြည့် အ၀ရရှိခံစားစေရမည်။
    ဗမာ နှင့် အတူတကွ ပူးပေါင်းထူထောင် မည့် ပြည်ထောင်စု နိုင်ငံတွင်ရှမ်း၊ ကချင်၊ချင်း အစရှိသည်တို့သည် ဗမာ အပါအ၀င်အခြားသောပြည်ထောင် စု အဖွဲ့ ၀င် အမျိုးသား များနည်းတူ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူ အများ ခံစားရရှိ ကြသည့် ဒီမိုကရေစီ အခွင့်အရေးများ ကို ခံစားကြရမည်။
    ရှမ်း၊ ကချင်၊ ချင်း တို့သည် ဗမာ နဲ့ အတူ ဗြိတိသျှ ကျွန်သဘောက် ဘ၀ မှ ရုန်းထွက်ပြီး လွတ်လပ်၍ တန်းတူသော ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံ သစ် ကိုတည်ထောင်ကြမည်။

အခု  Vansangva Online စာကြည့်တိုက်မှာ တင်ထားတဲ့ စာရွက်စာတမ်း ဆောင်းပါးတေထွမှဲာ ပင်လုံစာချုပ်ကို ကျွန်တော်တို့ ထိပ်ဆုံးမှာ ဦးစားပေးပြီးတော့ တင်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းရင်း ၂ ချက် ရှိပါတယ်။ နံပါတ်(၁) အကြောင်းရင်းကတော့ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြသာနာ အားလုံးဟာ အဲဒီ ၁၉၄၇ ခုနှစ်က သဘောတူ ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ကနေ  စတင်ခဲ့တာ ဖြစ်ပါတယ်။ နံပါတ်(၂) အကြောင်းရင်းကတော့ ဒီနေ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြသာနာအားလုံးရဲ့ အဖြေဟာ ၁၉၄၇ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်မှာပဲ ရှိနေပြန်လို့ ဖြစ်ပါတယ်။ အဲဒ်ီတော့  ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နှစ်ပေါင်း(၆ဝ) အတငွ်း ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးပြဿနာ ပေါင်းစုံရဲ့ မြစ်ဖျားခံရာလည်းဖြစ်ပြီး တကြိမ်ထမှဲာ ပြဿနာပေါင်းစုံရဲ့ အဖြေလည်း ဖြစ်ပြန်တဲ့ အဲဒီပင်လုံစာချုပ်ကို အကျယ်တဝင့် တင်ပြ ဆေွးနွေးလိုပါတယ်။

သမိုင်းဝင် ပင်လုံစာချုပ်ကို ရေးထိုးရာမှာ အဲဒီ ပဋိညာဉ်စာချုပ်မှာ  အပိုင်း(၁ဝ) ပိုင်းပါရှိပြီး ပထမ အပိုင်းကတော့ စာချုပ်ရဲ့ နိဒါန်း ဖြစ်ပါတယ်။ ကျန်တ့ချဲက်တေကွတော့ အဲဒီ ပဋိညာဉ်စာချုပ်ပါ သဘောတူထားတဲ့ အချက်အလက်တြွေဖစ်ပြီး အချက်အလက် အားဖြင့် နံပါတ်(၁) ကနေ (၉)အထိ ပါရှိ ပါတယ်။ အဲဒီ အချက်တွေထမှဲာ နံပါတ်(၁) ကနေ (၄)ထိကတော့ အဲဒီ ပဋိညာဉ်စာချုပ် ရေးထိုးစဉ် ကာလတိုလေးမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးအခြေအနေနဲ့သာ တိုက်ရိုက် သက်ဆိုင်နေတာဖြစ်ပြီး ပစ္စုန်ပ္ပန်ကာလနဲ့ လည်းကောင်း၊ နောင် အနာဂတ်ကာလနဲ့ လည်းကောင်း၊ အထူး အကျုံး မဝင်တော့ပါဘူး။ အဲဒီ (၁) ကနေ (၄) ထိပါရှိတဲ့ အကြောင်းအရာတေကွတော့ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် ဗမာပြည်မနဲ့ အတူတူ လတ်ွလပ်ရေးကို ရယူကြဖို့ ဆုံးဖြတ်

ထားကြပြီဖြစ်တဲ့ တောင်တန်းဒေသတွေ ထဲကနေ အဲဒီ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး မရမီ ကာလတိုလေးထမှဲာ၊ အဲဒီကာလ ဗြိတိသျှဘုရင်ခံရဲ့ အမှုဆောင် ကောင်စီမှာ၊ တောင်တန်းဒေသမှ ပုဂ္ဂိုလ်တဦးကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီး တောင်တန်း ဒေသရေးရာ အတိုင်ပင်ခံဝန်ကြီး အဖြစ် ခန့်အပ်ဖို့ ကိစ္စနဲ့သာ သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက် (၄)ချက်ဟာ အဲဒီကာလတိုကလေး အတွက်သာ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ဖြစ်လို့ အထူး ဆေွးနွေးတင်ပြစရာ မရှိပါဘူး။

နောက်တခါ အဲဒီ ပဋိညာဉ်စာချုပ်ရဲ့ ကျန်တဲ့ အချက်တေထွဲမှာ နံပါတ်(၆)အချက် ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာ ကချင်ပြည်နယ်အတကွ်  နယ်ခြားသတ်မှတ်ရေးနဲ့ ကချင်ပြည်နယ် တည်ထောင်ရေး ကိစ္စ ဖြစ် ပြီး ဒီကိစ္စကို ကျော်လွှားခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စပိုင်းကိုလည်း အထူးပြုပြီးတော့ ဆေွးနွေးစရာ မရှိပါဘူး။ အဲဒီတော့ ကျန်တဲ့ အချက်များဖြစ်တဲ့ ပင်လုံစာချုပ်ရဲ့ နိဒါန်းရယ် အချက်နံပါတ် (၅)ရယ်၊ (၇)ရယ်၊ (၈)ရယ်၊ (၉)ရယ် ဆိုပြီးတော့ အချက်ကြီး (၅)ချက်ကို ကျွန်တော်တို့ အထူးပြုပြီးတော့ ဆေွးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို တင်ပြဆေွးနွေးရာမှာ စောစောပိုင်းကပြောခဲ့တဲ့ ပင်လုံစာချုပ်ဟာ ပြဿနာရဲ့အစ၊ ပြဿနာရဲ့အဖြေ လို့ဆိုခဲ့ဒါနဲ့ ပတ်သက်ပြီးတော့  အကြမ်းဖျင်း နားလည် သဘောပေါက် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြဿနာရဲ့ အရင်းအမြစ်ကို အရင်မသိပဲနဲ့  ပြဿနာရဲ့ အဖြေကို ရှာတွေ့ကြမှာ မဟုတ်ပါဘူး။ ရောဂါရဲ့ အရင်းအမြစ်ကို မသိပဲနဲ့ ရောဂါကို ကုသပေးမယ့် ဆေးဝါးကို ဖော်ထုတ်လို့ မရသလိုပါဘူး။ လူနာက မြော့နေပြီး ဆေးဆရာက နူနာ စွေဲနပြန်လို့ရှိရင် လူနာရော ဆေးဆရာပါ ရေစုန်မျောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျန်တဲ့ အချက်ကြီး (၅) ချက်ကို ဆက်လက်ပြီး တင်ပြ ဆေွးနွေး သွားပါမယ်။
၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက်နေ့မှာ ရှမ်းပြည်၊ ပင်လုံမြို့မှာ ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ရဲ့ နိဒါန်းကို စတင်ပြီးတော့ ဆေွးနွေးပါမယ်။ နိဒါန်းတိုလေးမှာ ဘယ်လို ဆိုထားသလဲ ဆိုတော့ “မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တငွ် ကျင်းပသည့် အစည်းအဝေးပွ၌ဲ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လတ်ွလပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်း သဘော တူညီကြသည်” တ့။ဲ

အဲဒီနေရာမှာ ကျွန်တော်တို့ အထူးပြုကြရမယ့် အပိုင်း က ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လတ်ွလပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွ့ဝဲ င်တို့က ယုံကြည်ကြသည့်အတိုင်း ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အင်္ဂလိပ်က တောင်တန်းဒေသ တြွေဖစ်တဲ့ အဲဒီခေတ်ကာလ ခြွင်းချန်ထားတဲ့ ဒေသတြွေဖစ်တဲ့ ရှမ်း၊ ချင်း၊ ကချင် အစရှိတဲ့ ဒေသပြည်တို့ကို လတ်ွလပ်ရေး မပေးပဲ ချန်ထားခဲ့ချင်တယ်။ ဗမာပြည်မကိုပဲ လတ်ွလပ်ရေးပေးမယ်၊ ကျန်တ့ေဲ ဒသတေကွိုတော့ သူတို့က နောက်မှ ပေးမယ် ဆိုတဲ့သဘောမျိုး ချန်ထားခဲ့တဲ့ အခါမှာ ချင်း၊ ကချင်၊ ရှမ်း တွေက ဗမာပြည်မနဲ့ တပြိုင်နက်ထဲ လတ်ွလပ်ရေး လိုချင်တယ်၊ ကိုလိုနီနယ်ချဲ့ ကျွန်သဘောက် ဘဝမှာ မကျန်ရစ်ခဲ့ ချင်ဘူး။ အဲဒီဟာကို နိဒါန်းမှာ ရှင်းရှင်းလင်းလင်း ပျိုးထားခဲ့တာဖြစ်တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ချင်း၊ ရှမ်း၊ ကချင်၊ ဗမာ စတဲ့အဲဒီအစည်းအဝေးပွမှဲာ တက်ရောက်ခဲ့တဲ့ လူမျိုး အားလုံးဟာ လတ်ွလပ်ရေးကို အတူတကွရယူချင်တယ်၊ ဘယ်သူကတော့ လွတ်လပ်ရေး မလိုချင်ပဲနဲ့ ကျွန်ဘဝမှာပဲ ဆက်နေချင်သေးတယ် ဆိုတဲ့ဟာမျိုး မရှိဘူး။ အားလုံးရဲ့ ဆန္ဒက အတူတူပဲ ဆိုတော့ ဒီလတ်ွလပ်ရေးကို လိုချင်တယ် ဆိုတ့ဟဲာက  ဒီမိုကရေစီရဲ့ အခြေခံတရားတွေသင်ကြား ပို့ချတုန်းက ဖေါ်ပြခဲ့ပြီး ဖြစ်တအဲ့တိုင်း တန်းတူမှု၊ လတ်ွလပ်မှု ဆိုတာတေကွ သူရဲ့ဒီမိုကရေစီ အခြေခံတရားတေပွဲဖြစ်တယ်။ အဲဒီတော့ လတ်ွလပ်ရေးဆိုတာ မရှိရင်၊ လတ်ွလပ်မှုဆိုတာ မရှိရင်၊ ဒီမိုကရေစီ မရှင်သန် နိုင်ပါဘူး။ တန်းတူမှုဆိုတာ မရှိရင်လည်း ဒီမိုကရေစီ မရှင်သန်နိုင်ပါဘူး။ ဒီ နှစ်ခုကို လိုချင်ခြင်းဟာ ဒီမိုကရေစီရဲ့ အခြေခံ တရားတွေဖြစ်တယ်။ အဲဒီတော့ လတ်ွလပ်တဲ့လူမျိုးတွေဖြစ်ချင်တာ၊ ပြီးတော့ ဗမာပြည်မနဲ့လည်း တန်းတူညီတူ တပြိုင်နက် လတ်ွလပ်ရေးကို ယူချင်ကြတာဆိုတော့ ဒီမှာကိုက ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ဟာ ပါနေပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ အခြေခံသဘောတရား တေလွည်း ဒီမှာပါပြီးသား ဖြစ်တယ်။ အဲဒီတော့ ဗမာပြည်မ ၊ချင်း၊ ကချင်၊ ရှမ်းတို့ဟာ လွတ်လပ်ရေးကို အတူတကွ ယူကြမယ် ကိုလိုနီကျွန်သဘောက် ဘဝကနေ အတူတကွ လွတ်မြောက် လာကြရမယ်။ အတိတ်က လူမျိုး တမျိုးနဲ့တမျိုး နိုင်ထက်စီးနင်း ပြုပြီးတော့ အနိုင်ကျင့် အုပ်ချုပ်တဲ့ ကျေးကျွန်စနစ်၊ ကိုလိုနီကျွန်စနစ်ကို အတိတ်မှာပဲ ထားခဲ့မယ်၊ အနာဂတ်မှာ အတူတကွ လတ်ွလပ်တဲ့နိုင်ငံကို ထူထောင်ကြမယ်ဆိုတဲ့အရေးကြီးတဲ့ အချက်အလက်တေဟွာ ဒီမှာပါရှိနေတာ ဖြစ်ပါတယ်။

အခုတခါ ဆက်လက်တင်ပြ ဆေွးနွေးသွား မယ်ဆိုတဲ့ပင်လုံစာချုပ်ရဲ့ အချက် (၅) ကို ဆေွးနွေး ကြရအောင်။ အချက် (၅) မှာ ဘာဆိုထားလည်းဆိုတော့ “အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတငွ် ယခုရရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝ ပြုလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတငွ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်“။
ဆိုလိုတာက ရှမ်း၊ ချင်း၊ ကချင် အစရှိတဲ့လူမျိုးတေဟွာ သူတို့ အဲဒီအချိန်ထိ တောက်လျှောက် ပိုင်ဆိုင်လာကြတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာတေကွို မဆုံးပါးစေရဘူး ဆိုတာကို ဒီစာချုပ်မှာ သဘောတူ ခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ တောင်တန်း ဒေသများအတကွ် နယ်တွင်းအုပ်ချုပ်ရေးတငွ် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည် တဲ့။ ဆိုလိုတာက ထူထောင် လတံ္တ့သော ပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ ချင်း၊ ရှမ်း၊ ကချင်တို့ရဲ့ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းသော၊ သာယာသော၊ တိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်ဖို့အတကွ် ခိုင်မာတဲ့ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးဆိုင်ရာ အခြေခံ အုတ်မြစ်တခုကို ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။
အခုတခါ ပင်လုံစာချုပ်မှာ ပါရှိတဲ့အချက်ကြီး (၉)ချက်ထဲမှာ အချက်နံပါတ် (၇) ကို ဆွးနွေးကြရအောင်။ “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် ရှိသော အခြေခံများ၊ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစား စေရမည်။” ဆိုလိုတာက ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများမှာရှိတဲ့ ပြည်သူတွေ ခံစားရရှိကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတေကွို အတူတကွ ခံစားရရှိရမယ် ဆိုတဲ့အချက်ကို ပင်လုံစာချုပ်မှာ သဘောတူထားတာ ဖြစ်ပါတယ်။
နောက်တခါ အချက်နံပါတ် (၈)မှာလည်း  “ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံး ခွင့်ပြုထားသော ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ” တ့။ဲ

ပင်လုံစာချုပ်ရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ အချက်နံပါတ် (၉)မှာလည်း “ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့၏ ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး အစီအစဉ် ဆက်သွယ်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေး အစီအစဉ် ဆက်သယ်ွမှုများကို လက်တွေ့ကျင့် သုံးနိုင်ခြင်း ရှိမရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး တွဲဘက်အတိုင်ပင်ခံများနှင့်အတူ စူးစမ်းလေ့လာမည်။” အဲဒီလိုဆိုတော့ ပင်လုံစာချုပ်ထမှဲာကိုက တန်းတူရေး၊ လတ်ွလက်ရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အစရှိတဲ့ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တေ၊ွ ဒီမိုကရေစီရဲ့ အခြေခံတရားတေ၊ွ သာယာဝပြောတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ထူထောင်ရေးအတကွ် လိုအပ်တဲ့အခြေခံတရားတွေအကုန်လုံး ပါရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အထူး သတိပြုရမယ့် အချက်တချက် ကတော့ ဒီသမိုင်းဝင် ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အချက်အလက်တွေ အားလုံးဟာ လူမျိုးတမျိုး ဒေသ တခုရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်ဖို့ သယ်ပိုးဖို့ မဟုတ်ပဲ တတိုင်းတပြည်လုံး၊ ပြည်ထောင်စု တခုလုံးမှာ မှီတင်းနေထိုင်ကြတဲ့ ဗမာ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူအားလုံးရဲ့ အကျိုးစီးပွား အတွက်ပြဋ္ဌာန်း ထားတာဖြစ်တယ် ဆိုတာကို အလေးအနက် နားလည်သဘောပေါက် ထားကြဖို့ လိုပါတယ်။ လူမျိုးပေါင်းစုံပြည်သူတို့ဟာ တလှေထဲစီး တခရီးထသွဲားဖို့ အတွက် သန္ဒိဋ္ဌာန်ချခဲ့ကြတဲ့ အဲဒီသမိုင်းဝင် ပင်လုံစာချုပ်ဟာ တည်ဆောက်လတံ္တ့သော ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ တန်းတူရည်တူ အဖွ့ဝဲ င် လူမျိုးပေါင်းစုံ ပြည်သူတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့၊ တဦးနဲ့တဦး ယုံယုံကြည်ကြည် ချစ်ချစ်ခင်ခင် အပြန်အလှန်လေးစားပြီး ဒီမိုကရေစီ လူ့ဘောင်သစ်ဖြစ်တဲ့ ပြည်ထောင်စုနိုင်ငံကြီးတခုကို အတူတကွ စည်းစည်းလုံးလုံး ထူထောင်နိုင်ဖို့အတကွ် အုတ်မြစ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ပင်လုံစာချုပ်ပါ သဘောတူညီချက်တေကွို လူမျိုးတမျိုးက ဖောက်ဖျက်ခဲ့လို့ ရှိရင်လည်း အဖောက် ဖျက်ခံရတဲ့လူမျိုး နယ်မြေဒေသသာလျှင် ထိခိုက်နစ်နာမှာ မဟုတ်ပဲ တတိုင်း တပြည်လုံး ပြည်ထောင်စု တခုလုံး ဗမာအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ အကျိုးစီပွားကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။

ဒီအချက် မှန်ကန်ကြောင်းကို ကုန်လန်ွခဲ့တဲ့ အနှစ် ၆ဝ ကာလအတွင်း ကျွန်တော်တို့ အားလုံး အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ အတိတ်သမိုင်း၊ ပစ္စုပ္ပန်သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်တ့အဲပြင် ဒီ Vansangva စာကြည့်တိုက်မှာ တင်ထားတဲ့တခြားသမိုင်းဝင် စာတမ်းများကို ဆက်လက် ဖတ်ရှုခြင်းအားဖြင့် ပိုမိုခိုင်မာတဲ့သက်သေ အထောက်အထားတေကွို တေ့ရွှိကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုတင်ပြ ဆေွးနွေးသွားတဲ့ ပင်လုံစာချုပ်ရဲ့ နိဒါန်းပါ အချက်အလက်တေရွယ် ပင်လုံစာချုပ်ပါ အချက် (၉)ချက်ထဲက အချက်နံပါတ် (၅)၊ (၇)၊ (၈)၊ (၉) ရယ်တေကွို အသေအချာ ကြည့်မယ်ဆိုလို့ရှိရင်၊ ဒီမိုကရေစီ လူ့ဘောင်သစ် တရပ်ကို တည်ဆောက်ဖို့အတကွ် ခိုင်မာပြီး ပြည့်စုံတဲ့ အခြေခံအုတ်မြစ်တေ၊ွ စစ်မှန်တဲ့ ပြည်ထောင်စု၊ စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အခြေခံတရားတေဟွာ အခိုင်အမာ ရှိနေတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်စာမျက်နှာမှာ ပင်လုံစာချုပ်ကို ဒီ Vansangva စာကြည့်တိုက်ရဲ့ ထိပ်ဆုံးမှာ ဦးစားပေး ဖေါ်ပြထားရတဲ့ အကြောင်းရင်း (၂) ချက်အနက် ဒုတိယ အကြောင်းရင်းအနေနဲ့ ဒီနေ့ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး ကြုံတွေ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာ အားလုံးရဲ့ အဖြေဟာ ဟောဒီ သမိုင်းဝင် ပင်လုံစာချုပ်မှာ ရှိပါတယ်လို့ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုဆိုရင် တချိန်ထမှဲာ ဒီပင်လုံစာချုပ်ဟာ ဒီနေ့ ကျွန်တော်တို့ အားလုံး ကြုံတွေ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာပေါင်းစုံရဲ့ မြစ်ဖျားခံရာ ဖြစ်တယ်လို့ ဘာကြောင့် ဆိုခဲ့ရတာလ၊ဲ အမှန်တကယ်မှာတော့ ဒီပင်လုံစာချုပ် သဘောတူညီ ချက်တေမွှာ ဘာမှ ပြဿနာမရှိပါဘူး။ ဒီစာချုပ်မှာပါရှိတဲ့ သဘောတူညီချက်တေကွို ဖောက်ဖျက်ခဲ့တာ၊ မလိုက်နာနိုင်ခဲ့တာ၊ မသိကျိုးကျွန်ပြုခဲ့တာ တွေေ ကြာင့်သာလျှင် ပြဿနာတွေ တခုပြီးတခု၊ တဆင့်ပြီး တဆင့် တက်ခဲ့ရပြီး နောက်ဆုံး စစ်အာဏရှင်စနစ်ကို ပေါ်ထွန်းလာစေခဲ့တာ တွေေ ကြာင့်သာလျှင်  ပြဿနာတေကွ မပြီးနိုင် မဆုံးနိုင် ဆက်တိုက် ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို အခု Vansangva စာကြည့်တိုက်မှာ တင်ထားတဲ့ သမိုင်းဝင် စာတမ်းတေထွ မှဲာ ဖတ်ရှုလေ့လာရမှာဖြစ်ပြီး၊ ပြဿနာရဲ့ အရင်းအမြစ်တေကွို အနှစ် (၆ဝ) ကျော် သမိုင်းလက်တွေ့တွေ ထကဲ နေ ဖော်ထုတ်နားလည် လာကြရမှာ ဖြစ်ပါတယ်။ အဲဒီလို သမိုင်းဖြစ်ရပ် ထကဲ နေ ပြဿနာရဲ့ 

အရင်းအမြစ်တေကွို သိမြင်လာကြပြီးတဲ့ အခါမှာ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံရဲ့ သမိုင်းအစဖြစ်တဲ့ ဒီပင်လုံစာချုပ်ကို အလေးအနက် ပြန်လည် လေ့လာသုံးသပ်ပြီး သမိုင်းအသစ် တခုကို အစကနေ ပြန်လည် ရေးသားနိုင်ကြဖို့၊ သမိုင်းစာမျက်နှာ အသစ်တရပ်ကို ပြန်လည်ဖွင့်လှစ် နိုင်ကြရအောင်၊ မြန်မာလူငယ်မျိုးဆက်သစ်တေကွ ဦးဆောင်ပြီး ဒီမိုကရေစီ လူ့ဘောင် သစ်တရပ်ကို ထိထိရောက်ရောက် သေသေချာချာ ပြန်လည်ထူထောင်နိုင်ရေးအတကွ်၊ တော်လှန်ရေး ခြေလှမ်းသစ်တေနွဲ့ ပြန်လည်ပြီး စတင်လျှောက်လှမ်း နိုင်ကြရေးဟာ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆေွးနွေး လိုပါတယ်။ ကျန်တဲ့ သမိုင်းဝင် စာရွက်စာတမ်း တေကွိုတော့ မိမိတို့ကိုယ်တိုင် ဆက်လက်ဖတ်ရှု လေ့လာကြဖို့ တိုက်တွန်းရင်း ဒီနေရာကနေ Vansangva Online စာကြည့်တိုက်ကို မိတ်ဆက် ပေးလိုက်ရပါတယ်။

http://vansangva.com/vansangva-library/  တငွ် ပင်လုံ စာချုပ်ကိုဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

ပင်လုံစာချုပ် (၁၉၄၇) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၂. ဗိုလ်ချုပ်အောင်ဆန်း ၏ လမ်းညွှန်ု (ရ) ချက်။ (အနှစ် သာရ သဘောဖေါ်ပြချက်)

VanSangVa Library3 by vansangva

၁။ ငါတို့ ရေးဆွဲမည့် အခြေခံဥပဒေသည် တမင်းတနိုင်ငံစနစ် (Unitary System) ကို၎င်း၊ ဘုရင်စနစ် ကို၎င်း ပြဌာန်းမည့် အခြေခံ ဥပဒေ မဟုတ်။ ပြည်ထောင်စု စနစ် (Federal System) ကို ပြဌာန်း သည့် အခြခံ ဥပဒေ ဖြစ် ရမည်။

၂။ ငါတို့ ထူထောင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံခေါ် ဒီမိုကရေစီလူ့ဘောင်သစ် တွင် ပြည်နယ်များ သည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် (ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ) ရှိစေရမည်။

၃။ ပြည်နယ်များ အပါအ၀င် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အာဏာ သည် တိုင်းသူ ပြည် သားများထံမှဆင်းသက်ရမည်။

၎။ တိုင်းသူပြည်သားမှန်သမျှ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင်တရားမျှတမှုရှိ စေလျက် လွတ်လပ်သော ဒီမိုကရေစိ အခွင့် အရေးများကို ဥပဒေ သက်ရောက်မှုတွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တန်းတူ ခံစားကြရမည်။

၅။ လူနည်းစုများ အတွက် လုံလောက်သော ကာကွယ် ချက်များ ပြဌာန်းထား ရမည်။

၆ နှင့် ရ။ တိုင်းပြည် ကာကွယ်ရေး နှင့် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ လမ်းညွှန် ပြဌာန်းချက်များ။

ဗိုလ်ချုပ် အောင်ဆန်း ၏ လမ်းညွှန်ချက် (ရ) ချက် ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၃။ ဗိုလ်ချုပ် ၏ အခြေခံဥပဒေ ပထမ မူကြမ်း (၁၉၄၇)။

Vansangva Library4 by vansangva

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲ ခဲ့သော “ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ ပထမူကြမ်း”။ (၁၉၄၇) (အနှစ်သာရသဘော ဖေါ်ပြချက်) ဤ ဗိုလ်ချုပ်အောင်ဆန်း ၏ ပထမမူကြမ်း ကို ၁၉၄၇ မေလ တွင် ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ညီလာခံ ဥက္ကဌ အဖြစ် တာဝန်ယူဦးဆောင်ခဲ့သည့် ဖဆပလညီလာခံနောက်ဆုံးနေ့တွင် တခဲနက် အတည်ပြုခဲ့ကြသည်။

- ပြည်နယ် များသည် မိမိတို့ ၏ ပြည်နယ် အသီးသီး အတွက် မိမိတို့ပြည်နယ်များ၏ သီးခြားလက္ခဏာ နှင့် ထူးခြားချက်များကို အခြေခံပြီး ပြည်ထောင်စု အခြေခံဥပဒေ နှင့် လိုက်လျောညီထွေသည့် ပြည်နယ် အခြေခံဥပဒေ အသီးသီးတို့ကို ရေးဆွဲပြဌာန်းရမည်။ (ဥပဒေပြုခွင့်အာဏာ)

- ပြည်နယ် များသည် မိမိတို့ ၏ ပြည်နယ်ဦးစီးမှူးတို့ ကို မိမိတို့ ပြည်သူ များမှ ရွေးကောက် တင်မြှောက် ထားသည့် ပြည်နယ် ဥပဒေ ပြုလွှတ်တော်မှ ရွေးကောက် တင်မြှောက်ရမည်။

- ပြည်နယ် ဥပဒေ ပြုလွှတ်တော်သည် မိမိတို့ ပြည်နယ် ၏ အခြေခံဥပဒေ၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ကျမ္မာရေး နှင့် ဒေသန္တရ အုပ်ချုပ် ရေး အစရှိသည်တို့နှင့် စပ်လျင့်း၍ ဥပဒေပြု ပြဌာန်း ပိုင်ခွင့်ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း ၏ အခြေခံ ဥပဒေ ပထမ မူကြမ်း (၁၉၄ရ) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၎။ အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း။

Vansangva Library5 by vansangva

၁၉၄၇ ဂျူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကို ဦးစော နှင့် အပေါင်းပါ တို့က လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ယင်းနောက်ပိုင်း တွင် ကျင်းပသည့် တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ဦးနု ကအစားထိုးကာ လွှတ်တော် ဥက္ကဌ နရာကို ယူခဲ့သည်။ ဦးနု ဥက္ကဌ ဖြစ်လာချိန်တွင် အခြေခံ ဥပဒေ ရေးဆွဲရေး နှင့် ပတ်သက်ပြီး ၀တ်လုံတော်ရ ဦးချန်ထွန်း အား ပုံအပ်တာဝန် ပေးအပ်ခဲ့သည်။ ဦးချန်ထွန်း သည် အခြေခံဥပဒေ ရေးဆွဲရေးကော်မီတီ တွင် ဥပဒေ ပညာရှင်တဦး ဖြစ်သည်နှင့် အညီ အတိုင်ပင်ခံ အကြံပေးအဖြစ်ပါရှိ ခဲ့ခြင်းဖြစ်သည်။ ကနဦး အစတွင် အခြေခံ ဥပဒေ ရေးဆွဲရေး နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ အမျှော်အမြင် ကြီးမားသည့် မျိုးချစ် နိုင်ငံရေး ခေါင်းဆောင် တဦး က ဦးဆောင်မှု ပေးခဲ့သည်။ လူမျိုးပေါင်းစုံ ပြည်သူတို့ ယုံကြည်လေးစား သည့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွား သည့်နောက်ပိုင်းတွင် ဥပဒေပညာရှင် ဦးချန်ထွန်း အားအခြေခံဥပဒေရေးဆွဲရေးကိစ္စ ကို ပုံ အပ်တာဝန်ပေး ခဲ့ခြင်းအားဖြင့် လူမျိုးပေါင်းစုံပြည်သူတို့၏ အနာဂတ် ကံကြမ္မာ သည်တမျိုးတဖုံ ပြောင်းလဲသွားခဲ့ ခြင်းဖြစ်ပါသည်။

အခြေခံဥပဒေရေးဆွဲရေး ကော်မီတီ နှင့် အလုပ်ကြံခံရသည့် အာဇာနည် ခေါင်းဆောင် ကြီး များစာရင်း ကို

အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၅ ။ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇)

Vansangva Library6 by vansangva

ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသွားသည့် နောက်ပိုင်းတွင် ဦးချန်ထွန်း ပြန်လည်ပြင်ဆင်ရေးဆွဲသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင် ပင်လုံစာချုပ် ၏ အနှစ်သာရများ ကို၎င်း၊ ဗိုလ်ချုပ်အောင်ဆန်း ၏ အခြေခံ ဥပဒေရေးဆွဲရေးဆိုင်ရာ လမ်းညွှန်ပြဌာန်းချက် (ရ) ချက် ပါ အချက်အလက်များ ကို၎င်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဦးဆောင်ရေးဆွဲခဲ့သည့် ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (ပထမ မူကြမ်း) ပါ အရေးကြီးသည့် အချက်အလက်များ ပါရှိမလာတော့ပေ။ တိုင်းပြည်တခု၏ အခြေခံ ဥပဒေကိုရေးဆွဲ ရာတွင် နိုင်ငံရေးခေါင်းဆောင်များ၊ အခြေခံဥပဒေ ရေးဆွဲရန် အတွက် ပြည်သူတို့ ရွေးကောက် တင်မြှောက် ထားသည့်တိုင်းပြု ပြည်ပြု လွှတ်တော်ကိုယ်စားလှယ် များမှ အခြေအတင်ဆွေးနွေးငြင်းခုံ ကာရေးဆွဲကြရသည်။ ပြည်သူလူထု ထံသို့မူကြမ်း များကို အဆင့်ဆင့် ချပြပြီး ဆန္ဒခံယူကြရသည်။ အခြေခံဥပဒေ တခုရေးဆွဲရာတွင် ဥပဒေ ပညာ ရှင်တို့ ၏ ကဏ္ဍ မှာ အမှန်တကယ်အားဖြင့် နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ် များ နှင့် ပြည်သူတို့ ပါဝင်ရေးဆွဲသည့် ကို အခြေခံ ဥပဒေ မူကြမ်း ကို ဥပဒေ ရှုထောင့် မှသုံးသပ်ကာ ဥပဒေကြောင်းလမ်းအရ တည့်မတ်ပေးရန်ဖြစ်သည်။

- ပြည်နယ် များ ၏ ပြည်နယ် အခြေခံဥပဒေ ရေးဆွဲပြဌာန်း ခွင့် ကိုပယ်ဖျက်ထားခဲ့သည်။
- ပြည်နယ် ဥပဒေ ပြုလွှတ်တော် ကို လည်း ပယ်ဖျက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးခေါ် ပြည်နယ်ဥက္ကဌ ကို ၀န်ကြီးချုပ်မှ ခန့်အပ်ရန်ပြဌာန်းလိုက်ကြသည်။
- ပြည်နယ် ဥပဒေ ပြုလွှတ်တော် မရှိတော့သည့်အလျောက် ပြည်နယ်များတွင် မိမိတို့ ပြည်နယ် ၏ သီးခြားအခြေအနေနှင့် ကိုက်ညီသည့် ဥပဒေပြုခွင့်အာဏာ များ မရှိတော့ပေ။
- ငြိမ်းချမ်းသော၊ တန်းတူသော၊ လွတ်လပ်သော ဒီမိုကရေစီ လူ့ဘောင်သစ်တရပ်ကို ပြည်ထောင်စုပုံစံ ဖြင့် ပုံဖေါ်တည်ဆောက်ရေး လူမျိုးပေါင်းစုံပြည်သူတို့ ၏ ပင်လုံ မျှော်မှန်းချက်တို့ ရေစုံမျော်ခဲ့ ရသည်။ ပြည်သူကိုကျော်ခိုင်း သည့် တမင်းတနိုင်ငံ တပြည်ထောင်စနစ် ကို ပြဌာန်းဖြစ်ခဲ့ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၆။ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်”။ (၁၉၅၇)ဦးထွန်းမြင့် (တောင်ကြီး)

Vansangva Library7 by vansangva
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲ ခဲ့သည့် အခြေခံ ဥပဒေ ပထမမူကြမ်း ကို ဦးချမ်ထွန်းက လုံးဝပယ် ဖျက်ခဲ့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက မကန့်ကွက်ခဲ့ကြပါ။ ထိုစဉ်ကာလ ဖဆပလ အဖွဲ့ ၀င်ပါတီများဖြစ်ကြသည့် ကွန်မြူနစ်ပါတီ က၄င်း၊ ဆိုရှယ်လစ်ပါတီက၄င်း၊ ပြည်သူ့ရဲဘော် တို့က၄င်း ကန့်ကွက်ခြင်းမရှိခဲ့ကြပါ။ တိုင်း ရင်းသားခေါင်းဆောင်များ ကဘာကြောင့် မကန့်ကွက်ခဲ့ကြသနည်း။ ယင်း အချက်များ ကို လည်းဤစာအုပ်တွင်ဖတ်ရှုကြရပါမည်။ ဗိုလ်ချုပ်အောင်ဆန်း ကို ယုံကြည်လေးစားကြသည် နှင့် အညီ ဖဆပလ ကိုပါ ယုံကြည်အားကိုးခဲ့ကြသည်ကတကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ မိမိတို့၏ ခေါင်းဆောင်ကြီးများကျဆုံး၍ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေချိန်၊ လွတ်လပ်ရေးကို အလျင်အမြန် ရလိုကြသည့် အလျောက် ဥပဒေပုဒ်မများကို အကျယ် အကျယ် အငြင်း မပွားလို ကြ သည် က တကြောင်း၊ ဥပဒေပညာ မကျွမ်းကျင်ကြသဖြင့် ဦးချန်ထွန်း မှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲသွားသော အခြေခံဥပဒေ ပထမ မူကြမ်း သည် လွတ်လပ်စ ပြည်ထောင်စု အတွက် ၀န်ထမ်း အလုံ အလောက်မရှိ၊့ ငွေကုန်ကြေးကျများ နိုင်ကြောင်း ရှင်းပြသည်ကို ယုံကြည်မိကြသည်ကတကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ ဘူးသည့် “the spirit of the agreement” ကိုယုံကြည် သည့် အလျောက် ပင်လုံ စိတ်ဓါတ် အခြေခံ နှင့် သာ ဆက်လက်စခမ်းသွားကြမည်၊ ဗမာ ဖက်မှ ဥပဒေ စကားလုံးများ နှင့် လက် ပေါက်ကပ် နေကြမည် မဟုတ်ဟု ယုံကြည်ကြသည်ကတကြောင်း စသည် တို့ကို အရင်းခံပြီး …… ဦးချန်ထွန်း ၏ ပြင်ဆင်ချက်များ ကို မစမ်း စစ် မဝေဖန် မကန့်ကွက်ခဲ့ကြောင်းဤ စာအုပ်နှင့် အခြားတိုင်းရင်းသားခေါင်းဆောင်တို့ ၏မှတ်တမ်းများတွင် လေ့လာဖတ်ရှု ရပါသည်။ နောင် (၁၀) နှစ် လောက် မှာ မှ “The Union of Burma” Oxford University Press (1957) စာအုပ်တွင် စာရေးသူ Hugh Tinker အား အခြေခံ ဥပဒေ ဗိသုကာကြီး ဦးချန်ထွန်း က “ကျွန်တော်တို့ ရဲ့ အခြေခံဥပဒေဟာ ပုံစံအားဖြင့် ပြည်ထောင်စုဖြစ်သော် လည်း အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်ဖြစ်ပါတယ်“ ဟု ဖွင့် ဟ၀န်ခံလိုက်သည့်အခါတွင်မှ ဦးချန်ထွန်း သည် ဗိုလ်ချုပ်အောင်ဆန်း ၏ အခြေခံဥပဒေ ပထမမူကြမ်း အား ပြင်ဆင်ရာ တွင် တပြည်ထောင်စနစ် ဖြစ်သွားအောင် အစီအစဉ်ရှိရှိ ပြင်ဆင်ခဲ့ကြောင်း နားလည်သိရှိခဲ့ ကြရသည်။ ပင်လုံစိတ်ဓါတ်၊ ပင်လုံ ကတိက၀တ် တို့ ကိုချိုးဖေါက်လိုက်ခြင်းဖြစ်ကြောင်းသိရှိခဲ့ကြရသည်။ ကျဆုံးလေပြီးသော နိုင်ငံ့ ဖခင်ကြီး များ၏ သွေး မှ မချောက် သေးခင် သူတို့ ၏ အရှည် သဖြင့် ငြိမ်းချမ်းသောပြည်ထောင်စု နိုင်ငံတော်ကြီး ကို ဂုဏ်သိက္ခာ ရှိရှိ တည်ဆောက် ကြဖို့ မျော်မှန်းခက်များကို နင်းခြေဖျက်စီး သစ္စာဖေါက်ခဲ့ ကြသည့် သမိုင်း အစဉ်အလာ၊ တိုင်းသိပြည်သိ ကမ္ဘာသိ သဘောတူ ခဲ့ကြသော ကတိက၀တ်များ ကို ချိုးဖေါက်သည့် အစဉ်အလာသည် ကျနော် တို့ ပြည်ထောင်စု သမိုင်းအစ တာအထွက် တွင် စတင် အမြစ်တွယ်ခဲ့ ခြင်းဖြစ်ပြီး၊ ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲ ရလဒ် များအတိုင်း တိုင်းပြည်အာဏာကို ပြည်သူထံသို့လွှဲအပ်ပေးပါမည် ဆိုသည့် တိုင်းသိပြည်သိ ကမ္ဘာ သိ ကြေညာ ခဲ့ သည့် ကတိက၀တ်များ ကို စစ်အာဏာရှင်တို့ ကပြောင်ပြောင် တင်းတင်း ချိုးဖေါက်ခဲ့သည် အထိ ယနေ့ အထိ ဤ ကတိမတည် သည့်ု အစဉ်အလာဆိုးကြီးသည် ကျန်ရှိ အမြစ်တွယ်ခဲ့ရသည်။
ရှမ်းပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) အရ လွတ်လပ်ရေးရပြီး (၁၀) နှစ် ပြည့်လျင် ပြည်ထောင်စုမှခွဲထွက်လိုကခွဲထွက် ပိုင်ခွင့်ရှိသည့် ပြည်နယ်တခု ဖြစ်ပါသည်။ ၁၉၅၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံထူထောင်ခဲ့သည်မှာ (၁၀) နှစ်တင်းတင်းပြည့်ခဲ့သည်။ ရှမ်း အမျိုးသားခေါင်းဆောင် ဦးထွန်းမြင့် (တောင်ကြီး) သည် သူ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်” စာတမ်း တွင် ပြည်ထောင်စုမြန်မာ နိုင်ငံ ကို ဗမာ နှင့် အတူ ပူးပေါင်း ထူထောင်ခဲ့ ပြီး၊ (၁၀) နှစ်တာ ကာလ အတွင်း ရှမ်းပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ကို စစ်တမ်း ထုတ်ကာ ပြည်သူသို့တင်ပြခဲ့သည်။ ၁၉၆၁ ဂျွန် လ (ဂ – ၁၆) ရက်နေ့ တွင် တိုင်းရင်းသား လူမျိုးစုတို့သည် ရှမ်းပြည်နယ် တောင်ကြီး မြီု့ တွင် ညီလာခံကျင်းပ ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံ ဥပဒေ အား ပင်လုံစာချုပ်နှင့်အညီ ဖက်ဒရယ်လ် ပြည်ထောင်စု အသွင် သို့ ပြင်ဆင်ရေးဆွဲ ရန် ဆွေးနွေးကြသည်။ ဦးထွန်းမြင့် (တောင်ကြီး) က ၁၉၄၇ တွင်လုပ်ရမည့် အလုပ်များ ကို ယ္ခု မှ စတင် လုပ်ကိုင် နေတာ ဖြစ် ကြောင်း ဖေါ်ပြခဲ့သည်။ ပြည်ထောင်စု ပါလီမန်လွှတ်တော် တွင် ဤ ကိစ္စ ကိုဆွေးနွေးနေစဉ်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်နေ၀င်း မှ စစ်တပ် အားကိုးနှင့် တိုင်းပြည်၏ အာဏာ ကို သိမ်းယူပြီး တိုင်းရင်းသားလူမျိုးစုတို့ ၏ ဖက်ဒရယ်လ်မူ တင်သွင်းမှုကြောင့် တိုင်း ပြည် ခြောက်ထဲ ကျရန် လက် နှစ် လုံး အလို တွင် တိုင်းပြည်၏ အာဏာကို သိမ်း ယူကာ ကယ်တင်ခဲ့ ရကြောင်း တိုင်းသိပြည်သိ ကြေညာခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့စဉ်က နံပတ် (၂) နေရာမှ ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးကလည်း ရှစ်လေးလုံး အလွန်ကာလ ပြည်ပ မီဒီယာ တခု နှင့် တွေ့စုံမေးမြန်းခန်း တွင် ဖက်ဒရယ်လ် ကိစ္စ ကြောင့် အာဏာသိမ်းခဲ့ ရကြောင်း ထပ်ဆင့် အတည်ပြု ပြောကြားခဲ့ပါသည်။ ဆိုလိုသည် မှာ တိုင်းရင်းသားလူမျိုးစု တို့ က ဖက်ဒရယ်လ် ဟူသော “ခွဲထွက်ရေးမူ“ အားဖြင့် တိုင်းပြည်ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် လုပ်ရန် ကြံရွယ်လာ ကြသဖြင့် ဗမာလူမျိုးတို့၏ အကျိုးစီးပွားကိုကာကွယ်ဖို့၊ ပြည်ထောင်စု ကြီး ကို မပြိုကွဲစေခြင် သည့် အတွက် သမိုင်းပေး တာဝန် ကို မလွှဲသာမရှောင်သာ ထမ်းဆောင်လိုက်ကြရ သယောင် ဗမာပြည်သူ တို့ အား မလိမ့် တပတ်လုပ်လိုက် ခြင်း သာဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးအပြီးတွင် ဦချန်ထွန်း က တိုင်းရင်းသားတို့အားမလိမ့်တပတ် လုပ်ခဲ့သည်။ ယ္ခုတခါ ဗိုလ်နေ၀င်း၊ ဗိုလ် အောင်ကြီးတို့ ကဗမာပြည်သူတို့ အား မလိမ့်တပတ်လုပ်ကြပြန်သည်။ ဗမာအပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့သည် လူမျိုးတမျိုး နှင့်တမျိုး နိုင့်ထက်စီးနင်း ပြုကျင့်သည့် တမင်းတနိုင်ငံ ၀ါဒီ တို့ ၏ လိမ်ညာမှုကိုသာခံခဲ့ကြရသည်။ လွယ်ကူရှင်းလင်းလှသည့် တန်းတူရေး၊ လွတ်လပ်ရေးကိစ္စ တွင် အမြင်မကြည်မလင်ဖြစ်ခဲ့ကြကာ စိတ်ဝမ်းများ ကွဲခဲ့ ကြရသည်။ ပြည်တွင်းစစ်မီးဟုန်းဟုန်း တောက်လောင်ခဲ့ ရသည်။ နောက်ဆက်တွဲရလဒ် အဖြစ် ဗမာအပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့ စစ်အာဏာရှင် တို့၏ စစ်ဖိနပ်အောက်တွင် ကျွန်တွင်းနက်သထက်နက်ခဲ့ကြရသည်။ နယ်ချဲ့သွေးထိုးမှုကြောင့် ပြည်တွင်းစစ် ဖြစ်ရသယောင် မဟုတ်မမှန် ၀ါဒဖြန့်ခဲ့ကြသည်။ အမှန်မှာ ထိုစဉ်ကာလတွင် ခွဲ ထွက်ပိုင်ခွင့် ရှိသဖြင့် ကျွန်ပ် တို့ ခွဲထွက်ပါတော့မည်ဟု တိုင်းရင်းသားခေါင်းဆောင် များက မဆုံးဖြတ်ခဲ့ကြပါ။ တိုင်းပြည် ၏ အခြေခံ ဥပဒေကို ဖက်ဒရယ်လ်ပြည်ထောင်စု စနစ် အသွင်အားဖြင့် ပြင်ဆင်ရန်ကြိုးပမ်း ခြင်းသည် ပြည်ထောင်စု ကို မပြိုကွဲအောင် ပိုမို ခိုင်မာသောပြည်ထောင်စု ကိုတည်ဆောက်ရန်ကြိုးပမ်း မှုသာလျင် ဖြစ်ပြီး၊ ထိုစဉ်ကာလ တိုင်းရင်းသား ပါလီမန် အမတ် များသည် ခွဲထွက်ရေး ကိစ္စ ကို ပါလီမန်တွင်တင်ပြခြင်း မရှိခဲ့ကြပါ။ ဤအချက် ကို ၀န်ကြီးချုပ်ဟောင်းဦးနုကိုယ်တိုင်က သူ၏ “တာတေ စနေသား” စာအုပ်တွင် ဖေါ်ထုတ်ခဲ့ ပြီးဖြစ်သဖြင့်နှစ်ပေါင်းမြောက်များစွာ ၀ါဒ ဖြန့် မှိုင်းတိုက်ခဲ့ သည် နေ၀င်း၊ အောင်ကြီး စစ်အုပ်စု ၏ သမိုင်း လိမ်ညာမှုကြီး သည် ဘူးပေါ်သလို ပေါ်လာခဲ့ပြီးဖြစ်ပါသည်။

ခွဲထွက်ပိုင်ခွင့် ကိစ္စ The issue of the Right to Secede

Vansangva Library7a by vansangva

လွတ်လပ်ရေး ရသည်မှစ ၍ ပြည်တွင်းစစ်မီးသည် စတင်တောက်လောင်ခဲ့ပြီး၊ ၁၉၄၇ ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ ၏ တမင်းတနိုင်ငံ တပြည်ထောင်စနစ် ကို တုန့်ပြန်သောအားဖြင့် သီးခြားသမတ နိုင်ငံထူထောင် ရန် လက်နက်ကိုင် စွဲ ကာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ များကို ကိုဆင်နွှဲ နေသည့် မြေအောက် တော်လှန် ရေး အဖွဲ့ အစည်းများ ရှိနေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မတရားသည့် စနစ်တခုကိုလက်နက်ကိုင်ဆွဲ တော်လှန်သည် ကို အဆိုးမြင်လေ့မရှိ ကြပဲ တရားသော စစ်ပွဲ ဆင်နွှဲသော freedom fighters ခေါ် မိမိတို့၏ အမျိုးသား လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်သူများ သာဖြစ်ကြောင်း ယေဘုယျ အားဖြင့် တကမ္ဘာလုံးက နားလည် ကြပါသည်။ သို့ဖြစ်လင့် ကစား ပင်လုံ စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ ကြသည့် ချင်း၊ ရှမ်း၊ ကချင် အစ ရှိသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ က ပင်လုံ စိတ်ဓါတ် ကို အခြေခံသည့် ဖက်ဒရယ်လ်ပြည်ထောင်စု နိုင်ငံ ကို လက်တွေ့ ကျကျထူထောင် နိုင်ပါက ပြည်တွင်း စစ်မီးကို ငြိမ်းသတ် နိုင်မည်၊ ဤ နည်းအားဖြင့် သာလျင် လက်နက်ကိုင် အဖွဲ့ အစည်းတို့သည် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကာ၊ ခွဲထွက်ရေးစခမ်း မှ သည် ပြည်ထောင်စုစခမ်း ဆီသို့ ပြန်၍ ဦးလှည့် လာကြမည် ဟုယုံကြည်ကြသည်။ သို့သော် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် စစ်အုပ်စု သည် စစ်မှန်သော ဖက်ဒရယ်လ်မူ အားဖြင့် စည်းလုံးသော ငြိမ်းချမ်းသော ပြည်ထောင်စု ကြီးပေါ်ထွန်း လာမည်ကို မလိုလားကြပေ။ စည်းလုံး၍ ငြိမ်းချမ်းသော ပြည်ထောင်စု နိုင်ငံ တွင် စစ်အာဏာ သည် ဆက်လက်တည်ရှိ ရှင်သန်ရန် အကြောင်း မရှိတော့ပေ။ ထို့ကြောင့်လည်း ပါလီမန်လွှတ်တော်တွင် ဖက်ဒရယ်လ်ပြည်ထောင်စု နိုင်ငံ အသွင်သို့ အခြေခံဥပဒေကိုပြင်ဆင်ရန်ဆွေးနွေးနေစဉ်မှာ ပင် တိုင်းပြည်၏ အာဏာကို မတရားသိမ်းပိုက် ခဲ့ပြီး ဖက်ဒရယ်လ် ပြည်ထောင်စု မူ ကို ဖက်ဒရယ်လ် “ခွဲထွက်ရေးမူ” ဟူ၍ လိမ်ညာ ကင်ပွန်းတပ်ကာ တတိုင်းလုံးတပြည်လုံးကို လိမ်ညာ မှိုင်းတိုက် ခဲ့ခြင်းဖြစ်သည်။

ခွဲထွက်ပိုင်ခွင့် နှင့် ပါတ်သက်ပြီး ဦးထွန်းမြင့် (တောင်ကြီး) က လွန်ခဲ့သည့် အနှစ် (၃၀) ကျော်ကာလက ရေးသားခဲ့သည့် သူ၏ “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်” တွင် အကျယ်တ၀င့် တင်ပြဆွေးနွေးထားပါသည်။ သို့ရာတွင် ဤ စာအုပ် ကိုရေးသားပြီး အနှစ် (၃၀) ကျော် ကာလ အတွင်း တိုင်းပြည် ၏ နိုင်ငံရေး ပတ်ဝန်း ကျင် နှင့် နိုင်ငံရေး ရေချိန် တို့သည် ကြီးမားသောပြောင်းလဲမှုများ ကိုကြုံတွေ့ဖြတ်သန်း ခဲ့ရသည်။ ယင်း နိုင်ငံရေး အခင်း အကျင်းများ ပြောင်းလဲမှုများ နှင့် အတူ အတွေးအခေါ်များ လည်း အဆင့် ဆင့် ပြောင်းလဲ လာခဲ့ကြသည်ကို မြင်တွေ့ရပါသည်။ တိုင်းရင်းသား လူမျိုးများ ၏ အမျိုးသားလျွတ်မြောက်ရေး တိုက်ပွဲ များ နှင့် ဗမာ တိုင်းရင်းသား တို့ ၏ စစ်အဏာရှင်စနစ် ဆန်ကျင်ရေး တိုက်ပွဲ များသည် ဆုံစည်းလာကြပြီး အတွေးအခေါ် အားဖြင့် လည်း တူညီမှုရှိလာကြသည်။ တန်းတူရေး၊ လွတ်လပ်ရေး အခြေခံ သဘောတရားများ သည် ဘုံရည်မှန်းချက် အဖြစ်တည်ဆောက်လာနိုင်ကြပြီ ဖြစ်သည့် အလျောက် ပင်လုံရည်မှန်းချက် များဆီ သို့ တဖြည်းဖြည်းဦးလှည့် လာခဲ့သည်။

ဒုတိယ အကြိမ် ပင်လုံ သို့ ပြန်လည် ဦးလှည့် လာ ကြ ခြင်း။

၁) မြို့ပြ လူမျိုးစု တိုင်းရင်းသား နိုင်ငံရေးအင်အားစုတို့သည်၊ လူမျိုးတမျိုး နှင့် တမျိုး နိုင့်ထက်စီးနင်း ပြုကျင့်သည့် ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ မှပြဌာန်းသည့် တမင်းတနိုင်ငံစနစ် ၏ ဒါဏ်ကို (၁၀) နှစ်ကျော် ခါးသီးစွာ ကြုံတွေ့ဖြတ်သန်းခဲ့ သည့်တိုင်အောင် အခြေခံဥပဒေကို ဖက်ဒရယ်လ်ပြည်ထောင်စု အသွင် သို့ပြင်ဆင်ရေးဆွဲ ရန်ကိုသာ အားသန်ခဲ့ပြီး ခွဲထွက်ပိုင်ခွင့် ရှိသည့် တိုင်အောင် ခွဲထွက်ရန် ကျိုးပမ်းမှုများ မပြုလုပ်ခဲ့ဘူး ပေ (ဦးနု၏ တာတေစနေသား ကိုရှု)။ (၁၉၆၂)

၂) ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) အားဖြင့် တမင်း တနိုင်ငံ တပြည်ထောင်စနစ် ပြဌာန်း ခဲ့သည် ကို တုံ့ပြန်သည့် အနေဖြင့် ကိုယ်ပိုင်သီးခြား သမတ နိုင်ငံထူထောင်ရေး ကြွေးကြော်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ သည် အဖွဲ့ ၀င် (၉) ဖွဲ့ပါဝင်သော မဒတ NDF (ခေါ်) အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု National Democratic Front ကို ၁၉၇၆ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး သီးခြားလွတ်လပ်သော နိုင်ငံထူထောင်ရေးလမ်း စဉ်ကိုစွန့် လွှတ်ခဲ့ကြသည်။ ဖက်ဒရယ်လ် ပြည်ထောင်စု နိုင်ငံ ထူထောင် ရေး မူကို အတည်ပြု ချမှတ် ခဲ့ ကြသည်။ ယင်းသို့ ခွဲထွက်ရေးလမ်းစဉ် ကို စွန့်လွှတ်ခဲ့ရသည့် အခြေခံရာ အချက်အားဖြင့် ….. ပြည်သူကို ကျော်ခိုင်းပြီး ရေးဆွဲ ခဲ့သည့် ၁၉၄၇ တမင်းတနိုင်ငံ တပြည်ထောင်စနစ် ကို ဖေါ်ဆောင်သည့် အခြေခံ ဥပဒေသည် တိုင်းရင်းသားလူမျိုးစု တို့ ၏ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ များကို စတင်မီးမွှေးခဲ့ သည် မှန်သော်လည်း ယင်းတမင်း တနိုင်ငံ တပြည်ထောင်စနစ် အားဖြင့် ဗမာပြည်သူတို့ သည် စစ်အာဏာရှင်တို့ ၏ စစ်ဖိနပ်အောက်တွင် မိမိတို့ နှင့်အတူ အဖိနှိပ်ခံ ဘ၀သို့ ကျဆင်းသက် ရောက်ခဲ့ကြပြီ ဖြစ်သည်နှင့် အညီ ဘ၀တူ အဖိနှိပ်ခံ ဗမာပြည်သူ တို့နှင့် အတူ လက်တွဲပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ရေး လမ်း စကို ဖေါ်ဆောင်နိုင်ရန် အတွက် ခွဲထွက်ရေး စခမ်း မှသည် ဖက်ဒရယ်လ် ပြည်ထောင်စု မူ ကိုကိုင်စွဲလာကြခြင်းဖြစ်သည်။ တကြိမ်တည်းတွင် ထိုကာလသည် ၁၉၇၄၊ ၇၅၊ ၇၆ နှစ်များ အတွင်း အလုပ်သမား အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း တို့ အားဖြင့် မြို့ပြ အခြေပြု အလုပ်သမား၊ ကျောင်းသား၊ သံဃာ အပါအ၀င်ဖြစ်သည့် ရဟန်းရှင်လူပြည်သူတို့ ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲများ အထွတ် အထိပ်ရောက်ခဲ့သည့် အချိန် လည်း ဖြစ်နေသည်။ တနည်းအားဖြင့် ဘ၀တူ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူတို့ ၏ သွေးနှင့် ပြန်လည်ရေး ရသည့် ပြည်ထောင်စု သမိုင်းသစ် ၏ အစပင်ဖြစ်သည်။ (၁၉၇၄ – ၇၆)

၃) ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ကြီး (၁၉၈၈) တွင်ပြည်သူတို့ သွေးချောင်းစီးခဲ့ ရပြီး ဒီမိုကရေစီ လူ့ဘောင်သစ်တရပ်ပြန်လည်တည်ဆောက်ရေး၊ ပြည်ထောင်စု သမိုင်း အသစ် ကို လူမျိုးပေါင်းစုံ ပြည်သူတို့ ၏ သွေးဖြင့် ပီပီပြင်ပြင် စတင်ရေး သားနိုင်ခဲ့ကြသည်။ တဆက်ထည်း တွင် (၁၉၈၉) ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ၏ ပင်လုံခရီးစဉ် တွင် သမိုင်း ၀င် ပင်လုံ ညီလာခံ ကြီးကို ပြန်လည်ကျင်း ရန် လိုအပ်ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ ဤ သည်မှာ ပြည်သူ တရပ်လုံး က သွေး၊ ချွေး၊ မျက်ရေ တို့ဖြင့် တိုက်ပွဲ ၀င် တောင်းဆို ခဲ့ သည့် ဒီမိုကရေစီ လူ့ဘောင်သစ် ပြန်လည်တည်ဆောက်ရေး ကို လက်တွေ့ကျကျ အကောင်အထည်ဖေါ် ရန် အတွက် ကျွန်တော်တို့ ၏ ပြည်ထောင်စု နိုင်င်ငံ ကို စတင်တည်ထောင်စဉ် က နိုင်ငံ့ ဖခင်ကြီး များ က ပင်လုံ တွင် အခိုင်အမာ ချထားခဲ့ပြီး ဖြစ်သည့် ဒီမိုကရေစီ အုတ်မြစ် ဆီ သို့ လူမျိုးပေါင်းစုံပြည်သူတို့အား တပ်လှန့် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ တဖန်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး အဖွဲ့ အစည်း (၂၀) ကျော်ပါဝင်သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) နှင့် တွဲဖက်ပြီး ဗိုလ်အောင်ကျော်လမ်းကြေညာချက် ကိုထုတ်ပြန်ကာ ဖက်ဒရယ်လ်ပြည်ထောင်စု နိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် သန္ဓိဌာန် ချခဲ့ကြပါသည်။ (၁၉၉၀)

၎) ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၏ နောက်ဆက်တွဲ အဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး နယ်မြေများသို့ ရောက်ရှိ လာကြသည့် မျိုးဆက်သစ် မြန်မာလူငယ်များ၊ မြို့ပြ အခြေပြု ဒီမိုကရေစီအင်အားစုများ စသည်တို့ ကပါ ဖက်ဒရယ်လ်ပြည်ထောင်စု မူ အားဖြင့် တန်းတူရည်တူ ဒီမိုကရေစီ လူ့ဘောင် တရပ် ကို ဗမာ အပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့ နှင့် အတူ တကွ တည်ဆောက်ရေး ကို လက်ခံ လာကြပြီ ဖြစ်သည်။ တဆက်ထည်းမှာ ပြည်တွင်း၊ ပြည်ပ ဟူ၍ ခွဲခြားမှု မရှိ၊ လက်နက်ကိုင်ရယ်၊ လက်နက်မဲ့ ရယ် လို့ ကွဲပြားခြားနားမှုမရှိ၊ အပြစ် အခတ် ရပ်စဲ ထားတဲ့ လက်နက်ကိုင် အဖွဲ့ အစည်း ရယ်၊ အပြစ်အခတ် မရပ်စဲထားတဲ့ အဖွဲ့ ရယ်၊ ဗမာ ရယ် တိုင်းရင်းသား လူမျိုးတွေ ရယ် အစရှိသည့် လူမျိုးရေး တံတိုင်းများ၊ အဖွဲ့ အစည်း တံတိုင်းများ၊ ပထ၀ီ ဒေသကွဲပြားခြားနားမှု တံတိုင်းများ ကို ကျော်ဖြတ် ပြီး ဘုံအနာဂတ် ရည်မှန်းချက်များဖြစ် သည့် စစ်မှန် သည့် ဖယ်ဒရယ်လ်ပြည်ထောင်စု ထူထောင်ရေး တန်းတူရေး၊ လွတ်လပ်ရေး ဒီမိုကရေစီ အခြခံ တရား များ ကို အတူတကွ စုပ်ကိုင်လာနိုင်ကြသည့် သဘောတူဘီချက်များ၊ ကြေညာချက်များ တခုပြီးတခု ဆက်တိုက် ထုတ်ပြန် ခဲ့ကြပြီးဖြစ် ပါသည်။ (မာန ပလော စာချုပ် ၁၉၉၀။ မယ်သော်ရောထ သဘောတူညီချက် ၁၉၉၇။ သူးမွဲ ကလိုး ကြေညာချက် ၁၉၉၈၊ ဖက်ဒရယ်လ် ပြည်ထောင်စု အခြေခံ ဥပဒေ ရေးဆွဲရေး အခြေခံ မူများ သဘောတူညီချက် ၂၀၀၅။ ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်း ၂၀၁၀။) ဤသည်တို့ မှာ ကုန်လွန်ခဲ့ သည့် အနှစ် (၆၀) ကျော် ကာလ အတွင်း လူမျိုးပေါင်းစုံ ပြည်သူတို့ ဆင်နွှဲ ခဲ့ကြသည့် ဒီမိုကရေစီ အတွေးအခေါ် တော်လှန်ရေးကြီး ၏ အဆင့်ဆင့် သော အောင်ပွဲ ရလဒ်များ ဖြစ်ပါသည်။ ပုံစံ အမျိုးမျိုး၊ နည်းလမ်း အမျိုမျိုး အားဖြင့် ဖေါ်ဆောင်ခဲ့ ကြသည့် တိုက်ပွဲ ပုံစံ အားလုံး တို့ တပေါင်းတစည်း တည်း စုံစည်း ပေါင်းစပ်သွား ကြပြီဖြစ်ပါသည်။ တတိုင်း တပြည် လုံးကို စစ်မီး ဟုန်းဟုန်း တောက်လောင်စေခဲ့ပြီး လူမျိုးပေါင်း စုံပြည်သူတို့ ကိုစိတ်ဝမ်းကွဲစေခဲ့ တဲ့ တမင်း တနိုင်ငံ စနစ်ကိုရော ခွဲထွက်ရေး စနစ် ကို ပါ တပြိုင် နက်ထည်း စွန့် လွှတ်ကြဖို့ လူမျိုးပေါင်းစုံ ပြည်သူ့ခေါင်း ဆောင်များ၊ ဦးဆောင် ပါတီများ ကပါ တခဲ နက် သဘော တူ ခဲ့ကြပြီဖြစ် သည့် အလျောက်ယ္ခု အခါတွင် ပြည်တွင်းစစ် မီးဆက်လက်တောက်လောင်နေသည်မှာ လည်း အဓိပ္ပါယ် ကင်းမဲ့ နေပြီဖြစ်ပါသည်။ ပြည်တွင်း စစ်အားဖြင့် ဗမာ့ တပ်မတော်မှ ပြည်သူတို့၏ သားကောင်းရတနာများ၊ လူမျိုးပေါင်းစုံပြည်သူတို့၏ သားကောင်းရတနာ များ ဆက်လက်၍ အသက် သေကြေစတေး ရန်အကြောင်းတစုံ တရာ မရှိတော့ပေ။ စစ်မှန်သော ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ လူ့ဘောင်တရပ်ထူထောင်ရေးတွင် တပ်မတော်သားများ အပါအ၀င်ဖြစ်သည့် ပြည်သူတရပ်လုံး ပါဝင်လာကြရမည့် အချိန် ကျရောက်နေ ပြီ ဖြစ်ပါသည်။

6. “ပြည်ထောင်စု အတွင်းမှ တန်းတူသော ရှမ်းပြည်” ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

VSV Library8 by vansangva

ပင်လုံစာချုပ်အားဖြင့် ပြည်ထောင်စုမြန်မာ နိုင်ငံကိုထူထောင် ခဲ့သည့် (၁၁) နှစ်ကာလတွင် ယင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းဝိသေသတိုင်း တို့ သည် ၄င်း၊ ၁၉၅၄ တွင် ပြည်ထောင်စု ၀င် ပြည်နယ် တခုဖြစ်လာသော ကရင်ပြည်နယ် သည် ၄င်း မိမိတို့ ပြည်သူများ ၏ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီ ရေး မျှော်မှန်းချက်များ ကို အမှန်တကယ်ခံ စားရရှိကြသလား? လွတ်လပ်ရေး ကိုအလျင်အမြန်ရလို၍ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် ပါဝင် ပူးပေါင်း ခဲ့ပြီး ပြည်ထောင်စု ၀င် ပြည်နယ် များ အဖြစ် ပင်လုံ စာချုပ် နှင့် အညီ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် အပြည့် အ၀ ရရှိခဲ့ ကြသလား၊ ပြည်ထောင်စုထဲ တွင် ဂုဏ်သိက္ခာ ရှိရှိ မိမိတို့ ကြမ္မာ ကိုမိမိ တို့ ဖန်တီးနိုင်ခဲ့ကြသလား။ ပြည်နယ်များသည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် လည်း မရှိခဲ့၊ မိမိတို့ကြမ္မာ ကိုလည်းမိမိတို့ ဖန်တီးခွင့်လည်းမရခဲ့ ကြ၊ မိမိ တို့၏ အမျိုးသား ဂုဏ်သိက္ခာ တို့ ညှိးနွမ်းခဲ့ကြရသည်သာမက ပြည်နယ်များ တွင် ဒီမိုကရေစီ ပါဆိတ်သုဉ်း ခဲ့ရ ပြီး …… မည်သို့မည်ပုံ ဒီမိုကရေစီ ဆိတ်သုဉ်း ခဲ့ ရပုံ ကို ကချင်ပြည်နယ် ၀န်ကြီး ဦး ဇန်ထာရှင်က သူ၏ ”ဒီမိုကရေစီပြောင်းပြန်” စာအုပ်တွင် ဖေါ်ထုတ်ခဲ့ပါသည်။ ဦးဇန်ထာရှင် က နိဒါန်း ကိုရေးသား ရာတွင် “….. ဒီမိုကရေစီ ကိုချစ်မြတ်နိုး၍ ပြည်ထောင်စုကြီး ကိုတည်တန့် ခိုင်မြဲစေလိုသော ပြည်ထောင်စုသား တယောက်အနေနှင့်ဒီမိုကရေစီ ကို ပြည်ထောင်စု တ၀ှမ်းလုံး၊ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် အပြည့် အ၀ပေးနိုင်သောအစိုးရကောင်း တိုင်းပြည်ခေါင်းဆောင်ကောင်း ကိုမျှော်မှန်းတမ်းတလျက်၊ ပြည်ထောင်စုသူ ပြည်ထောင်စုသား တိုင်းအား အကူအညီတောင်းခံ ရခြင်း ဖြစ်ပါသတည်း “ ဟူ၍ အဆုံးသပ်ထားပါသည်။ လွတ်လပ်စ ထူထောင်စ ပြည်ထောင်စုမြန်မာနိုင်ငံ မှာ ကချင်ပြည်နယ် ၀န်ကြီးတဦးအနေ နဲ့ ဘာတွေ ကိုယ်တွေ့ကြုံခဲ့ရပြီး ခေါင်းဆောင်လုပ်သူတွေက ဘာတွေများ၊ ဘယ်လိုမှားခဲ့ကြတာလဲ ဆိုတာ ကို ဒီစာ အုပ်ကိုဖတ်ခြင်းအားဖြင့် သိရှိ ကြ ရမှာ ဖြစ်ပါသည်။ လူသည်မှား တတ်ပါသည်၊ နိုင်ငံရေး သမား တို့လည်း အမှား နှင့် ကင်းကြမည်မဟုတ်ပါ။ ၀န်ကြီးချုပ် ဦးနု ၏ ပြည်နယ်တွေအပေါ်မှာ သဘောထား များသည် သာမန် ပုထုဇဉ်လူသား မို့ မှားတတ် သည့် အမှားမျိုးမဟုတ်ပဲ၊ မှား မှန်း သိသိ နှင့် ပြုလုပ် ကျူးလွန်ခဲ့သည့် ဒီမိုကရေစီ စနစ် ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သည့် လုပ်ရပ်များဖြစ်ကြောင်း တွေ့ရှိရပေမည်။ ဒီမိုကရေစီ နိုင်ငံကိုထူထောင်စ ကာလ နုနယ်နေသေးသော ပြည်ထောင်စုမြန်မာနိုင်ငံ ၏ သမိုင်း အစမှာတင် တာဝန်ယူ ခေါင်းဆောင်လုပ်သူ က ဒီမိုကရေစီ ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်မှု မပြုခဲ့ပဲ အထူးသဖြင့် ပြည်နယ်များ တွင် ဒီမိုကရေစီ ဆိတ်သုန်းအောင်ဆောင်ရွက် ကာ ဒီမိုကရေစီ ၏ အကိုင်းအခက်များကို မြှစ်ချိုးချိုးခဲ့ သည်မှာ နောင်တွင် ဗိုလ်ချုပ်နေ၀င်း နှင့် အပေါင်းပါ တို့ စစ် အာဏာ ဖြင့် တက်လာပြီး ဦးနု အပါအ၀င် အရပ်သားအစိုးရ တခုလုံးကို သူ၏ စစ်ဖိနပ်အောင်တွင် ပြားပြား ၀တ်နေအောင်နင်းခြေကာ ဒီမိုကရေစိကို အမြစ်ကပါလှန်လှော်၊ ခုတ်လှဲဖျက်စီး သည်အထိဆိုးဆိုး ၀ါးဝါး ဖြစ်လာရန် လမ်း စဖွင့်ပေးသည်နှင့် အတူတူ ပင် ဖြစ်လေတော့ သည်။ တိုင်းပြည် ကို တပြည်ထောင်အာဏာရှင်စနစ်မှသည် တပါတီအာဏာ ရှင်စနစ်ဆီသို့ တွန်းပို့သည် အထိ မိုက်တွင်း နက်လာကြသည်။
လွတ်လပ်ရေး ရပြီ ၄- ၅ နှစ် ကာလ ၁၉၅၁- ၁၉၅၂ တွင် လွတ်လပ်စ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ ပထမဦးဆုံး အထွေထွေရွေးကောာက် ပွဲ ရလဒ်များ အပေါ် ပါလီမန် ဒီမိုကရေစီ ခေတ်ဟု အားလုံးနားလည်သည့် ဖဆပလ ခေတ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ၀န်ကြီးချုပ် ဦးနု က မည်သို့သဘောထား ခဲ့သနည်း။ ဗမာပြည်မ တွင် ဒီမိုကရေစီ ၏ သဘော အလိုအရ ဖဆပလ မှ မဲအများဆုံး ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့ သော်လည်း ကချင်ပြည်နယ်တွင် မဲ အများဆုံးရခဲ့ သော Kachin National Congress ကို ပြည်နယ် အစိုးရဖွဲ့ ရန်ဖြစ် သော်လည်း ကချင်ပြည်နယ် ကောင်စီ ဥက္ကဌ ခန့်ထားရာတွင် ဦးနုက KNC ထက် အမတ်နေရာနဲသည့် သူတဦးကို သူ့စိတ်ကြိုက် ခန့်အပ်ခဲ့သည်။ အမတ် နေရာ အများဆုံးရသည့် KNC မှာမူ ကချင်းပြည်နယ်တွင် အတိုက်အခံဘ၀တွင်နေခဲ့ ရသည်။ KNC အတွင်းစိတ်ဝမ်းကွဲမှုများဖြစ်ပွားစေခဲ့သည်။ ဒီမိုကရေစီ ကို ပြည်နယ်တွေမှာ ပြောင်းပြန်လှန်ခဲ့တာဖြစ်ပြီး စတင်တောက်လောင်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်မီး ကို မီးလောင်ရာလေပင့် လိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ အဲ ဒီ အချိန် အထိ ကချင်ပြည်သူ တို့ ဟာ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေး ကိုရှေ့ထားပြီး ဆူပူမှုတွေ မလုပ်ခဲ့ကြပါ။ လူမျိုးပေါင်း စုံ မှီတင်းနေထိုင်ကြသည့်  ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီ ၏ အနာဂတ် သည် စတင်ကြမ္မာငင် ခဲ့ သည့် သမိုင်း အစပဲဖြစ်ပေသည်။ ချင်းဝိသေသတိုင်းတွင်လည်း မဲအများဆုံးရသည့်အမတ်ကို ချင်းရေးရာဝန်ကြီးအဖြစ် မခန့် ပဲ၊ မဲ အနည်းငယ်သာရသည့် အမတ် တဦး ကိုတဇွတ်ထိုးခန်ခဲ့ သဖြင့် ပြဿနာတက်ခဲ့ ကြရသည်။ မဲအနိုင်ရခဲ့သည့် Chin National Congress အတွင်းတွင်လည်း စိတ်ဝမ်းများကွဲခဲ့ကြသည်။ ကရင်ပြည်နယ် တွင် လည်း မဲအနိုင်ရသူကို အခြေခံဥပဒေနှင့် အညီ ပြည်နယ်ဝန်ကြီး မခန့်ပဲ ကရင်ပြည်နယ် မှမဟုတ်သည့် မြစ်ဝကျွန်းပေါ်မှ သူ့စိတ်ကြိုက် ကရင် အမတ်တဦး ကို ခန့်ခဲ့ ၍ ပြဿနာ တက်ခဲ့ ရသည်။ ဤသို့ဖြင့် ညီညွတ်သောပြည်နယ်များ ကို ညီညွတ်မှုပျက်ပြားစေခဲ့ ပြီး၊ ပြည်မအတွက်ကတော့ ဒီမိုကရေစီနည်း နှင့် ရွေးကောက်စေပြီး ပြည်နယ်တွေအပေါ် မှာ တော့ တပြည်ထောင် အာဏာရှင် မင်းတရားကြီးပမာ ပြုကျင့်ခဲ့သည်။ ထိုသို့ ဒီမိုကရေစီ ကို မြှစ်ချိုးချိုး ခံရတိုင်း တိုင်းရင်းသား များ ကဒီမိုကရေစီ နှင့်ဆန့်ကျင်နေကြောင်းထောက်ပြခဲ့ကြသည်။ ဘာမှမထူးခဲ့ပါ။ နောက်ဆုံးတွင် တရားလွတ်တော်ချုပ်သို့ အဆုံးအဖြတ် တောင်းသည့် အဖြစ်ထိရောက်ခဲဘူးသည်။ ပြည်နယ်ဝန် ကြီးခန့်ထားရာတွင် အခြေခံဥပဒေ အရ ၀န်ကြီးချုပ်သည် ပြည်နယ်ကောင်စီ နှင့် ညှိနှိုင်းရမည်ဖြစ်သော်လည်း ပြည်နယ်ကောင်စီ နှင့် ညှိနိုင်းခြင်းမရှိ မိမိ အလိုကျသာခန့်အပ်နေသည့်ကိစ္စ ကို တရားလွှတ်တော်ချုပ်က ၀န်ကြီးချုပ်ဖက်တွင်ရပ် ကာ ၀န်ကြီးချုပ်၏လုပ်ရပ်သည် ဥပဒေ နှင့် မဆန့်ကျင်ကြောင်း ကာကွယ်ပေးခဲ့သည်။ ပြည်နယ်ဝန်ကြီးခန့်ထားရာတွက် ပြည်နယ်ကောင်စီ နှင့် ညှိနှိုင်းရမည် ဟု အတိအလင်းရေးထားသည့် အခြေခံဥပဒေ ကိုပင် တရားလွှတ်တော်ချုပ်က သမာဓိ ရှိရှိ မကာကွယ် ခဲ့ပေ။ ၀န်ကြီးချုပ်သည် တရား လွှတ်တော်ချုပ် အပေါ် ယနေ့ နအဖ စစ်အာဏာရှင်များ နှင့် မခြား မနား၊ မတရားသဖြင့် သြဇာပေးနေကြောင်းထင်ရှားနေပါသည်။ လွတ်လပ်စွာ တည်ရှိကြရပြီး၊ တခု နှင့် တခု အပြန် အလှန် ထိမ်း ညှိကြရမည်ဖြစ်သော ဒီမိုကရေစီ ၏ မဏ္ဍိုင်ကြီး (၃) ခု အနက် တရားရေး မဏ္ဍိုင် သည် လည်း ဒိနေ့ နအဖ ခေတ်နည်းတူ လွတ်လပ်မှု မရှိခဲ့ ကြောင်း ဤ အဖြစ်အပျက် အားဖြင့် သက်သေထူနိုင်ပါသည်။

၁၉၅၇ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲသော အခါတွင် ပို၍ ဆိုးဝါးစွာ ဒီမိုကရေစီကိုပြောင်းပြန်လှန်ခဲ့သည်။ ကချင် နှင့် ကရင်ပြည်နယ်တွင် လူနဲစုမဲ ကိုသာ ရသော နု-တင်ဖက် ကအမတ်များ ကို ၀န်ကြီးချုပ်အာဏာ သုံးကာ ပြည်နယ်ဥက္ကဌ တင်ခဲ့သည်။ ကချင်ပြည်နယ်ကောင်စီ အစည်းအဝေးကိုလည်း ဦးနုက သူ့နေအိမ်တွင် ကျင်းပခိုင်းရာ၊ နယ်ချဲ့ကိုလိုနီခေတ် က နယ်ခြားဒေသ အုပ်စိုးသူများကို အင်္ဂလိပ် ဘုရင်ခံ၏ အတိုင်ပင်ခံ သာသာ အဆင့်သာရှိခဲ့ သဖြင့် ဤသည်ကိုမလိုလား၍ လွတ်လပ်ရေးယူခါ မှ အခုလည်း ၀န်ကြီးချုပ် ဦးနုသည် သူ့ကိုယ်သူ ကိုလိုနီ ခေတ် ဘုရင်ခံ ကြီးပမာ ပြုကျင့် လာကြောင်း စသည်ဖြင့် အသေးစိပ် ဖြစ်ရပ်များ ကို စာရေးသူက တိုင်းပြည်ကိုတင်ပြထားပါသည်။ ဦးနုသည် တိုင်းရင်းသား လူုမျိုး များ၏ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် များ ပါရှိသည့် ပင်လုံစာချုပ်ကို လည်း စိုးစည်း မျှ ထည့် မစဉ်းစားခဲ့ ရုံတင်မက၊ ပြည်နယ်များ ၏ အာဏာ အားလုံး ကို ပါ ရုတ်သိမ်း လိုသူဖြစ်ကြောင်း၊ ဖြစ်နိုင်လျင်ပြည်နယ်များကိုပါဖျက်သိမ်း လိုသူဖြစ်ပါကြောင်း စာရေးသူ ဦးဇန်ထာရှင် က သူ၏ ဒီမိုကရေစီပြောင်းပြန် စာအုပ်တွင် အပြည့်အစုံ ဖေါ်ထုတ်ရေးသားထားပါသည်။ ဤသည်မှာ ၀န်ကြီးချုပ်ဟောင်းဦးနု ၏ ဖုံးကွယ်၍ မရသော နိုင်ငံရေး အားနဲချက်များ ဖြစ်ပါသည်။

ဦးနု ကိုယ် တိုင်က ပြောဘူးသည်။ လွတ်တော်အမတ်တဦး က အမေရိကန်ကို စစ်ကြေညာဖို့အဆိုတင်သွင်းလာသဖြင့်၊ အမေရိကန်ကို စစ်ကြေညာလျင် မြန်မာနိုင်ငံသည် ဖွတ်ဖွတ်ကြေသွားနိုင်ကြောင်းပြောပြရာ၊ “အနည်းဆုံး စတိလောက်တော့ ကြေညာ သင့်ကြောင်း၊ ထိုအမတ် ကထပ်ပြောကြောင်း” နှင့် ပါလီမန် တွင် “ဖိုး သုံည” တွေ အများကြီး ရှိကြောင်းမှတ်ချက်ချဘူး ၏။ ၀န်ကြီး ချုပ်ကိုယ်တိုင် လည်း သူပြောသော “ဖိုးသုံည” ထဲတွင် ပါနေလေရော့သလား၊ မေးစရာဖြစ်လာရသည်။ ဥပဒေ ထုတ်တော့ တခြား၊ လုပ်တော့ တမျိုး ထင်ရာစိုင်းပြုမူနေကြသည့် ယနေ့ ခေတ် န၀တ / နအဖ စစ်အာဏာ ရှင်တို့ ၏ ရှေ့ပြေးလမ်း ပြ တဦးပေလား၊ မေးစရာဖြစ်လာရသည်။

မည်သို့ပင်ဖြစ်စေ “ဒီမိုကရေစီ ပြောင်းပြန်“ ကို ဦးဇန်ထာရှင်က ရေးသား ခဲ့သည်မှာ ၁၉၅၈ ခုနှစ်တွင်ရေးသားထားခြင်းဖြစ်သဖြင့် လွတ်လပ်ရေးရပြီး (၁၁) နှစ်တာကာလ အတွေ့ အကြုံများ ကို ခြေခံထားခြင်းဖြစ်ကြောင်း သတိမူကြရပေမည်။ ၁၉၅၈ နောက်ပိုင်း သမိုင်း အဖြစ်အပျက် များ နှင့် အတူ နှောင်းခေတ်လူငယ်မျိုးဆက်သစ်တို့ အနေ နှင့် ချိန်ထိုး ကြည့်ရန်လည်း လိုပါလိမ့်မည်။ ၀န်ကြီးချုပ်ဟောင်း ဦးနု သည် တပြည်ထောင်စနစ် ကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့သည်မှာ မှန်သော်လည်း ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ တို့ နှင့် မတူညီ သည့် အချက် များ အမြောက်အများ ရှိနေသည် ကို မမေ့အပ်ပေ။ ၀န်ကြီးချုပ်ဟောင်း ဦးနု သည် ဖဆပလ ခေတ် တွင် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင် ခဲ့ သည့် လုပ်ရပ်များ အမြောက်အမြား ရှိခဲ့ပါသည်။ ဤ အကြောင်းတို့ကို သူ၏ တာတေ စနေသား စာအုပ်တွင် အထင်အရှား ဖတ်ရှု နိုင်ပါသည်။ တဖက်တွင်မူ ဖဆပလ ခေတ် နှင့် မဆလ၊ နအဖ ခေတ် ကို နှိုင်း ယဉ်ကြည့် ပါက ဖဆပလ ခေတ်တွင် ပြည်သူ တို့ ၏ ပညာရေး၊ ကျမ္မာရေး၊ စီးပွားရေး အစစ အရာရာ တွင် စစ်အာဏာရှင်တို့ခေတ်ထက် အဆမတန် သာလွန်ကောင်း မွန်အောင် ဆောင်ရွက် နိုင် ခဲ့ကြောင်း အရှိကိုအရှိ အတိုင်း မှတ်တမ်းတင်ကြရမည်သာဖြစ်ပါသည်။ ထိုခေတ်ထိုအချိန်အခါ တွင် တိုင်းပြည်သည် အာရှ နိုင်ငံ များ အကြားတွင် မနိမ့် ကျခဲ့ပါ။ ဦးနုသည် တပြည်ထောင် မင်းတရားကြီး ပမာပြုကျင့် ခဲ့၍ တိုင်းရင်းသား လူမျိုးများ ၏ နစ်နာချက်များ၊ မကြေနပ်ချက်များ သည် တားမနိုင်၊ ဆီးမရအောင် များပြားလာခဲ့ ပြီး၊ တိုင်းပြည်၏ အခြေခံဥပဒေ ကို ပင်လုံစာချုပ် နှင့် အညီ ဖက်ဒရယ်လ်ပြည်ထောင်စု အသွင်သို့ ပြင်ဆင်ရန် အတွက် ပြည်နယ်များ က အရေးဆိုလာသောအခါတွင် ၀န်ကြီးချုပ်ဟောင်း ဦးနု သည် အာဏာရှင် ဆန်ဆန် ပြုကျင့်ကာ တားဆီးပိတ်ပင်ခြင်းမပြုလုပ်ခဲ့ပဲ၊ ပါလီမန်လွှတ်တော် တွင်ဖက်ဒရယ်လ် နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရန် ၀န်မလေးခဲ့ပါ။ ဗိုလ်ချုပ်နေ၀င်း မှ အာဏာ မသိမ်း ခဲ့လျင် တိုင်းပြည်၏ ကံကြမ္မာသည် ပိုမိုကောင်းမွန်လာနိုင်သေးသည်၊ ဖက်ဒရယ်လ်ပြည်ထောင်စု လမ်းပေါ် သို့ ပြန်လည်တည့် မတ်နိုင်ခဲ့မည်၊ စစ်မှန်သော စည်း လုံး မှု နှင့် ခိုင်မာတည်တန့်သော ပြည်တွင်း ငြိမ်းချမ်းရေး ကိုလည်း တည်ဆောက်နိုင်ခဲ့ မည်ဖြစ်သည်။ တိုင်းပြည်သည်လည်း ဒီထက်မကတိုးတက်စရာသာ ရှိ ကြောင်း သုံးသပ်ရပေမည်။ ဗိုလ်နေ ၀င်း အာဏာ မသိမ်းခဲ့လျင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ မူလရည်မှန်း ခဲ့ကြသော ဗမာ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူတို့ ချစ်ချစ် ခင်ခင်ခင် စည်းစည်း လုံးလုံး တန်းတူရည်တူ နေထိုင်ကြသည့် သာယာငြိမ်းချမ်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ လူ့ဘောင် ကြီး ကို အတူ တကွ ထူထောင်ဖြစ်ခဲ့ကြမည်ဖြစ်ကြောင်း အကောင်းမြင်ရှုထောင့်မှ သုံးသပ်ကြရပေမည်။

ပြည်ထောင်စုသားကြီး ဗိုလ်ချုပ်အောင်ဆန်း

VSV Library8a by vansangva

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးနု၊ ဤ ခေါင်းဆောင် (၂) ဦးအကြား အခြေခံ အတွေးအခေါ်အားဖြင့် ကွာခြားချက်များ ရှိ ခဲ့ ပါသည်။ တန်းတူ ရည်တူ ပြည်ထောင်စု မူ ကို ယုံ ကြည်သူ နှင့် တပြည်ထောင် ဗဟိုလ် ဦးစီး စနစ် ကို ယုံ ကြည်သူ ဟူ၍ ကွာခြား ကြပါသည်။ တကြိမ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းပြည်တခုလုံးကို စစ်ကျွန်ဇတ်သွင်းခဲ့သည့် ဗိုလ် နေ၀င်း နှင်း ၄င်း၊ ဒီနေ့ တိုင်းပြည်ကို ဗိုလ်ကျ မင်းမူနေသော ဗိုလ်သန်းရွှေ နှင့် ၄င်း ခိုင်း နှိုင်း၍ ပင် မရအောင် ထပ်ဆင့် ကွာခြားပြန်ပါသည်။ မိုး နဲ့ မြေ၊ ဆီ နဲ့ရေ၊ အလင်း နဲ့ အမှောင် ပမာ ကဲ့သို့ ကွာခြား ကြ ပါသည်။ တချို့ က ဒီနေ့ အထိ တိုင်းပြည်အား မင်းလုပ် အုပ်ချုပ်လာခဲ့ သမျှ သော ခေတ်သစ် ခေါင်းဆောင်များကိုကြည့်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း စောစော သေသွားတာ ကံကောင်းကြောင်း၊ သူလဲ ဒီပဲထဲကဒီပုပ်သာ ဖြစ်နိုင်စရာ ရှိကြောင်း ပြောသံများ ကြားရဘူးပါသည်။ ဗမာမျိုးချစ်ပုဂ္ဂိုလ် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ မျိုးချစ်စိတ်ဓါတ် ကိုမမြင်နိုင်၊ မမှန်းဆနိုင်သူ အချို့ ၏ အတွေးမျှသာဖြစ်ပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်း သည် ပင်လုံ စာချုပ်ကိုရေးထိုး ခဲ့စဉ်က ဗမာ တမျိုးသားလုံးကိုကိုယ်စားပြုကာ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဗမာပြည်သူတို့ ၏ အကျိုးစီးပွား ကိုပါတာဝန်ယူကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဗမာပြည်သူ တို့၏ အရှေ သဖြင့် သော အကျိုးစီးပွားကိုထိခိုက်နစ်နာစေမည့် စာချုပ်တခုကို ဗမာမျိုးချစ်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် လက်မှတ်ရေး ထိုးခဲ့ လိမ့်မည် မဟုတ်ပါ။ ပြီးစလွယ် ပေါ့သေးသေး သဘောထားကာ ပင်လုံ စာချုပ်ကိုလက်မှတ်ရေး ထိုးခဲ့ခြင်းမဟုတ်ပါ။ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုး ကြပြီးရင်ပြီးရော၊ နောက်မှ ကိုယ်လုပ်ခြင်ရာ လုပ် မည် ဟူသည့် သဘောမျိုး မရှိကြောင်း၊ ပင်လုံ သဘောတူညီချက် များ၊ သူ၏ အခြေခံဥပဒေ ရေးဆွဲရေး နှင့် ပါတ်သက်သည့် လမ်းညွှန်ချက် (ရ) ချက်၊ သူဦးဆောင်ရေးဆွဲ ခဲ့ သည့် အခြေခံဥပဒေ (ပထမ မူကြမ်း) စသည် တို့ က ဤ အချက် ကို အခိုင်အမာ သက်သေခံထားပြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပြောသလိုလုပ်ပြီး၊ လုပ်သလိုပြောသည့် ပုဂ္ဂိုလ်ထူး တဦး ဖြစ်ကြောင်း သူကိုယ် တိုင်တွေးခေါ် ခဲ့ ပြီး သူကိုယ်တိုင်လက်နှင့် ရေးခဲ့သည့် ဤ သမိုင်း ၀င် စာရွက်စာတမ်း များ က သက်သေအထောက် အထားအဖြစ် ကျန်ရစ်ခဲ့ပါသည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပါဝင်ရေးစွဲ ခဲ့ သော ပင်လုံ စာချုပ်သည် နောင် မျိုးဆက်ပေါင်း မြောက်မြားစွာ အထိ ခေတ်မှီ နေဦးမည့်၊ အသုံးဝင်နေဦးမည့် ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ဒီမိုကရေစီ အခြေခံ အုတ်မြစ် တခုဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ နိုင်ငံ့ ဖခင်ကြီးများ ကျဆုံးသွားပြီး ရာစု နှစ် ထက်ဝက်ကျော်ကြာမြင့် ခဲ့သည့်တိုင်အောင် ဗမာ အပါအ၀င် လူမျိုးပေါင်း စုံ ပြည်သူတို့သည် ပင်လုံ ကိုသာတမ်းတနေကြဆဲ ဖြစ်သည်။ မကြာသေးခင်က Kachin Independence Orgaization က ပင်လုံကိုပြန်လည် ရည်ညွှန်းကာ နယ်ခြားစောင့် တပ် အသွင်သို့ကူးပြောင်းရေး ဟူသည်မှာ နိုင်ငံရေးရေ ချိန် နိမ့်ဆင်း သွား ခြင်းသာဖြစ်ကြောင်း၊ အဆင့်မြင့်သော ပင်လုံ ကို ရည်ညွှန်းကာ စစ်မှန်သော စည်းလုံးသော၊ တန်းတူသော၊ လွတ်လပ်သော ပြည်ထောင်စု ကို ဂုဏ်သိက္ခာ ရှိရှိ တက်လှမ်းကြရမည်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိကြေညာခဲ့သည်မှာ တိုက်ဆိုင်မှု သက်သက်လည်းမဟုတ်၊ နိုင်ငံရေး ကစားကွက်သက်သက်လည်းမဟုတ်ပေ။ ပင်လုံတွင်ပြန်လည်စုံစည်းကြကာ မိမိတို့ ကိုင်ဆွဲထားသော လက်နက်များ ကို ပြည်ထောင်စုသား ပြည်သူများလက်ထဲတွင် ပြန်လည်အပ်နှံ ပြီး အရှေ သဖြင့်သော ငြိမ်းချမ်းရေး တည်ဆောက် ရန် သန္ဓိဌာန်ချ လိုက်ခြင်းဖြစ်သည်။

နအဖ ကမူ ပင်လုံခေတ် ကုန်ဆုံးပြီဖြစ်ကြောင်းတုန့်ပြန်ခဲ့သည်။ ပင်လုံ ခေတ်အမှန်တကယ်ကုန် ဆုံးသွားပြီလား? ပြည်ထောင်စု မြန်မာနိုင်ငံသားများ အတွက် ဒီမိုကရေစီ ခေတ်သည် အမှန်တကယ် ကုန်ဆုံးသွားပြီလား? သမိုင်း ဖြစ်ရပ်မှန်များဖြင့် ချိန်ထိုး သုံးသပ်ကြည့် ရပါမည်။ ကုန်လွန်ခဲ့ သည့် အနှစ် (၆၀) ကျော်ကာလ ကျွန်တော် တို့၏ သမိုင်းဖြစ်ရပ်မှန်များ က ဘာကို တိတိကျကျ ညွှန်ပြနေသနည်း။ ၀န်ကြီးချုပ်ဟောင်း ဦးန ၏ ဖဆပလ တပြည်ထောင် ခေတ်သည် ပြည်သူတို့၏ စီးပွားရေး၊ ပညာရေး၊ ကျမ္မာရေး ဘ၀များ ကို စစ်အာဏာရှင် တို့ ၏ ခေတ် နှင့် နှိင်းစာလိုက်လျင် ပြန်လည် တန်းတရမည့် ခေတ်တခေတ်ဟု ဆိုနိုင်သော်လည်း၊ ပြည်တွင်းစစ်မီး ကို စတင်မီးမွှေးပေးခဲ့ သည့် လူမျိုးတမျိုးနှင့် တမျိုး နိုင့်ထက် စီးနင်း ပြုကျင့်သည့် ၄င်းခေတ် အခြေခံဥပဒေ ကိုတော့ မည်သူမျှ မတမ်းတကြသည်မှာ အမှန်ဖြစ်ပါသည်။ ဗိုလ်နေ၀င်း၏ မဆလ ခေတ် ကို ပြည်သူများမပြော နှင့် သူမွေးထားခဲ့သော လက်ဝေခံ စစ်အာဏာရှင်များကပင် ပြန်လည်မတမ်းတတော့ပါ။ ဗိုလ်နေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်း စဉ်သည် သူကိုယ်တိုင် အသက်ထင်ရှား ရှိနေချိန်မှာ ပင် ပြည်သူတို့ကအပြီး အပိုင်ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ မည်သူကမျှမတမ်းတတော့ပါ။ တခေတ် နှောင်းခဲ့ပြီးဖြစ်ပါသည်။ ယ္ခူ ဗိုလ်သန်းရွှေ ကလည်း စည်းကမ်း ရှိသော ဒီမိုကရေစီ အမည်ခံ ကာ ချုပ်ငြိမ်းရေး လမ်းစီ သို့ဦးတည် နေပြီ ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဘွယ်မရှိပါ။ ပြည်သူတွေရဲ့ ဆန္ဒ အမှန်တွေကိုလုံးဝလစ်လျူ ရှုပြီး ပြည်သူကို ကျောခိုင်း ကာရေးသားခဲ့သည့် ကမ္ဘာ တွင် အနိမ့်ကျဆုံး နာဂစ် အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြီး၊ ကမ္ဘာ့ သမိုင်းတွင် အနိမ့် ကျဆုံး အမည်ခံ ရွေးကောက်ပွဲ တခု ကိုကျင်းပခဲ့ပြန်ပါသည်။ စစ်အာဏာရှင်တို့ ၏ပြည်သူကိုကျောခိုင်းသော လမ်းစဉ်တို့အား နောင်မျိုးဆက် အထိ တမ်းတဖို့ဆိုသည်မှာ သူတို့ ကိုယ် တိုင်ကပင် စိတ်ကူးယဉ်ဝံ့မည်မဟုတ်ပါ။ ဗိုလ်သန်း ရွှေ ကိုယ်တိုင်က လျှို့ဝှက် မြေအောက်လှိုခေါင်း များ တူးပြီး ပုန်းအောင်းဖို့ ထွက်ပြေးဖို့သာပြင်ဆင်နေ ပြီဖြစ်ပါသည်။ ယနေ့ သူတို့ ၏ ဒေါက်တိုင်များ အတွက် ယင်း လျှို့ဝှက် မြေအောက်လှိုခေါင်း များတွင် ပုန်းစရာ၊ပြေးစရာ နေရာ လေး တကွက် ပင် ချန်ပေးထား ရန် ထည့်သွင်းစဉ်းစားထားမည်မဟုတ်ကြောင်းဗေဒင်မေး စရာလိုမည်မဟုတ်ပေ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့ ဖခင်ကြီးများ ဖေါ်ဆောင်ခဲ့သည့် ပင်လုံခေတ်သည် ဒီနေ့၊ မနက်ဖန်၊ နောင်မျိုးဆက်ပေါင်း မြောက်မြားစွာ အထိ ပြည်သူတို့ ၏ နှလုံးသားထဲ တွင် ခေတ်မှီနေဦးမည်၊ ရှင်သန်နေဦးမည်သာဖြစ်ပါသည်။

၁၉၆၀ ခုနှစ် များတွင် တိုင်း ပြည်၏ နိုင်ငံရေးပြဿနာ များ ကို ကျော်လွှားဖြေရှင်းနိုင်ရေး အတွက် တိုင်းရင်းသား ခေါင်းဆောင်တို့ က ပင်လုံ ကိုပြန်လည် ရည် ညွှန်းခဲ့ကြသည်။ ၁၉၇၆ ခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသော အမျိုးသားဒီမိုကရေစီ တပ်ဦး ကလည်း ပင်လုံ ကို အခြေခံ ကာ ခွဲထွက်ရေးလမ်းစဉ်ကို စွန့်လွှတ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံ ကို ရည်ညွှန်းခဲ့ပြန်သည်။ မာန ပလော စာချုပ် (၁၉၉၀)၊ မယ်သော်ရောထ သဘောတူညီချက် (၁၉၉၇)၊ သူးမွဲ ကလိုး ကြေညာချက် (၁၉၉၈) ၊ ကလေးမြို့ ဆုံးဖြတ်ချက်ကြေညာ စာတမ်း (၂၀၁၀) စသည်ဖြင့် ယနေ့ မျက်မောက်ပစ္စုပ္ပန် ကာလအထိ ဗမာအပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့သည် အနာဂတ် သာယာငြိမ်းချမ်းသော ပြည်ထောင်စု ကို မျှော်ရည်မှန်းဆမိ တိုင်း ပင်လုံ ကိုသာပြန်လည် တမ်းတကြသည်မှာ တိုက်ဆိုင်မှု သက်သက် မဟုတ်တန်ရာပေ။ နိုင်ငံရေးကစားကွက်သက်သက် အနေ နှင့် ပင်လုံ ကို ခုတုံးလုပ်နေခြင်းမျိုးလည်း လုံးဝမဟုတ်တန်ရာပေ။ ခေတ်သစ်ပြည်ထောင်စုမြန်မာ နိုင်ငံ၏ အသက်ဝိညဉ်သည် ပင်လုံတွင်သာ ရှိနေရွေ့ဖြစ်ပါသည်။ ပင်လုံ တွင် ဗမာခေါင်းဆောင်ကြီး၊ ဗမာမျိုးချစ် ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ပြည်ထောင်စုသားကြီး ဘ၀ကို ပြတ်ပြတ်သားသားခံယူခဲ့သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း အား ဗမာ အပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့ က ချစ်ခင်လေးစား အားကိုး ယုံကြည်ခဲ့ကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည်မှာ ရာစု နှစ်ထက်ဝက်ကျော်လာခဲ့သည့် တိုင်အောင် ပြည်သူတို့ ၏ နှလုံးသားထဲ တွင် အသက်ရှင်နေဆဲဖြစ်ပါသည်။

• ဗိုလ်ချုပ် ၏ အတွေးအခေါ် တို့သည် လည်း သေမသွားပါ။ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော သူရဲကောင်းတို့ သည် သေရိုးထုံးစံမရှိ။ အသက်ရှင်ဆဲ၊ အားကောင်းဆဲ၊ လှုပ်ရှားနေဆဲဖြစ်သည်။

• ဗိုလ်ချုပ်အောင်ဆန်း နှင့် ပါတ်သက်ပြီး လူကိုသတ်သည်မှာ ဦးစော။ မူကိုသတ်သည်မှာ ဦးချန်ထွန်း။ မူကိုပြောင်းပြန် လှန်ပစ်ခဲ့ သည်မှာ ဦး နု။ ပေါက်စိန် နှင့် ပေါက်ခါ အမြစ်ကိုပါ ခုတ်လှဲ ပစ်ခဲ့သည်က ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ စစ်အုပ်စု။ မြေမြှုပ် သင်္ဂြို ရန် အားထုတ်နေသည်မှာ ဘုရင်ရူး ကြီး ဗိုလ်သန်းရွှေ ဖြစ်သည်။

• ပင်လုံသည် မသေပါ။ ပင်လုံ မသေ သရွေ့ ဒီမိုကရေစီ လဲ မသေပါ။

• ပြည်ထောင်စု မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ဘူမိနက်သန် ပင်လုံ သို့ ဗမာ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူ တို့ မရောက် အရောက် ချီတက်ကြရမည် သာ ဖြစ်ပါသည်။ တပြည်ထောင် ၀ါဒီတို့ ဖန်တီးခဲ့ တည်ဆောက်ခဲ့သည့် လူမျိုးရေးတံတိုင်းများကို ဖြိုချကာ ပြည်ထောင်စုသားများ အဖြစ်ပြန်လည်သွေးစည်း ကြရန် အချိန် ကျရောက် လာပြီဖြစ်သည်။

• လူမျိုးပေါင်းစုံ ပြည်သူများ အနက် ဦးဦးဖျားဖျား ပြည်ထောင်စု သားအဖြစ် ခံယူခဲ့ ကြသူများမှာ ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံ့ဖခင်ကြီး များ ဖြစ်သည်။ ဤ ရှေးဦးပြည်ထောင်စုသားများသည် လူသာသေမည်၊ သူတို့ ၏ အတွေးအခေါ်များ၊ နိုင်ငံရေးမျှော်မှန်းချက် များ သည် သေမည်မဟုတ်ပါ။

• ပင်လုံ ခေတ်မကုန်ဆုံးခဲ့ ဘူးပါ။

• ပင်လုံ လည်းမသေပါ။ တည်ငြိမ်မှု အပြည့်နဲ့ ကျွန်တော်တို့ တတွေ ကို လက်ကမ်းပြီး ကြိုဆိုနေပြီ ဖြစ်ပါတယ်။


ဒီမိုကရေစီပြောင်းပြန် ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်


၈။ “ချင်းလူငယ်များအကြံပေးတင်ပြချက်” ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ်(U Lian Uk) (၁၉၆ဂ)

VansangvaLibrary9 by zogamnuam

ဤစာတမ်းသည် ပါလီမန်ဒီမိုကရေစီ ခေတ် နှင့် ၁၉၆၂ ခု နှစ်တွင် အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီ ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်အောက်တွင် ချင်းဝိသေသတိုင်း ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်တွင် လျစ်လျူရှုခြင်းခံထားရ ပုံ ကို ဖေါ်ပြထားပြီး တပါတီ စနစ် ကိုဖျက်သိမ်း ရန်၊ စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီ စနစ် ကိုကျင့်သုံးပြီး ဖက်ဒရယ်လ် ပြည်ထောင်စု စနစ်အောက်တွင် ချင်း ၀ိသေသတိုင်းအား ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည်အ၀ရှိသော ပြည်နယ် တခု အဖြစ် သတ်မှတ်ရန် တင်ပြ ထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းသို့ ပင်လုံစာချုပ်အားဖြင့် ပူးပေါင်း ပါဝင်လာသည့် ချင်းဝိသေသတိုင်း ၏ လွတ်လပ်ရေး ရပြီး အနှစ် (၂၀) ကျော်ကာလ ဖြတ် သန်းခဲ့ ရသည့် နစ်နာချက်များကို ဖေါ်ထုတ်တင်ပြ ထားသည့် အပြင် တိုင်းပြည်ငြိမ်းချမ်း၊ တိုးတက်ရေး အတွက်အခြေခံရမည့် အခြေခံဥပဒေရေးရာ ဆိုင်ရာ အချက်အလက်များ ကို ချင်းကျောင်းသားခေါင်းဆောင်ဟောင်း / ၁၉၉၀ အရွေးကောက်ခံ အမတ်/ ဥပဒေပညာရှင် ဦးလျန်အုပ် ရေးသားပြုစုခဲ့သောစာတမ်းဖြစ်ပါ သည်။ ဤ “ချင်းလူငယ်များ အကြံပေးတင်ပြချက်” စာတမ်း သည် ၁၉၆၉ တွင် တော်လှန်ရေးကောင်စီ မှ ဖွဲ့စည်း ခဲ့သည့် ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ (သုံးဆယ့်သုံးဦး အဖွဲ့) သို့ ထိုစဉ်ကာလ ချင်းတက္ကသိုလ်ကျောင်းသားများ မှ စုပေါင်း လက်မှတ်ရေးထိုး ကာ တင်သွင်း ခဲ့သော စာတမ်းဖြစ်သည်။ ယင်း ၃၃ ဦး အကြံပေးအဖွဲ့တွင် ထောင်ထဲ မှ ပြန်လွတ်လာသော ၀န်ကြီးချုပ်ဟောင်း ဦး နု နှင့် အခြား သောပါလီမန် အမတ်ဟောင်းများပါဝင်ခဲ့ ပြီး၊ ယင်းအဖွဲ့၏တာဝန်မှာ အာဏာသိမ်း စစ်အစိုးရ / တော်လှန်ရေး ကောင်စီသို့ ပြည်တွင်းညီညွတ်ရေး အတွက် တိုင်း ပြည် ကိုမည်သို့ မည်ပုံ ဆက်လက်အုပ်ချုပ် သင့် ကြောင်း အကြံပေး ရန်ဖြစ်သည်။ ထို့အပြင် ပြည်သူလူထု အနေနှင့် တဦး ခြင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တော်လှန်ရေးကောင်စီ ခေါ် အာဏာသိမ်း စစ်အစိုးရအား ယင်း အကြံပေးအဖွဲ့ ထံမှ တဆင့် အကြံပေးစာများ ပေးပို့ နိုင်ကြောင်း တော်လှန်ရေးကောင်စီ မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမှန် အားဖြင့် ဗိုလ်ချုပ်နေ၀င်း သည် ရှိုးရိုးသားသား အကြံအညဏ်တောင်းခံ လို၍ ဤ အကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်း မဟုတ်ပဲ သူ၏ တပါတီ အာဏာရှင်စနစ် ကို ရေ လိုက်ငါးလိုက်ထောက်ခံမည့် သူ နှင့် သူ့အကြံအစီ သူ့ လမ်းစဉ်များကိုဆန့်ကျင်မည့် သူ များ ကိုခွဲခြားသိလို၍ ကလိမ်ညဏ်ဆင်ခဲ့ ခြင်းသာဖြစ်ပါသည်။ အထူးသဖြင့် ဖက်ဒရယ်လ် မူတင်သွင်းလာမည့် ပုဂ္ဂိုလ်များ ကို ပြစ်မှတ်ထားလို၍ ဖြစ်ကြောင်း ယူဆရပေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ နောက်ပိုင်းတွင် တဖက်သတ် ရေးဆွဲသော ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၇၄) အား အတင်းအဓမ္မ အတည်ပြုရန် အတွက် ၁၉၇၃ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို ကျင်း ပခဲ့ရာ ယင်းမတိုင်မီ ၁၉၇၂ အောက်တိုဘလ မှစပြီး “ဆင်ဖြူတော်စစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံရေး သမားများ ကျောင်း သားများ တထောင်ကျော် ကို တပြည်လုံး အနှံ့ လိုက်လံ ဖမ်းဆီး ခဲ့ ပါသည်။ ချင်းပြည်နယ်မှ ဤ “ချင်းလူငယ်များ အကြံပေးတင်ပြချက်“ ကို လက်မှတ်ရေးထိုးခဲ့ ကြသည့် ချင်း ခေါင်းဆောင်များ၊ ကျောင်းသားများ အပြင် မဆလ ပါတီ၊ စစ်ဖက်အရပ်ဖက်မှ ဖက်ဒရယ်လ်အရေး၊ ချင်းပြည်နယ် အရေး လှုပ်ရှား သူ အမြောက် အမြားသည် လည်း အဖမ်းခံ ခဲ့ကြရ ပါသည်။ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း သည် မိမိတို့ တောင်းဆိုသော ဖက်ဒရယ်လ် ဒီမိုကရေစီ စနစ်ကို လက်မခံသည့် အပြင် မိမိတို့အား ဖမ်းစီး ထောင်ချ မည်ကို ထိုစဉ်က လက်မှတ်ရေးထိုး တင်သွင်းခဲ့ကြသူများ က ကြိုတင် တွက်ဆကြပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ အဖမ်းခံကြရမည်ကို သိလျက် နှင့် ဤစာတမ်း ကို တော်လှန်ရေး ကောင်စီ ထံသို့ တင်သွင်းခဲ့ကြသဖြင့် ရရှိခဲ့သည့် အဖိုးတန်လှသော နိုင်ငံရေး အမြတ် တခု မှာ ဤ “ချုင်းလူငယ်များအကြံပေးတင်ပြချက်“ စာတမ်း အား ချင်း အမျိုးသား များ အကြားတွင် တော်ပေါ်၊ မြေပြန့် ပါမကျန် ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေ နိုင်ခဲ့သဖြင့် မဆလ စစ်အာဏာရှင်ခေတ် တလျောက်လုံးတွင် ချင်း အမျိုးသားများ အတွက် နိုင်ငံရေး အမြင်များ၊ အသိစိတ်ဓါတ်များ နိုးကြားစေခဲ့သည့် အပြင် စစ်အာဏာရှင် စနစ် ၏ သတင်းအမှောင်ချမှု အမျိုးမျိုးကြားမှ ချင်း အမျိုးသား များ ၏ ဖက်ဒရယ်လ် လှုပ်ရှားမှု အတွက် မီးရှူးတစောင် အဖြစ် သမိုင်းတွင် မည့် စာတမ်း တစောင်ဖြစ်လာခဲ့ ကြောင်း ငြင်း ကွယ် ၍ မရပေ။

ချင်းလူငယ် မျိုးဆက်သစ်များအတွက် ဒီမိုကရေစီ မျိုးစေ့ ချပေးခဲ့ သော ဤစာတမ်း ၏ အသီး အပွင့်များ အဖြစ် ယနေ့ ချင်း လူငယ် မျိုးဆက်သစ် တို့ အကြား constitutional democracy ခေါ် စည်းမျည်း ခံ ဒီမိုကရေစီ ဆိုင်ရာ နိုင်ငံရေး အသိပညာ နိုးကြားမှု ကို အားသစ်၊ သွေးသစ် များ လောင်း ကာ ဆက်လက် ရှင်သန်နေသည် မှာ လည်း ထိုစဉ်ကာလ ပေးစပ်မှု များ၏ ရေရှည် နိုင်ငံရေး အကျိုးရလဒ် ဖြစ်ပါသည်။ ခေတ်ရေစီးကြောင်း နှင့် အတူ တိုးတက်ပြောင်းလဲ နေသည့် ယနေ့ခေတ် အယူအဆများ သည် ဤ စာတမ်း ပါ အဆိုပြုချက် အချို့ နှင့် တထပ်ထည်း မကျ တော့သည့် တိုင်အောင် ဤ စာတမ်းသည် ချင်းအမျိုသားတို့ ၏ တန်းတူ သော ပြည်ထောင်စု ထူထောင်ရေးကြိုးပန်းမှုသမိုင်း တွင် အရေးကြီးသော သမိုင်းမှတ်တိုင် တခုဖြစ်ကြောင်း ကိုမူငြင်း ကွယ် ၍ ရမည်မဟုတ်ပေ။ ဤစာတမ်း အားဖြင့် မဆလ တခေတ်လုံး ချင်းလူငယ်နိုင်ငံရေး လှုပ်ရှားမှုများ အတွင်းတွင် ဒီမိုကရေစီနှင့် အခြေခံဥပဒေဆိုင်ရာ အသိပညာ ဖြင့် နိုင်ငံရေးနိုးကြားမှု ကို အထိရောက်ဆုံးမြှင့် တင်ပေးနိုင်ခဲ့ပါသည် မှာ အမှန်ပင်ဖြစ်ပါသည်။ သတင်းများ အမှောင်ချထား၍ အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် မသိလိုက်ရသော ၁၉၆၄ ခုနှစ် နှင့် ၁၉၇၀ ခုနှစ်များ တွင်ပေါ်ပေါက်ခဲ့သော ချင်း အမျိုးသားလက်နက်ကိုင်တော်လှန်ရေး အုံကြွမှုများ ကို ဗိုလ်နေ၀င်း ၏ မဆလ စစ်အစိုးရမှ ထိထိရောက်ရောက် နှိပ်ကွက်နိုင်ခဲ့သော်လည်း ဤ စာတမ်း ငယ် မှ အစပျိုးပေးခဲ့သည့် အကြမ်းမဖက်ပဲ၊ လက်နက်မပါ၊ ငြိမ်းချမ်းစွာဆင်နွှဲခဲ့ သည့် ဒီမိုကရေစီ အသိပညာ တော်လှန်ရေး၊ နှင့် ချင်း အမျိုးသားတို့ ၏ ဖက်ဒရယ်လ် အတွေးအခေါ်လှုပ်ရှားမှုများ ကိုတော့ အမြစ်ပြုတ်အောင် နှိပ်ကွက် ရန် မတတ်စွမ်း နိုင်ခဲ့ ကြပါ။ ဒီမိုကရေစီ အသိပညာ နိုးကြားမှုသည် ချင်းပြည်တွင် ထိုကာလမှစတင် အမြစ်တွယ် လာခဲ့ ခြင်းဖြစ်ပါသည်။ ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေး ကာလတွင် ယင်း မဆလခေတ် မှစတင်ခဲ့သည့် ဒီမိုကရေစီ အသိပညာ နိုးကြားရေးလှုပ်ရှားမှု၏ အသီးအပွင့် များ ကို ချင်းလူငယ်မျိုးဆက်သစ်များ အကြားတွင် ထင်ထင်ရှားရှား မြင်တွေ့လာရခြင်းဖြစ်ပါသည်။
ချင်း ၀ိသေသတိုင်း ဟု ယခင်က ခေါ်ဆိုခဲ့သည့် ယနေ့ချင်းပြည်နယ် သည် ပင်လုံ စာချုပ် ရေးထိုး စဉ်က ပြည်ထောင်စုအတွင်း တွင် ပြည်နယ် ကို ပင် မယူခဲ့ပဲ ဗမာ တို့နှင့် အတူ တိုင်း အဆင့် တွင်ပူးပေါင်းပါဝင်ခဲ့ သည် မှာ ဗိုလ်ချုပ် အောင်ဆန်း အပေါ် တွင် ပုံ အပ်ယုံကြည် ခဲ့ ခြင်းသည် အဓိက အကြောင်းရင်း ဖြစ်ပါသည်။ ထို့ အပြင် ပြည်ထောင်စု နိုင်ငံတော် သစ်တည်ဆောက်ရေး အတွက်လက်မှတ်ရေးထိုးခဲ့သည့် ချင်းအမျိုးသားတို့သည် လွတ်လပ်စ ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ချင်းလူငယ် အမြောက်အမြား စစ်ထဲသို့ခြေစုံပြစ်ဝင်ရောက်ကာ „ရန်ကုန် အစိုးရ“ ဟု ကမ္ဘာ ကသမုတ်ခံရသည့် အဆင့် အထိ ကျဆင်း ခဲ့သော ဦးနု ၏ ပြည်ထောင်စု အစိုးရအား အသက်ပေါင်းမြောက်မြားစွာစတေးပြီး ကာကွယ် ခဲ့ကြသည်ကို သမိုင်းတွင်ဖုံးကွယ်၍ ရမည်မဟုတ်ပေ။ သို့ သော်လည်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံး အပြီး၊ ဖဆပလ ဦးနု ၏ ခေတ်တလျေက်လုံးတွင် ပြည်ထောင်စု မြန်မာ နှိင်ငံ အတွင်းတွင် လျစ်လျူ ရှုထားခြင်း ခံရသော ဒေသတခု ဖြစ်ခဲ့ရသည်။ မိမိတို့ ဒေသ ကို ဗမာ နှင့် တန်းတူ တိုးတက် စေလို၍ ဗမာပြည် မ ၏ တိုင်း အဆင့် တွင်ဝင်ရောက်ပူးပေါင်းခဲ့ သည့် တိုင်အောင် ဗိုလ်ချုပ်ကိုယ်တိုင်ကတိ ပေး ခဲ့သည့် ဗမာပြည်မအတွင်း မှ အခြား တိုင်းများနှင့် တန်းတူရည်တူ အခွင်အရေး များ ကို ပင် မရရှိ ခဲ့ကြပါ။ ပြည်ထောင်စု အတုအယောင် တပြည်ထောင်စနစ်အောက်တွင် မိမိ တို့မျှော်မှန်းခဲ့ကြသည့် အနာဂတ် သည်လည်း ရေစုံမျောခဲ့ရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် တန်းတူရည်တူ ဂုဏ်သိက္ခ ရှိရှိ ပူးပေါင်း ပါဝင်လိုခဲ့ခြင်းဖြစ်သော်လည်း အဆိုးဝါးဆုံး အဆင့် အထိမိမိတို့၏ အမျိုးသားဂုဏ်သက္ခာများ ကျဆင်း ခဲ့ရသည်။

ဗိုလ်ချုပ် အောင်ဆန်း ကိုယ် တိုင် က “မြန်မာများသည် တောင်တန်းဒေသများ အတွက်ပြောဆို ခြင်းမှာ အုပ်ချုပ်စိုးမိုးလို၍ မဟုတ်၊ သို့ရာတွင်တောင်တန်းနယ်များသည် မြန်မာနှင့် တန်းတူအခွင့် အရေး ရစေလိုကြောင်း။ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာကျွန်အဖြစ်မဖြစ်စေရကြောင်း“ ပင်လုံ ညီလာခံတွင်ပြောဆိုခဲ့ ရာ ညီလာခံတက်ရောက်ခဲ့သည့် ချင်းအမျိုးသား ကိုယ်စားလှယ် တို့ ကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြူစင်မှု ကိုအပြည့်အ၀ယုံကြည်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြဌာန်းခဲ့ သည့် အခြေခံ ဥပဒေ ရေးဆွဲရေးဆိုင်ရာ လမ်း ညွှန် ချက် (၇) ချက်တွင်လည်း တိုင်းပြည်၏ အခြေခံ ဥပဒေ သည် ပြည်ထောင်စု မူ ကိုပြဌာန်း ရမည်ဖြစ်ကြောင်း အတိအလင်း ပြဌာန်းခဲ့သည့် အပြင် ယင်းပြဌာန်းချက် နှင့် ပင်လုံစာချုပ်ပါကတိက၀တ် တို့ကိုအခြေခံ ပြီး အခြေခံဥပဒေ ပထမမူကြမ်း ကိုရေးဆွဲရာတွင်လည်း ပြည်နယ် များ နှင့် ချင်းဝိသေသတိုင်းတို့ အတွက် ကိုယ် ပိုင်ပြဌာန်း ခွင့် များကို အတိအလင်း အာမခံထားခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကျ ဆုံးသည့်နောက် တပြည်ထောင်စနစ် ကို ပုံဖေါ်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင်မူ ပြည်ထောင်စု ဟူသော စားလုံး ကို အလှသဘော သာ အသုံး ပြုထားပြီး တိုငိး ရင်းသား လူမျိုးများ အား မျက်စေ့ လှည့် ထားကြောင်း ဤစာတမ်း တွင်ထောက်ပြထားပါသည်။

ပြည်ထောင်စု ဟူသော မြန်မာစကားဝေါ် ဟာရကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုမည်ဆိုလျင် Federal ဟူ၍သာပြန်ဆိုရမည်ဖြစ်ပြီး Federal ပြည်ထောင်စု စနစ်ကိုကျင့် သုံးသော United States of Amaerica ကို မြန်မာလိုရေး သားရာတွင် အမေရိကန်ပြည်ထောင်စု ဟူ၍ ပြန်ဆိုရေးသားကြရ သည်။ သို့ဖြစ်၍ ပြည်ထောင်စု ဟူသောဝေါ် ဟာရ သည် အလှသဘောသာ အသုံးပြု ရန်မဟုတ်ပဲ၊ Federal စနစ် ကို ပုံဖေါ်ပြဌာန်း ကြရမည်သာ ဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင်မူ တန်းတူမှု၊ မျှတမှု မရှိသော တပြည်ထောင် စနစ် ကိုပုံဖေါ်ထားပြီး “ပြည်ထောင်စု” ဟူသော စကား လုံး ဖြင့် မျက်စေ့ လှည့်ကာ အပေါ်ယံ သဘော “တမာ ကို သကာ လောင်းသကဲ့သို့ မမျှတမှု ကိုဖုံးကွယ် ထားခြင်း“ သာဖြစ်ကြောင်း ဤ စာတမ်း တွင်ဖေါ်ထုတ် ဖွင့်ချ ထားပါသည်။ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် အမတ်များ အချိုးအစား မှာ တရားမျှတမှု မရှိကြောင်း၊ ပြည်နယ်များ ၏ မဲ မပါရှိပဲ ပြည်မ မဲသက်သက်ဖြင့် မည်သည့် ဥပဒေ ကိုမဆို လွှတ်တော်တွင် အတည် ပြု နိုင်အောင်လုပ်ထား သဖြင့် ပြည်နယ် များ ၏ အကျိုးစီးပွား ကို ကာကွယ် ရန် မဆိုထားနှင့် ပြည်နယ်များ၏ တည်ရှိမှုကို ပါ လျစ်လျူရှုထားကြောင်း၊ တနည်း အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄ရ) ကို နားလည် နိုင်သည်မှာ ဗိုလ်ချုပ်အောင်ဆန်း ၏ ပြည်သူကို မျက်နှာမူကာ ပြည်သူတရပ်လုံးအတွက် ရေရှည် ကောင်းမွန် တည်မြဲမည့် အမျှော် မြင် ရှိရှိ ရေးဆွဲခဲ့သော အခြေခံဥပဒေ ပထမမူကြမ်း နှင့် လုံးလုံးလျားလျား ဆန့်ကျင်ပြီး၊ ပင်လုံစာချုပ် ပါ သဘောတူညီချက်များ ကို ချိုးဖေါက် ထား ခြင်းဖြစ်ပါသည်။ ဤသို့သောမရိုးမသားလှည့် ကွက်များ သည် ကြာရှည် မခံပါ။ မကြာမီ (၁၀) နှစ်တာ ကာလ တွင် ဤ လှည့်ကွက်များ ဘူးပေါ်သလိုပေါ် လာ ပါတော့ သည်။ ရေတို အမြင်ဖြင့် ပြည်သူကို ကျောခိုင်း ကာ ရေးဆွဲထား သော တပြည်ထောင်စနစ် သာဖြစ် ပါသည်။ ဗမာအပါအ၀င် လူမျိုးပေါင်း စုံပြည်သူ တို့ ဂုဏ်သိက္ခာရှိရှိ အရှေ သဖြင့် ချစ်ချစ်ခင်ခင် နေထိုင် ကြမဲ့ စစ်မှန် တဲ့ ပြည်ထောင်စု မျိုး ကို ရေရှည် အမျှော်အမြင် နဲ့ ရေးဆွဲထားတာမဟုတ်ပါဘူး။

ပြည်ထောင်စုအတွင်းတွင် သီးခြားပြည်နယ် မယူပဲ ဗမာပြည်မအတွင်းရှိ အခြားတိုင်းများနည်းတူ တိုင်းအဆင့်တွင် ပါဝင်ပူးပေါင်းခဲ့သည့် ချင်းဝိသေသတိုင်း တွင် ဖဆပလ ခေတ် တလျောက် တွင် မိမိ တို့ ၏ ဒေသတွင်း ကိစ္စ များ ကို ပြည်မမှ ၀န်ကြီးဌာန များ၏ လက်ထဲတွင် အခြေခံ ဥပဒေ အရ အပ်နှံထားသဖြင့် ချင်းဝိသေသတိုင်း၏ ပညာရေး၊ ကျမ္မာရေး၊ စိုက်ပျိုးရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေး ကိစ္စ အရပ်ရပ်တို့ နှင့် ပါတ်သက်ပြီး ချင်းရေးရာဝန်ကြီး တွင် အာဏာ တစုံတရာ မရှိခဲ့ပေ။ ပြည်နယ် မယူခဲ့သဖြင့် ပြည်နယ် အစိုးရလည်း မရှိခဲ့ သည့် တွက် ကိုယ် ပိုင်အုပ်ချုပ်ရေး လည်းမရှိ၊ အခြားသောဒီမိုကရေစီ ၏ မဏ္ဍိုင် များဖြစ်သည့် ဥပဒေပြဌာန်း နိုင်သည့် ဒေသဆိုင်ရာ ပါလီမန်လည်း မရှိခဲ့၊ တရားရေး ကဏ္ဍ တွင်လည်း အာဏာမရှိခဲ့ပေ။ ဤသည်မှာ “တောင်တန်းဒေသများ ၏ နယ်တွင်း အုပ်ချုပ်ရေး တွင် ယခုရရှိ ခံစား လျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသ တွင်မဆို ပြုလုပ်လိမ့်မည် မဟုတ်။ တောင်တန်းအုပ်ချုပ်ရေး အတွက် နယ်တွင်း အုပ်ချုပ်ရေး တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် လက်ခံသည်။“ ဟူသော ပင်လုံစာချုပ် ပါသဘောတူညီချက် နှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင် ခြင်း ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲ ခဲ့သည့် အခြေခံ ဥပဒေ ပထမ မူကြမ်း တွင် ပါရှိသည့် ပြည်နယ်များ ၏ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့် အားလုံးတို့ကိုလည်း ဦးချန်ထွန်း ပြင်ဆင် ရေးဆွဲ လိုက်သည့် အခြေခံဥပဒေ အရ လုံးဝ ပယ်ဖျက်ထားပြီးဖြစ်သည်။ ချင်းဝီသေသတိုင်း ၏ တိုးတက်ရာတိုးတက်ကြောင်းကို လစ်လျူ ရှုထားခဲ့သည့် ပြည်မမှ ဗမာဝန်ကြီး များ ကို ချင်းပြည်သူ တို့ အနေနှင့် ပြည်သူ့ အာဏာသုံး ကာ မဲမပေး ပဲ ဖြုတ်ချဖို့နေနေသာသာ၊ မည်သည့် ၀န်ကြီး ကချင်းဝိသေသတိုင်း အရေးကိစ္စ များ ကို ကိုင်တွယ်နေသည် ကိုတောင်မသိရပါ။ ထိုဝန်ကြီး များ ကလည်း ချင်းဝိသေသတိုင်း သို့ တကြိမ်းတခါမှ မလာရောက်ခဲ့ဘူး ပဲ၊ ချင်းဝိသေသတိုင်း ၏ အရေးကိစ္စ များ ကို အဝေး မှ စိတ်ထင်သလို ကိုင်တွယ်နေကြခြင်းဖြစ်သည်။ ဤစာတမ်း မှာ ဗမာပြည်မမှ ဗမာ ပြည်သူတို့ ၏ မဲပေးထောက်ခံမှု သည်သာ အခရာဖြစ် ပြီး ချင်းပြည်သူတို့ ၏ ဆန္ဒအစစ် အမှန် ကို လုံးဝလျစ်လျူရှု နိုင်အောင်ဖန်တီးထား သော တမင်းတနိုင်ငံ တပြည်ထောင်စနစ် ၏ ခါးသီး နိမ့်ကျ လွန်းသော ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) ၏ အားနဲချက်များ ကို ဖွင့်ချထားသည့်စာတမ်းဖြစ်ပါသည်။ ပြည်ထောင်စုကြီး ကို နှစိနှစ် ကာကာ ယုံကြည်ပြီး မိမိ၏ ဖဆပလ အစိုးရ နှင့် ပြည်ထောင်စုကြီး မပြိုကွဲရေး အတွက် အသက်စတေး ကာ ကာကွယ်သွားကြသည့် တပ်မတော်တွင်းမှ ရာထောင်မကသော ချင်းစစ်သားများ ကိုပင် မထောက်ထားမညှာ တာပဲ ၀န်ကြီးချုပ်ဦး နုခေတ် တွင် ချင်းပြည်နယ်တွင် ဒီမိုကရေစီ ဆိတ်သုဉ်း အောင်၊ ချင်းအမျိုးသား တို့ ၏ အမျိုးသား ဂုဏ်သိက္ခာ ကို အနိမ့် ဆုံးအထိကျဆင်းအောင်ပြုကျင့် ခဲ့သည်မှာ ယနေ့ ဗိုလ် သန်းရွှေ ဦးဆောင်သည့် စစ်အုပ်စုတို့ က ကျေးဇူးရှင် မိဘ ပြည်သူ ကို မညှာမတာရက်စက်ကာ ဗမာ့ အမျိုးသားဂုဏ်သိက္ခ ကိုညှိး ငယ်စေသည့် လုပ်ရပ်များ လုပ်လာနိုင်ရန် အတွက် နည်းပေးလမ်းပြ အစပျိုးပေးခဲ့ သကဲ့သို့ဖြစ်နေပါတော့သည်။ လူမျိုး တမျိုးသည် အခြားလူမျိုးငယ်များ ကို မတရား ဖိနှိပ် အနိုင်ကျင့် ခြင်းအားဖြင့် မိမိ၏ လူမျိုးသည် ဂုဏ်သရေမြင့်တက်လာမည်မဟုတ်ပဲ၊ ကြီးသည်ငယ်သည် မခွဲခြားပဲ တန်းတူရည်တူ ဒီမိုကရေစီ စနစ်အောက် တွင် အတူတကွ လွတ်လပ်ပြီး၊ အတူတကွ တိုးတက်ပါမှ ဗမာအပါအ၀င် လူမျိုးပေါင်းစုံပြည်ထောင်စု သားများ ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ ရင်ဘောင်တန်း နိုင်မည် ကို ယုံကြည်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ အတွေးအခေါ် အမျှော် အမြင် များ ကို ကျောခိုင်းခဲ့ကြသဖြင့် ကမ္ဘာ့ အနိမ်ကျဆုံး၊ အဆင်းရဲ ဆုံး နိုင်ငံ ဘ၀တွင် အဆုံးသပ်ခဲ့ကြရသည် ကို နောင်မျိုးဆက်သစ် မြန်မာလူငယ် တို့ အနေနှင့် ကျွန်တော်တို့ ၏ ခါးသီး လွန်းလှ သည့်အတိတ် သမိုင်းထဲမှ သင်ခန်းစာယူ ကြရတော့မည်ဖြစ်ပါသည်။
ချင်းလူငယ်များ အကြံပေးတင်ပြချက် ပါအရေး ကြီးသော အခြားအချက်အလက်များ ကို ဆက်လက်ဖတ်ရှု နိုင်ရန် ဤ၀က်ဆိုက်တွင်တင်ထားပါသည်။ ဆက်လက်ဖတ် ရှုကြပါရန် တိုက်တွန်း အပ်ပါသည်။ ဖဆပလ ခေတ် အပါ အ၀င် ဗိုလ်ချုပ်နေ၀င်း ၏ တော်လှန်ရေးကောင်စီ လက်အောက် ဖြစ်သော မဆလ ခေတ် တွင်ကြုံတွေ့ ဖြတ်သန်း ခဲ့ ရသည့် ချင်းဝိသေသတိုင်း ၏ နစ်နာချက်များ နှင့် တပါတီ အာဏာ ရှင်စနစ် ၏ ဆိုးကျိုးများ စသည် ဖြင့် ရဲရဲ ၀န့်ဝန့် ထောက်ပြဝေဖန်ထား ပါသည်။


8. “ချင်းလူငယ်များအကြံပေးတင်ပြချက်” ချင်းကျောင်းသားခေါင်းဆောင်ဟောင်း /၁၉၉၀ အရွေးကောက်ခံ အမတ် ဦးလျန်အုပ်(U Lian Uk) – ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၉။ ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။
ချင်းမဂ္ဂဇင်း၊ တက္ကသိုလ်များ – ရန်ကုန် (၁၉ဂ၂ – ၁၉ဂ၃)

VSVLibrary by vansangva

လွတ်လပ်ရေး ကို အရယူပေး ခဲ့သည့် ပင်လုံ ကတိက၀တ်တို့ ကိုချိုးဖေါက်ကာ လွတ်လပ်ရေး ရသည်မှ စ၍ ပင်လုံကိုကျောခိုင်းခဲ့ ကြသည်။ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြသည့် တိုင်းရင်းသား လူမျိုး များ အနက် ရှမ်းပြည်နယ် မှ ဦးထွန်းမြင့်၊ ကချင်ပြည်နယ်မှ ဦးဇန်ထားရှင်၊ ချင်းပြည်နယ်မှ ဦး လျန်အုပ် စသည့် တို့ မှ အထက်ဖေါ်ပြပြီးဖြစ်သည့် စာတမ်းများအား ဖြင့် ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄ရ) ၏ အားနဲချက်များ ကို ထုတ် ဖေါ် ဖွင့် ချ ခဲ့သည်။ ယင်းသို့ ပင်လုံ စာချုပ်ဝင် တိုင်းရင်းသား များ ၏ ခေါင်းဆောင်များ မှ တိုင်းပြည်ကို တင်ပြချက် များ ကို ဖေါ်ပြပြီး ဖြစ်သဖြင့် ပင်လုံစာချုပ် ၀င် ဗမာ အမျိုးသား ထဲ မှ ပြည်ထောင်စု နှင့် ပတ်သက်၍ သဘောထား အမြင် ထုတ်ဖေါ်ချက် တခုကိုဆက်လက် တင်ပြပါမည်။

ပင်လုံစာချုပ်ဝင် ဗမာတိုင်းရင်းသား လူမျိုး များအပေါ်တွင် အခြား တိုင်းရင်းသားလူမျိုး များ အနေနှင့် နိုင်ငံရေး အရ ကြီးကြီး မားမား အမြင်စောင်းခဲ့ သည်။ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်မြောက်ရေး တော်လှန်ရေး တိုက်ပွဲ သမိုင်းတလျောက် တွင် ဗမာ အပါအ၀င် တိုင်းရင်းသားလူမျိုး များ အားလုံး ၏ သွေးစည်းညီညွတ် ရေး ကို ပြန်လည် တည်ဆောက် ရန် နက်နက် ရှိုင်းရှိုင်း အဟန့် အတား ပြုခဲ့ သည့် အချက်၊ အမြင်စောင်းခဲ့သည့် အချက် မှာ ပြည်ထောင်စု ဟူသော ဝေါ်ဟာရ အပေါ် နားလည် သဘော ပေါက်ပုံ ချင်း မတူညီ ခဲ့ကြ သည့် အချက်ဖြစ်ပါသည်။ ယ္ခု တင်ပြ မည့် ဆောင်းပါးတိုလေးသည် အဖိနှိပ်ခံ ဗမာ နှင့် အခြား တိုင်းရင်း သား လူမျိုးများ အကြား၊ ပြည်သူ အချင်းချင်း ကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို တနည်းတဖုံ အထောက်အကူပြု နိုင်လိမ့်မည်ဟု ရိုးသားစွာ ယုံကြည် ပါသည်။

ယခု Vansangva စာကြည့်တိုက် တွင် တင်ပေးလိုက် သည့် ဆောင်းပါးမှာ စာဆိုတော်ကြီး ဆရာကြီးဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ” ဆောင်းပါး ဖြစ်ပါသည်။ ဤ ဆောင်းပါး သည် ချင်းစာပေ နှင့် ယဉ်ကျေးမှုကော်မီတီ တက္ကသိုလ်များ – ရန်ကုန် မှ (၁၉ဂ၂ – ၁၉ဂ၃) ခုနှစ် တွင်ထုတ်ဝေ ခဲ့သည့် ချင်းမဂ္ဂဇင်း အတွက် ထိုကာလ ချင်းကျောင်းသား ခေါင်းဆောင် များ က ဆောင်းပါး စာမူ တောင်းခံရာ မှ ရေးသား ပေးပို့ ခဲ့ သည့်ဆောင်းပါးဖြစ်ပါသည်။ ဤဆောင်းပါးသည် ပြည်ထောင်စုမြန်မာ နိုင်ငံ အခြေခံဥပဒေ(၁၉၄ရ) ၏ အားနဲ ချက်များ ကို တိုက်ရိုက်ကျကျ ဖေါ် ထုတ်သည့်ဆောင်းပါး မဟုတ် သည့် တိုင်အောင် စစ်မှန်သောပြည်ထောင်စု ကို အမှန်တကယ် ယုံကြည်သည့် ဗမာ စာရေး ဆရာ တဦး၏ ပြည်ထောင်စု နှင့် ပတ်သက်၍ သဘောထား အမြင်များဖြစ်သဖြင့် ပြည်ထောင်မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄ရ) ၏ အားနဲချက်များ ကို သွယ်သိုက်သော အားဖြင့် တင်ပြချက် အဖြစ် သဘောထားနိုင်ကြောင်း ဆောင်းပါး ပါ အချက်အလက်များ ကသက်သေ ထူနိုင် ပေလိမ့်မည်။

တက္ကသိုလ် ချင်းမဂ္ဂဇင်း များမကြာ ခဏဆိုသလို ထုတ်ဝေခဲ့ကြသည်။ သို့သော်လည်း ယ္ခု ကဲ့သို့ ဗမာ စာရေးဆရာ အကျော် အမော် ကြီးများ ထံမှ စာမူတောင်းခံ ခြင်း မရှိခဲ့သလောက် ပင်ဖြစ် သည်။ ချင်းရေးရာ ကိစ္စ များကိုသာ ဇောင်းပေး ဖေါ်ပြသည့် မဂ္ဂဇင်းဖြစ် သည်က တကြောင်း ဖြစ် ပါလိမ့် မည်။ သို့ရာ တွင် ဆရာကြီး ဒဂုန်တာရာ ကိုမှ ရွေးပြီး (၁၉ဂ၂ – ၁၉ဂ၃) ခုနှစ် တွင်ထုတ်ဝေ ခဲ့သည့် ချင်းမဂ္ဂဇင်း အတွက် စာမူတောင်းခံ ခဲ့သည်မှာ လေးနက်သော အကြောင်း များရှိပါသည်။

ပြည်ထောင်စု မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ခေတ် များတွင် ပုဂ္ဂလိက ပိုင်မီဒီယာ ကြီးများက ဖြစ်စေ၊ ခေတ် အဆက်ဆက် အုပ်စိုးသူ အစိုးရ ပိုင် မီဒီယာ ကြီးများ ကဖြစ်စေ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း များ ကို ဖေါ်ပြရာ တွင် သောင်းကျန်းသူ အဖျက်သမား များ အဖြစ် ဖေါ်ပြလေ့ရှိသော်လည်း ဆရာကြီး ဒဂုန်တာရာ သည် တမူထူးခြားစွာ ယင်း သို့သော အသုံး အနှံး တို့ ကို ရှောင်ရှား ခဲ့ ရုံ မက “တိုင်းရင်းသား လူမျိုးများ သည် မိမိတို့ ၏ အမျိုးသား အခွင့် အရေးများ ကို ဆုံးရှုံး ခဲ့ ကြသဖြင့် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ များ ကို ဆင်နွှဲ နေကြောင်း” စသည်ဖြင့် အလျဉ်း သင့်သလို ဖေါ်ပြ လေ့ရှိသည် ကို ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးများ အနေနှင့် သတိပြုမိခဲ့ကြပါသည်။ ဆရာကြီး ဒဂုန်တာယာ သည် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေး များကို ဖေါ်ပြရာတွင် ခွဲထွက်ရေးသမားများ ဟူ၍လည်း မသုံးနှံးခဲ့ဘူးပါ။

ဆရာကြီး ဒဂုန်တာယာ သည် ပြည်ထောင်စု ဟူသော ဝေါဟာရ စကားလုံး ၏ အဓိပ္ပါယ် အတိုင်း လက်တွေ့ ကျင့် သုံး မှ သာလျင် အဓိပ္ပါယ် ရှိမည် ဖြစ် ကြောင်း ဤ ဆောင်းပါးတွင် ပွင့်ပွင့် လင်းလင်း ရေးသားဖေါ် ထုတ်ထား ပါသည်။ ပြည်ထောင်စု အဖွဲ့ ၀င် ပြည်ထောင် များ သည် လွတ်လပ်ကြရမည်။ လွတ်လပ်သော လူမျိုး ဟူသည် နယ်မြေသတ်သတ်မှတ်မှတ်ရှိ သော State ခေါ် ပြည်နယ် ရှိကြရမည်။ လွတ်လပ် သော လူမျိုး များတွင် အစိုးရ ရှိရပေမည်။ လွတ်လပ်သော လူမျိုးများ၊ လွတ်လပ်သော ပြည်နယ်များ သို့မဟုတ် States (နိုင်ငံတော်များ) စုပေါင်း ထားသော တိုင်းပြည် ကို ပြည်ထောင်စု ဟုခေါ်သည်။ ပြည်ထောင်စု စနစ် ဟူသည်မှာ စုပေါင်း နိုင်ငံတော် စနစ်ဖြစ်သည်။ ဆရာ ကြီးး ဒဂုန်တာယာ က ပြည်ထောင်စု ကို ဤ သို့နားလည်သည်။

အမှန်ပြောရလျင် ပြည်ထောင်စု ၏ အဓိပ္ပါယ် အတိုင်း၊ လက်တွေ့ မကျင့် သုံး ပဲ၊ ပြည်ထောင်စု ကို ဆန့်ကျင်သည့် ဒီမိုကရေစီ ကို ဆန့် ကျင်သည့် မူဝါဒ စနစ်ဆိုးများ ဖြင့် တိုင်းပြည်ကို အုပ်ချုပ် လာလျင် အဖိနှိပ်ခံပြည်သူများ က မိမိတို့ ၏ မွေးရာပါ လူ့ အခွင့် အရေး များ၊ အမျိုးသား အခွင့် အရေးများ၊ မရှိတော့ သည့် အဆုံးတွင် ဗမာ အပါအ၀င် တိုင်းရင်းသား လူမျိုး များ၊ ကျောင်းသားများ၊ အလုပ်သမား လယ်သမား များ၊ ရဟန်း သံဃာ များ သည် ယင်း စနစ်ဆိုး မှ လမ်းခွဲ ဖို့ ကြိုးစားကာ တော်လှန် ပုန်ကန် ကြသည် ချည်းဖြစ်ပါသည်။ ဤသဘောတရား ကို အခြေခံ ကျကျ နားလည်ယုံ ကြည်သူတဦး ပီပီ လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်ကြသည်ကို ဘယ်အဖွဲ့ ကတော့ ဖြင့် အဖျက်သမား များ၊ မည်သူတွေ ကတော့ ဖြင့် ခွဲထွက်ရေး သမား များ ဟူ၍ ရေးကြီးခွင်ကျယ် လုပ်ကာ အများ နှင့် သံယောင်လိုက်ကာ ရှုံ့ချရေးသားခြင်း အလျင်းမပြုခဲ့ သူမှာ ဆရာကြီး ဒဂုန်တာယာ ဖြစ်ပေသည်။

ချင်းကျောင်းသား ခေါင်း ဆောင်များ က ဆရာကြီးအား စာမူတောင်းခံခဲ့စဉ် က ဆရာကြီးကိုယ်တိုင်ပြောခဲ့သည်မှာ “ပြည်ထောင်စု နဲ့ ပါတ်သက်ပြီး ကျနော့ အမြင်တွေကို ဗမာ အများစု ကလက်မခံကြဘူးဗျ၊ ပြည်ထောင်စု အကြောင်းကို ကျနော်ရေးမယ် ဗျာ၊ စစ် အစိုးရကလည်း ကြိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော် လွတ်အောင်ရေးမယ်” ဟူ၍ ဖြစ်ပါသည်။ ဤ သို့ပြောကြားခဲ့သည့် အတိုင်း ၀ါရင့် စာရေး ဆရာကြီး တဦး ပီပီ စစ်အစိုးရ၏ ဆင်စာ အဖြတ်အတောက်ကို လွတ်အောင် ရေးသားနိုင်ခဲ့သည်။ ထိုကာလ သည် ဗိုလ်နေ၀င်း မဆလ စစ်အစိုးရ က ဖက်ဒရယ် ပူးပေါင်း ရေး မူ ကို ခွဲထွက်ရေး မူ အဖြစ် ပိုင်ပိုင် နိုင်နိုင် လိမ်ညာ မှိုင်းတိုက် နိုင် ခဲ့သည့် ကာလဖြစ်ပေသည်။ ထိုကာလ လက်ဝဲလက်ယာ ဗမာနိုင်ငံရေးသမား အများစုကြီး ကလည်း ဗိုလ်နေ၀င်း ၏ မှိုင်းများ မိကာ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် မူ ဆိုသည် ကို ကြားရုံ နှင့် နောက်တွန့် နေကြ သည့် ကာလတွင် ဆရာကြီး ဒဂုန်တာယာ သည် ပြည်ထောင်စု စစ်စစ် မူကိုယုံကြည် လက်ခံ ပြီး အတွေးအခေါ် အရ လွတ်မြောက်သူတဦး ဖြစ်ကြောင်း၊ ဗိုလ်နေ၀င်း ၏ မှိုင်းမိ နေသူ တဦး မဟုတ် ကြောင်း၊ တိုင်းရင်းသား လူမျိုးများ ၏ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ များ ကို ထောက်ခံသူတဦး ဖြစ်ကြောင်း၊ ဆရာကြီး ၏ ဆောင်းပါး များ ကိုဖတ်ရှု ပြီး၊ သူ၏ ဝေါဟာ ရ အ သုံးနှံး များ အရ သိရှိခဲ့ကြပြီး ဖြစ်သဖြင့် စာမူ တောင်း ခံခဲ့ သည့် ချင်းကျောင်းသားများ သည် ဆရာကြီးပြော လိုက်သော စကား ကိုကြား လိုက်ရသဖြင့် အားတက်ဝမ်းမြောက်ခဲ့ကြရသည်။ သူတို့ တမ်းတသည့် ပြည်ထောင်စု သားကြီးတဦး ကို ကိုယ်တိုင် တွေ့ခဲ့ရ သည့် အပြင်၊ စစ်မှန်သောပြည်ထောင်စု ကို ယုံကြည် သူ တဦး ၏ ကိုယ် တိုင်ပြောကြား လိုက်သောစကား ကို နားနှင့်စပ်စပ်ကြား လိုက် ရသည် ဖြစ်သဖြင့် ဆရာကြီးအပေါ် ပို၍ ပင် ကြည်ညို လေးစားခဲ့ကြ ရသည်။ ဆရာကြီး ကို လည်း ဗမာ လူမျိုးများထဲတွင် ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ လေးစား ထိုက်သော ထူးခြား၊ ရှားပါး သည့် ပုဂ္ဂိုလ် တဦး အဖြစ်မြင်ခဲ့ ကြ ခြင်းဖြစ်သည်။

စာဆိုတော် ကြီး ဆရာကြီး ဒဂုန်တာယာ ကို မြန်မာပြည်သူတွေ အားလုံး ကလေးစားကြပါ သည်။ သူ့ စာပေကိုလေးစားသလို သူ့ အတွေးအခေါ်၊ သူ့ ယု့ကြည်ချက် တွေ ကိုလည်း လေးစားကြပါ ရန် တိုက်တွန်း လိုပါ သည်။ ဒီဆောင်းပါး တိုလေးကိုရေးသား စဉ် ကာလက ဆရာကြီး ၏ ပြည်ထောင်စု အတွေး အခေါ် သည် အထူးသဖြင့် ဗမာ နိုင်ငံရေးသမားများ လောက တွင် သူကိုယ်တိုင် ထုတ်ဖေါ် ပြောကြားခဲ့သည့် အတိုင်း အင်မတန်မှ အထီးကျန် သည့် အမြင် တခုဖြစ်ခဲ့ပါသည်။ ဒီနေ့ ဆရာကြီး တွေးသလို တွေး နေ သည့် မြန်မာ လူငယ်မျိုး ဆက်သစ် အမြောက် အမြား ရှိလာ ကြပြီ ဖြစ်သည်။ ဆရာကြီး ၏ အယူ အဆ များသည် အထီးကျန်လှ သည့် အယူအဆ မဟုတ် တော့ပါ။ အများပြည်သူတို့ လက်ခံနိုင်သည့် အယူ အဆများဖြစ်လာပြီဖြစ်သည်။ ဤ အချက်သည် ပင်လျင် အမှန်တရား ဟူသည် ဖုံးကွယ်၍ မရ ဟုပြောစမတ်ရှိသည် ကို လက်တွေ့ သက်သေ ထူလိုက် ခြင်း လည်းဖြစ်ပါသည်။ သို့သော် သူ ၏ ပြည်ထောင်စု အတွေးအခေါ် ကို ဒီထက်မက ပြည်သူ များ ထဲ တွင် ကျယ်ကျာ်ပြန့် ပြန့် ပြန့်ပွားအောင် လုပ်ကြရ ဦး မည်ဖြစ်သည်။ ဤ သို့ ဖြစ်လာအောင် ယ္ခုကို စလုပ်ကြရမှာ ဖြစ်သည်။ ကွန်တော်တို့ အားလုံး အတူတကွ တခုတည်းသော အနာဂတ်ကို ယုံကြည်လာ ကြသည့် အချိန် တွင် ပြည်ထောင်စု တခုလုံး အတွက် ပြည်သူတွေအား လုံး တပြိုင်နက် တွေး ခေါ် ယုံကြည် လာ ကြသည့် အခါ တွင် နေရာ၊ ဒေသ၊ လူမျိုး ၊ ဘာသာ ကွဲပြားမှု၊ အတွေးအခေါ် မတူညီမှု၊ ယုံကြည်ချက်ကွဲပြားမှု၊ အနာဂတ် ဦး တည်ချက်များ ကွဲပြားမှု တည်းဟူသော တံတိုင်း များ သည် စတင် ပြို လဲ လာမှာ ဖြစ်ပြီး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတို့ အကြား အယူအဆကွဲပြားမှုများ ကို အားပြုကာ တည်ဆောက်လာခဲ့သည့် ဗမာစစ် အာဏာ ရှင် တို့ ၏ သွေးခွဲ အာပ်ချုပ်ရေး မဟာ စီမံကိန်း တို့သည် လည်း အားအင်ချိနဲ့လာမည်ဖြစ်သည်။ ဗမာအပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူ တို့ ၏ အနာဂတ် သည်လည်း တောက်ပြောင် လာပါ လိမ့်မည်။ တဦးချင်း၊ ဒေသအလိုက်၊ လူမျိုး အလိုက် ရုန်းကန်လှုပ်ရှားမှု များသည်လည်း ပြည်ထောင်စု တခုလုံး၏ စွမ်း အားများ ဖြစ် လာပေလိမ့် မည်။

စစ်ကျွန်ဘ၀ မှ လွတ်မြောက်လိုလျင် လွတ်မြောက်ရေး နှင့် ထိုက်တန်သည့် လွတ်မြောက်သော အတွေး အခေါ် တို့ကို ဆွဲ ကိုင်ကြရပေမည်။ လူမျိုး တမျိုး နှင့် တမျိုး နိုင်ထက်စီးနင်း ပြု ကျင့် ကာ ကျွန်ပြုလိုသည့် တပြည်ထောင် အတွေးအခေါ် ဟောင်း တို့ ကို စွန့် လွှတ် ကာ ကျွန်စိတ်၊ ကျွန်နံ့ ကင်းစင်သည့် လွတ်မြောက်သော အတွေးအခေါ် တို့ကို ဆွဲကိုင်နိုင်မှသာလျင် ဗမာ အပါအ၀င် လူမျိုးပေါင်းစုံ ပြည်သူ တို့ အားလုံး လွတ်မြောက် ကြပေမည်။ စစ်အာဏာ ကိုဖယ်ရှား ရုံ သက်သက် နှင့် တော့ လွတ်မြောက်သွားကြဦးမည်မဟုတ်ပါ။ တန်းတူရည်တူ လွတ်လပ်သည့် ပြည်နယ်များ၊ ဒီမိုကရေစီ အသီးအပွင့် များ၊ လွတ်လပ်ရေး ၏ အသီးအပွင့် များ ကို တန်းတူရည်တူ ခံစားကြရသည့် လူမျိုးများ ဖြင့် ဖွဲ့ စည်း ထားသော ပြည်ထောင်စု ကို ထူထောင် ရန် နက်နက် ရှိုင်းရှိုင်း သန္တိဌာန် ချနိုင်ကြပါမှ ရေရှည် တွင် ဗမာလူမျိုး အတွက်ရော၊ တိုင်းရင်းသားလူမျိုး အသီးသီး အတွက်ပါ လုံခြုံ စိတ်ချရသည့် ငြိမ်းချမ်း သည့် ပြည်ထောင်စု နိုင်ငံ သစ်တခုကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။

ဆရာ ကြီး ဒဂုန်တာယာ ၏ လွတ်မြောက်သော ပြည်ထောင်စု အမြင်ကို ဤ Vansangva စာကြည့် တိုက်၊ “ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး သမိုင်းဝင် မှတ်တမ်းများ” – Historical Documents on the making of a new democratic Nation – the Union of Burma ၏ လက်ရွေးစဉ် မှတ်တမ်း တခုအဖြစ် တင်ဆက်လိုက်ပါသည်။

ဆရာကြီး ဒဂုန်တာယာ ကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာ ပြီး အသက်ရာကျော် ရှည်ပါစေကြောင်း ကျွန်တော်များ Vansangva ၀ိုင်းတော်သားများ က အလေးအနက် မေတ္တာ ပို့ ဆုမွန်ကောင်းများ တောင်း လိုက်ပါသည်။

ဒဂုန်တာရာ ၏ “အောက်ချင်းငှက်တေးသံ”ဆောင်းပါး။ ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

၁၀။ “ဖက်ဒရယ်လ်”။ “Federal”
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး(All Burma Students Democratic Front)
ဗဟိုကော်မီတီ ဌာနချုပ် (ဒေါင်းဂွင်) မှ ထုတ်ဝေဖြန့်ချီ သည်။ (၁၉၉၄ မေလ)

VSVLibrary11 by VanSangVa

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မီတီ ဌာနချုပ် (ဒေါင်းဂွင်) မှ ၁၉၉၄ မေလ တွင် ထုတ်ဝေဖြန့်ချီ ခဲ့ သည့် ဖက်ဒရယ်လ် Federal စာတမ်း ကို ယ္ခု ကျွန်တော်များ Vansangva စာကြည့်တိုက်တွင် အများပြည်သူတို့ လေ့လာ ဖတ်ရှု နိုင်ရန် တင်ဆက်လိုက်ပါသည်။ တိုင်း ရင်းသား လူမျိုးများရော ပြွမ်း နေထိုင်သော နိုင်ငံတခု အဖို့ ၄င်း နှင့် ကိုက်ညီသော နိုင်ငံရေး စနစ်တရပ် မဖေါ်ဆောင်နိုင် ခြင်း သည် ကျွန်တော်တို့ နိုင်ငံ၏ ရှည်ကြာသော ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းများ တွင် နက်ရှိုင်း စွာပါဝင်နေ ကြောင်း ဖေါ်ပြကာ စာတမ်း ၏ နိဒါန်းတွင်အစပျိုးထားပါသည်။ ပြည်တွင်းစစ် ကို အဆုံးသတ်ရေး မှာ တိုင်းရင်းသားလူမျိုး အသီးသီး ၏ အခွင့် အရေးများ အာမခံချက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်လ် ပြည်ထောင်စု တည်ဆောက်ရေး သည် အရေးကြီးကြောင်းစသည်ဖြင့်ဖေါ်ပြထားသည်။

နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးများ အောင်ပွဲခံ၍ လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းတွင် လွတ်လပ်ရေး အတွက် ကြိုးပမ်း တိုက်ပွဲ ၀င်ခဲ့ကြသည့် ဗမာ့ တပ်မတော်မှ တပ်ရင်းအချို့၊ ရဲဘော် သုံးကျိပ် ၀င် အချို့နှင့် သမိုင်းဝင် ပုဂ္ဂိုလ်၊ ခေါင်းဆောင်ပိုင်း တော်တော် များများ တို့သည် လည်း ဗဟို အစိုးရ ကို အကြောင်း အမျိုးမျိုး၊ အခြေအနေ အမျိုးမျိုး၊ အချိန် ကာလ အမျိုးမျိုး တွင် လက်နက်စွဲ ကိုင်ကာ တော်လှန် ပုန်ကန်ခဲ့ ကြ သည်။ လွတ်လပ်ရေး တိုက်ပွဲ တွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြသည့် သခင်သန်းထွန်း ဦးဆောင်သော အလံဖြူ ကွန်မြူနစ်ပါတီ၊ သခင်စိုးဦးဆောင်သော အလံနီ ကွန်မြူနစ်ပါတီ တို့တောခိုခဲ့ကြသည့် အပြင်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ ရဲဘော် အဖွဲ့ မှ ကွန်မြူနစ် ကို ထောက်ခံသည့် ဗိုလ်လရောင် ဦးဆောင် သော ရဲဘော်ဖြူ အဖွဲ့ သည်လည်း တောခိုခဲ့ ကြသည်။ ယနေ့ ရာစု နှစ် ထက်ဝက်ကျော် ရှည်ကြာ ခဲ့ပြီ ဖြစ်သော ယင်း ပြည်တွင်းစစ် ၏ ပထမ ပိုင်း ကာလ ကို ”ရောင်စုံသူပုန်ခေတ်” ဟူ၍ ပင် ခေါ်ယူရသော ခေတ် တခေတ် ကို ဖြတ်သန်း ခဲ့ကြရသည်။

ယင်း ပြည်တွင်းစစ် အစပိုင်း ရောင်စုံသူပုန် ခေတ် တွင် ၀န်ကြီးချုပ် ဦးနု ၏ ဖဆပလ အစိုးရသည် ဗဟို အစိုးရဖြစ်ခဲ့ သော်လည်း ဗိုလ်နေ၀င်း ဦးဆောင်သော စစ်တပ်က ၁၉၆၂ ခုနှစ် တွင် တိုင်းပြည်အာဏာ ကိုသိမ်းခဲ့ ပြီး နောက် မဆလ ခေတ်တွင် ၀န်းကြီးချုပ်ဟောင်း ဦးနု ကိုယ်တိုင် မဆလ ဗဟိုအစိုး ရ ကို လက်နက်စွဲကိုင် တော်လှန် ရန် တောခိုခဲ့ပြန်သည်။ ထိုခေတ် ထိုကာလ လက်နက်စွဲကိုင်ကာ ဗဟို အစိုးရ အဆက်ဆက် ကိုတော်လှန်ပုန် ကန်ခဲ့ ကြသည့် ခေါင်းဆောင် များသည် ပါတီတွင်း ပဋိပက္ခ များတွင် အချင်းချင်း ဖြုတ်၊ ထုတ်၊ သတ် ကာ တောတွင်း တွင် အသတ်ခံရသူက အသတ်ခံကြရသည်၊ တချို့ လည်း အစိုးရထံ အညံ့ခံ လက်နက်ချ ၀င်ရောက်သူက၀င်ရောက်၊ တောတွင်းအာဏာ သိမ်းမှု ကိုခံရ သူခံရ၊ စစ် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကိုလက်ခံ ကာ ပြည်တော်ပြန် သူကပြန်၊ အဝေးရောက် ဘ၀ နှင့် ဇာတ် သိမ်းသူက ဇာတ်သိမ်း ဖြင့် သူတို့ ၏ ဘ၀များ အဆုံးသတ် ခဲ့ကြသည်။ ဤသို့ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက်ကြိုးပန်း ခဲ့ကြ သည့် တိုင်း ပြည်၏ အထင်ကရ နိုင်ငံရေး ခေါင်းဆောင် အမြောက်အမြား သည် အကြောင်း အမျိုးမျိုး ကြောင့် ဗဟို အစိုးရ ကို လက်နက်စွဲ ကိုင် တော်လှန် ပုန်ကန် ကာ တောခိုခဲ့ကြသော်လည်း မိမိတို့ ပါတီ အသီးသီး ၏ မျှော်မှန်း ချက် ပန်းတိုင် များ ကိုမရောက် နိုင် ခဲ့ ကြပေ။ သူတို့ဖွဲ့ စည်းခဲ့သည့် နိုင်ငံရေးပါတီ များနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ သည် လည်း တိမ်ကောပျောက်ကွယ် သွားခဲံကြသည်။

”ရောင်စုံသူပုန်ခေတ်” မှ စ၍ လူတန်းစား လွတ်မြောက်ရေး တိုက်ပွဲ ကိုဆင်နွှဲခဲ့ကြသည့် အဖွဲ့ အစည်းများသည် ၄င်း၊ မိမိ ကိုယ်တိုင် စွန့်လွှတ်ခဲ့ရ သည့် တိုင်းပြည်အာဏာ ကို ပြန်လည်ရရှိရေးအတွက် တိုက်ပွဲ ၀င်ခဲ့ သည့် ၀န်ကြီးချုပ်ဟောင်း ဦးနု ၏ ၁၉၇၀ ခုနှစ် ကာလ လက်နက်ကိုင်တော်လှန်ရေး တို့ သည်၎င်း၊ ပြည်ပ လက်ဝဲလက်ယာ နိုင်ငံ များ မှ ငွေကြေးလက်နက်၊ ရုပ်ဝတ္ထု ပစ္စည်း အကူအညီ အမြောက်အ များ ရရှိခဲ့ ကြဘူး သည့် တိုင်အောင် တော်လှန်ရေး လမ်းခုလတ် တွင် တနည်းမဟုတ်တနည်း ဇတ်သိမ်း ခဲ့ကြ ရ ပေသည်။ ယင်းကာလ များ ၏ တော်လှန်ရေး အဆင့်ဆင့် တို့တွင် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ များကို ဆင်နွှဲ ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ နှင့်လည်း ဘုံရန်သူ ဗဟိုအစိုး ရကို အနိုင် တိုက် ရန် မဟာမိတ် အသွင် နှင့် တမျိုး၊ နိုင်ငံရေး အရ အကျိုးတူ ဖွဲ့စည်း သည့် တပ်ဦး အသွင် နှင့် တဖုံ ပူးပေါင်း ခဲ့ ကြဘူးသော်လည်း၊ စစ်မှန်၍ ထာဝရ ငြိမ်းချမ်းသော ဖက်ဒရယ်လ်ပြည်ထောင်စု နိုင်ငံပြန်လည်ထူထောင်ရေး ဟူသည့် “တူညီ၍ ရှင်းလင်း ပြတ်သားသော ဘုံ အနာဂတ်ရည်မှန်း ချက်” တို့ ကို ခိုင်ခိုင်မာမာ မချမှတ် နိုင်ခဲ့ ကြသဖြင့် ယင်း ပူးပေါင်းမှု တို့သည်လည်း ရေရှည် မခံခဲ့ကြပေ။ အကွဲ အပြဲများ နှင့်သာ ဇတ်သိမ်းခဲ့ကြရသည်။ စစ်အုပ်စု သည်သာ တန်ခိုးအာဏာ ကြီးထွား သထက် ကြီးထွားခဲ့ ပြီး လူမျိုးပေါင်းစုံ ပြည်သူတို့ သည် သာ အဖိနှိပ်ခံ စစ်ကျွန်ဘ၀ တွင် ကျွန်တွင်း နက် သထက် နက် ကာ ဒုက္ခ ပင်လယ်ဝေခဲ့ကြရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ၏ ခေတ်သစ်သမိုင်းတလျောက် တွင် လွတ်လပ်ရေး ရသည့် အချိန်မှ အစ ယနေ့ အထိ တိုင်းရင်းသားလူမျိုး တိုင်း လိုလို က ဗဟို အစိုးရကို လက်နက်စွဲကိုင်ကာ တသီးတခြားစီ တော်လှန် ပုန်ကန် ခဲ့ကြ သည်။ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ မဆင်နွှဲ သည့်၊ တောမခို သည့် တိုင်းရင်းသားလူမျိုး မရှိသလောက်ပင်ဖြစ်သည်။ ယင်းသို့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲ ခဲ့ကြသည့် တိုင်းရင်းသား လူမျိုးများ၏ တော်လှန်ရေး များသည် လည်း ယနေ့ အထိ မိမိ တို့၏ ရည်မှန်း ချက် ပန်းတိုင် များဆီ ကိုမရောက်နိုင် နိုင်ကြသေးပေ။
တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ အစည်း များ အတွင်း ၁၉၅၆ ခုနှစ်မှ ၁၉၇၆ ခုနှစ် အနှစ် (၂၀) ကာလ အတွင်း ပျက်လိုက်ပြန်ဖွဲ့ လိုက် နှင့် တပ်ပေါင်းစု ထူထောင် ဖွဲ့စည်း ရေး သမိုင်းကိုပြန်ကြည့် လျင် ခိုင်မာသော ဘုံ အနာဂတ်ရည်မှန်းချက်တရပ်ကိုမချမှတ် နိုင်ခဲ့ကြသဖြင့် တပ်ပေါင်းစု များ တခုပြီးတခု ဖျက်သိမ်းလိုက်၊ အသစ်တဖန် ပြန်လည် ဖွဲ့ စည်း လိုက် နှင့် အခက်အခဲ မျိုးစုံ ကိုဖြတ်သန်း ခဲ့ကြရသည် ကို အောက်ပါ အတိုင်းတွေ့မြင် နိုင် ပေမည်။

  1. The Democratic Nationalities United Front (၁၉၅၆ ခု နှစ်တွင်ဖွဲ့စည်းသည်)
  2. The National Democratic United Front (၁၉၅၉ ခု နှစ်တွင်ဖွဲ့စည်းသည်)
  3. The National Liberation Alliance (၁၉၆၀ ခု နှစ်တွင်ဖွဲ့စည်းသည်)
  4. The United Nationalities Front (၁၉၆၅ ခု နှစ်တွင်ဖွဲ့စည်းသည်)
  5. The Nationalities United Front (၁၉၆၇ ခု နှစ်တွင်ဖွဲ့စည်းသည်)
  6. The United Nationalities Libertion Front (၁၉၇၀ ခု နှစ်တွင်ဖွဲ့စည်းသည်)
  7. The Revolutionary Nationalities Liberation Alliance (၁၉ရ၂ ခု နှစ်တွင်ဖွဲ့စည်းသည်)
  8. The Federal National Democratic Front (၁၉ရ၅ ခု နှစ်တွင်ဖွဲ့စည်းသည်)

….. စသည့် တပ်ပေါင်း စု များ ကို မြင်တွေ့ရမှာ ဖြစ်ပါ သည်။
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ များကို ဆင်နွှဲကြရာတွင် သီးခြား သမတ နိုင်ငံထူထောင်ရေး ကို ဦးတည် သည့် အဖွဲ့၊ စစ်မှန်သော ဖက်ဒရယ်လ် ပြည်ထောင်စု နိုင်ငံ ပြန်လည် ထူထောင်ရေး ကိုဦးတည်သည့် အဖွဲ့ ဟူ၍ ကွဲပြားခြားနား သော ဦးတည်ချက် တို့ကို ကိုင်စွဲထားကြ ပြီး ရှင်းလင်းပြတ်သားသော ဘုံ အနာဂတ် (မူဝါဒ) တခုကို မချမှတ်နိုင်ခဲ့ ကြသဖြင့် ရေရှည် ခိုင်မာ တည်တန့် သော တပ်ပေါင်းစု တခု ထူထောင်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။

၁၉၇၆ ခုနှစ် မေလ (၁၀) ရက်နေ့ တွင် အမျိုးသား ဒီမိုကရေစီ တပ်ဦး National Democratic Front (NDF) ကို KNU ဗဟိုဌာနချုပ် မနာပလောတွင် ဖွဲ့ စည်း ခဲ့ကြသည့် နောက်ပိုင်းတွင် ယင်းတပ်ဦး သည် ယနေ့ အထိ တိုင် နှစ်ပေါင်း ၃၀ ကျော် တည်မြဲ လာခဲ့ သည်။ NDF အဖွဲ့ဝင် တိုင်းရင်းသားလူမျိုးများ ၏ လက်နက်ကိုင် အဖွဲ့ အစည်း တို့သည် ဖက်ဒရယ်လ် ပြည်ထောင်စု နိုင်ငံပြန်လည်ထူထောင်ရေး လမ်းစဉ် ကို အခိုင်အမာ ချမှတ်ကာ တူညီ၍ ရှင်းလင်းပြတ်သားသော အနာဂတ် ရည်မှန်းချက် တခုအ ပေါ်တွင် ရပ်တည် နိုင်ခဲ့ကြသည့် အချက်မှာ တပ်ဦး ၏ ရေရှည် ခိုင်မာမှု ကို အထောက် အကူ ပြုခဲ့ သည့် အရေးကြီးသော အချက်တခု ဖြစ်သည်။ ဤသည် မှာ ရှည်ကြာ သော ပြည်တွင်းစစ် သမိုင်း တွင်ထူးခြားသော သမိုင်း အလှည့် အပြောင်းတခုပင်ဖြစ်ကြောင်း မှတ်ကျောက်တင်ရပေမည်။ တနည်းအားဖြင့် ၁၉၆၀ ခုနှစ်ကာလ မြို့ပြ (မြေပေါ်) တိုင်းရင်းသားလူမျိုး များ ၏ ပါလီမန် တွင်း ဖက်ဒရယ်လ် လှုပ်ရှား မှု ကို တောတွင်း တိုင်းရင်းသားလူမျိုးများ ၏ လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ က လည်း တထပ်တည်း လက်ခံလာကြခြင်း ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ နိုင်ငံ့ ဖခင်ကြီး များ ၏ အမျှော်အမြင် ရှိရှိ ချမှတ်ခဲ့သော ခေတ်သစ် ပြည်ထောင်စု နိုင်ငံ ၏ အခြေခံအုတ်မြစ် ဖြစ်သည့် ပင်လုံ ဆီကိုပြန်လည် ဦးလှည့်လာ နိုင် ခဲ့ကြ သည့် အချိန်တွင် ရေရှည် တည်တန့်သော တပ်ပေါင်းစု တခုကို အခိုင်အမာ ဖွဲ့စည်း နိုင် ခဲ့ ကြခြင်း ဖြစ်ပေ သည်။

ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေး ကြီး ကို ဦးဆောင်ခဲ့ ကြသည့် ခေတ်အဆေက်ဆက် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့တဲ့ မြေပေါ် ကျောင်းသား အင်အားစု တို့ နယ်စပ်ဒေသ တော်လှန်ရေးနယ်မြေများ သို့ ရောက်ရှိ လာကြသော အခါတွင် လည်း ဖက်လဲ တကင်း ကြို ဆိုကာ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်ဦး All Burma Students Democratic Front (ABSDF) ခေါ် လက်နက် ကိုင်ကျောင်းသားတပ်ဦး ကို အောင်မြင်စွာ ဖွဲ့ စည်းနိုင်ရေး အတွက် လည်း NDF တိုင်းရင်းသား လက်နက်ကိုင်တပ်ဦးမှ ကမကထပြု ကာ အကူအညီ ပေး နိုင်ခဲ့ သည်။ ဤ သို့ ဖြင့် ABSDF ကျောင်းသား တပ်မတော် ကို ၁၉၈၈ နိုဝင်ဘာလ (၅) ရက်နေ့ တွင် အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့သည်။ အသစ်ဖွဲ့ စည်းလိုက်သော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်ဦး ကလည်း အမျိုးသား ဒီမိုကရေစီ တပ်ဦး (NDF) ၏ ဖက်ဒရယ်လ် ပြည်ထောင်စု နိုင်ငံ ထူထောင်ရေး အနာဂတ် ရည်မှန်းချက် မူဝါဒ ကို တထပ်ထည်း လက်ခံ ကာ မိမိ တို့ ၏ နိုင်ငံရေးဦးတည်ချက် အဖြစ် အတည်ပြု ချမှတ်ခဲ့ကြသည်။ ကျဆုံးလေ ပြီးသော ဒီမိုကရေစီ အာဇာနည် သူရဲကောင်းကြီး၊ KNU ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒို မန်းရှာ ကလည်း ABSDF ကျောင်းသား လက်နက်ကိုင် တပ်ဦးသည် ပြည်တွင်းစစ် သမိုင်းတွင် ဗမာ အင်အားစု တို့ အနက် ဖက်ဒရယ်လ် စနစ် ကို လက်ခံ ယုံကြည်လာ ကြသည့် ပထမ ဦးဆုံး မျိုးဆက် ဖြစ် ကြောင်း ဂုဏ်ပြု ပြောကြားခဲ့သည်။ ဤသည်မှာ လည်း ရှည်ကြာသော ပြည်တွင်းစစ် သမိုင်း တလျောက် ဗမာတိုင်းရင်းသားများ နှင့် အခြား တိုင်းရင်းသား လူမျိုးများ အကြား ပထမ ဦးဆုံး အကြိမ် တူညီသော ယုံကြည်ချက်၊ တူညီသော အနာဂတ် ဦးတည်ချက် ကို ချမှတ် နိုင်ခဲ့ခြင်းဖြစ် ပြီး အရေးကြီးသော ဒုတိယ သမိုင်း အလှည့် အပြောင်းတခုပင်ဖြစ်ပေသည်။ လူမျိုးပေါင်းစုံ ပြည်သူတို့၏ သွေး နှင့်ရေးသား ထား သော ဖက်ဒရယ်လ် ပြည်ထောင်စု ၏ သမိုင်း နှင့် ပြည်သူတရပ်လုံး ၏ သွေး၊ ချွေး၊ မျက်ရည် တို့ ဖြင့် ရေးသား ကာ ကဗ္ဗည်း ထိုး တည်ဆောက်ခဲ့ ရသော သွေးစည်းမှု တို့ သည် ထာဝရ အဓွန့်ရှည် တည်တန့်ခိုင်မြဲ ပေလိမ့်မည်။ ယင်းသွေးစည်း မှု ကို စစ်အုပ်စု သည် မည်သို့သော လက်နက်ကြီး များ နှင့် ဖြစ်စေ ချေမှုန်း ဖျက်ဆီး ရန် အလို့ငှာ တတ်စွမ်း နိုင် လိမ့် မည် မဟုတ်ပေ။

တိုင်း ရင်း သားလူမျိုးများ၏ တောင်ပေါ်ဒေသများ အထိပြန့် နှံ့ လာခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေး လှိုင်းတဖိုး ကြီး များ ၏ အရှိန် အဟုန် တို့ ကို ဟန့်တား ရန် အတွက် စစ်အုပ်စုသည် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်းများ ကို စီးပွားရေး မက်လုံးများပေးကာ အပစ်ခတ်ရပ်စဲရေး နည်းဗျူဟာ တို့ဖြင့် သွေးခွဲ ကာခြေမှုန်း ရန် ကြိုးပမ်း ခဲ့သော်လည်း ရေရှည်တွင် မအောင်မြင်ခဲ့ပါ။ စစ်အုပ်စု၏ လေလုံးထွား ၀ါဒဖြန့် ခဲ့သည့် “လက်နက် နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ရေး” မဟာ စီမံကိန်း ကြီး သည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ကိုတည်ဆောက် ရန် ရိုးသားသော စေတနာ အရင်းခံ မရှိ သဖြင့် မအောင်မြင် ခဲ့ခြင်း ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆိုလျင် ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ အခြေခံ အုတ်မြစ်၊ ဒီမိုကရေစီ ၏ အခြေခံ အုတ် မြစ် ဖြစ်သော သမိုင်းဝင် ပင်လုံသဘောတူညီမှု သည် သာ တခုတည်းသော အခြေခံရမည့် အချက်ဖြစ်ပါသည်။

တတိုင်းလုံး တပြည်လုံးကို စစ်ကျွန်ဇာတ် သွင်းရေး ကို ဦးတည်သည့် နာဂစ် အခြေခံ ဥပဒေ၊ ပြည်သူတရပ်လုံး အတွက် အော့နှလုံး နာစရာ ကောင်းလှ သည့် အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၁ အတုအရောင် အာဏာ လွှဲ အပ်ပွဲ၊ အပစ်အခတ်ရပ်စဲ ခဲ့သော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ အစည်း တို့ နှင့် သဘောတူထားသော ကတိက၀တ် တို့ကို ချိုးဖေါက် ကာ အဓမ္မ နည်းသုံးပြီး နယ်ခြားစောင့် တပ် အသွင်သို့ ကူးပြောင်းရန် မတရားဖိအားပေး ခြင်း စသည့် စစ်အုပ်စု ၏ အတင့်ရဲ လာသော ဖေါက်ပြန် သောလုပ် ရပ်တို့ သည် ရှစ်လေး လုံး အလွန် အနှစ် (၂၀) ကျော်ကာ လ အတွင်း ယာယီအားဖြင့် တကွဲတပြားစီ ဖြစ်ခဲ့ ကြရ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တို့ အား ပိုမိုခိုင်မာ သည့် ညီညွတ် ရေး ကိုတည်ဆောက် ရန် တွန်းအား တခု ဖြစ်စေ ခဲ့သည်။

မကြာသေးမီ ၂၀၁၁ ဖေဖေါ်ဝါရီလ (၁၂) ရက် မှ (၁၆) ရက် အတွင်း ယိုးဒယား မြန်မာနယ်စပ်တနေရာတွင် (၅) ရက်ကြာ အောင်မြင် စွာ ကျင်းပခဲ့ သည့် တိုင်းရင်း သားလူမျိုးများ ညီလာခံ ကြီး ကို CNF, KNPP, NUPA, PNLO, WNO, LDU, KNU, PSLF, KIO, NMSP, KNO, ALD, UNLD-LA, KNLP, SSPP အစရှိသည့် တိုင်းရင်းသား အဖွဲ့ အစည်း (၁၅) ဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ ယင်းညီလာခံ ကြီး ဖြစ်မြောက်ရေး အတွက် COMMITTEE FOR THE EMERGENCE OF FEDERAL UNION (CEFU), NATIONAL DEMOCRATIC FRONT (NDF) နှင့် UNITED NATIONALITIES LEAGUE FOR DEMOCRACY – LIBERATED AREA (UNLD-LA) တို့ မှ ကမကထပြုခဲ့ကြသည်။ ယင်း တိုင်းရင်းသားအဖွဲ့ အစည်း (၁၅) ဖွဲ့ပူးပေါင်း ကာ UNITED NATIONALITIES FEDERAL COUNCIL (UNION OF BURMA) UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်လ်ကောင်စီ ကိုဖွဲ့စည်း လိုက်ကြသည်။ ထူးခြားသည်မှာ လက်ရှိ စစ်အုပ်စု နှင့် အပစ်ခတ်ရပ်စဲ ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ ပါ ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်း အသစ် ဖွဲ့စည်းလိုက်သည့် ကျယ်ပြန့် သော UNFC တပ်ဦးတွင် မပါဝင်သေး သည့် UNITED WA STATE ARMY (UWSA) နှင့် SHAN STATE ARMY (SSA) SOUTH တို့ အား နောင် အလျဉ်းသင့် သလို ပါဝင်လာ နိုင် စေရန် တံခါးဖွင့် ကြိုဆိုထားကြောင်းသိရသည်။

ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ အနှစ် (၆၀) ကျော် ပြည်တွင်း စစ် သမိုင်း (သို့မဟုတ်) လွတ်လပ်ရေး ရပြီးခေတ် ဗဟိုအစိုးရ ကိုတော်လှန်ခဲ့ကြသော လက်နက် ကိုင် တော်လှန်ရေး သမိုင်းကို ယနေ့ စာရင်းချုပ် မည်ဆိုလျင် အထက်ဖေါ်ပြပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များ နှင့် ABSDF ကျောင်းသားတပ်မတော်သည် ယနေ့ လက်ရှိ အခြေအနေတွင် ကျန်ရှိနေသေးသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများဖြစ်ပေသည်။

ဤ အဖွဲ့ အစည်းများ ယနေ့ အချိန်အခါ အထိ နိုင်ငံခြား အကူ အညီ မယ်မယ် ရရ မပါပဲ မိမိ တို့ဖာသာ ခက်ခက်ခဲခဲ ရပ်တည် ကာ ဆယ်စု နှစ်ပေါင်း များစွာ တည်မြဲ ရှင်သန် လှုပ်ရှား နိုင်ခဲ့ကြ သည် မှာ နက်ရှိုင်းသော အကြောင်း တရားများ ရှိနေပါသည်။ အဆုံးရှုံး လက်လွတ် ခံ၍ မရစကောင်းသော မိမိ တို့ အသီးသီး၏ အမျိုးသား ကံကြမ္မာများ ထာဝစဉ် တည်တန့်ခိုင်မြဲရေး နှင့် ပြည်သူတရပ်လုံး တောင့် တသည့် ထာဝစဉ် ငြိမ်း ချမ်းရေး ကို ဆောင်ကျဉ်းပေး မည့် စစ်မှန်သော ဖက်ဒရယ်လ်ပြည်ထောင်စု နိုင်ငံ ပြန်လည်ထူထောင်ရေး လမ်းစဉ် တို့ ကို အခြေခံ သည့် နိုင်ငံရေး၊ တော်လှန်ရေး ၀ိညဉ် တို့ သည် ၄င်း တို့ ၏ လှုပ်ရှားရုန်းကန် မှု များ ရေရှည်တည်တန့်ခိုင်မြဲရေး အတွက် အကြီးမားဆုံး စွမ်းအား အထောက်အပံ့ များ ဖြစ်ကြောင်း သမိုင်းက သက်သေခံ ခဲ့ ပြီ ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်လ်ကောင်စီ UNFC ၏ လုပ်ငန်းစဉ် အသေးစိပ် ကိုရေးဆွဲညှိ နှိုင်းဆဲ ဖြစ်သော်လည်း တိုင်းပြည် တ၀ှမ်း ကို စစ်တိုင်းကြီး (၄) တိုင်း အဖြစ် သတ်မှတ်ကာ တိုင်းပြည် လွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲ ၀င်သွား မည့် ပြည်ထောင်စု တပ်မတော် တရပ် ဖွဲ့စည်း နိုင်ရေး အထိ ဦးတည်ချက် ရှိကြောင်းသိရှိရသည်။

ABSDF ကျောင်းသားတပ်မတော် မှ ဖက်ဒရယ်လ် FEDERAL စာတမ်း ကို ထုတ်ဝေဖြန့်ချီ ရာတွင် “မြန်မာပြည် ပြည်တွင်းစစ်အဆုံး သတ်ရေး၊ တနည်းအားဖြင့် မြန်မာ နိုင်ငံ မှ တိုင်းရင်းသားများ ၏ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု များ အဆုံးသတ်ရေး အတွက် နိုင်ငံရေး ထွက်ပေါက်မှာ စစ်မှန်သော မူများဖြင့် ဖက်ဒရယ်လ် ပြည် ထောင်စု တည်ဆောက်ရေး ဆိုသည့် တခုတည်းသော နည်းလမ်းဖြစ်သည်။ သို့ဖြစ်၍ ဖက်ဒရယ်လ် နှင့် ပတ်သက်၍ လွဲမှားသော သိနားလည်မှု မျိုး လက်ခံထားရသည့် မြန်မာ ပြည်သူ အချို့ ကို ဖက်ဒရယ်လ် နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရန် လိုအပ်နေပေ သည်။ နိုင်ငံရေး ခေါင်းဆောင်လုပ်နေသူများ ၏ နားလည်မှု တခုတည်း ဖြင့် အရေးကြီးသော နိုင်ငံရေး စနစ်ကို ပြည်သူလူထု အတွင်း စိုက်ထူရန် လွယ်လွယ် နှင့် မဖြစ် နိုင်ချေ။ ပြည်သူလူထု ၏ ပူးပေါင်းဆောင်ရွက်မှု နှင့် ထောက်ခံမှု ကိုရရှိ အောင် လုပ်ယူခြင်းသည် ဒီမိုကရေစီ နိုင်ငံရေးစနစ် တွင် နိုင်ငံရေးခေါင်းဆောင် တိုင်း လုပ်ရမည့် တာဝန် လည်းဖြစ်သည်” ဟုဖေါ်ပြထားပါသည်။

ယ္ခု Vansangva စာကြည့်တိုက်တွင် တင်ပေးလိုက်သော ABSDF ကျောင်းသားတပ်မတော် က ထုတ်ဝေ ဖြန့်ချီသည့် ဖက်ဒရယ်လ် FEDERAL စာတမ်း ကို တိုင်းပြည် နဲ့ လူမျိုးအပေါ် စိတ်စေတနာ ကောင်းတွေထားရှိ ကြတဲ့ ဗမာ့ တပ်မတော်ထဲ က မျိုးချစ်တပ်မတော်သားတွေ၊ အရာရှိ အရာခံ တွေ အပါအ၀င်ဖြစ်တဲ့ ပြည်သူလူထု တရပ် လုံး အတွင်း ကျယ်ကျယ် ပြန့် ပြန့် ဖတ်ရှုလေ့လာ နိုင်ရေး အတွက် ၀ိုင်းဝန်း ကူညီ ဖြန့်ဖြူး ကြ ရန် နှင့် ကိုယ်တိုင်လည်း လေ့လာဖတ်ရှုကြ ပါရန် ကျွန်တော်များ Vansangva ၀ိုင်းတော်သားများက အနူးအညွတ် မေတ္တာ ရပ်ခံ လိုက်ပါသည်။

ABSDF ၏ ဖက်ဒရယ်လ် Federal စာ တမ်း ကိုဆွဲချရန်။”

၁၁။ မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀)

VansangvaLibrary12 by Vansangva
Please download this commentary in PDF form.

ညောင်နှစ်ပင်တွင် အတင်းအဓမ္မနည်းဖြင့် တဖက်သတ် ရေးဆွဲကာ အတည်ပြုပြဌာန်း ခဲ့သည့် ၂၀၀ဂ နာဂစ်အခြေခံဥပဒေ အားဖြင့်၊ ၂၀၁၀ အတု အယောင် ရွေးကောက်ပွဲ ကိုကျင်းပကာ၊ ၂၀၁၁ တွင် ဘောင်းဘီချွတ် စစ်အာဏာရှင်တို့ ကြီးစိုးသည့် သိန်းစိန် အစိုး ရ တက်လာခြေပြီ။ “စည်းကမ်းရှိသော ဒီမိုကရေစီ” စနစ် ကို ထူ ထောင် မည်ဟု ကြွေးကြော်ပြီး၊ တကြိမ်တည်းတွင် ဒီမိုကရေစီ အခြေခံမူ များကို တခုမကျန် ပြောင်ပြောင်တင်းတင်း ဆန့်ကျင် ကာ စည်းမဲ့ကမ်းမဲ့ မီးကုန် ယမ်းကုန် ရမ်းခဲ့ ကြသည်။ ဗိုလ်ချုပ်သိန်းစိန် ကို ဦးသိန်းစိန် အဖြစ်ပြောင်းလဲ ခဲ့သည်ကိုပင် အရပ်သား အစိုးရသစ်၊ ဒီမိုကရေစီ အစိုးရသစ် တက်လာပြီ ဟု ကြေညာပြန်သည်။ ပြည်သူလူထု သည် သူတို့ လိုလားတောင့် တသည့် အရပ်သားအစိုးရ၊ ဒီမိုကရေစီ အစိုးရသစ်ပေါ်ထွန်း ပြီဆိုကာ လမ်းမများပေါ်တွင် အိုးစည်ဗုံမောင်းတီးကာ ကခုန်မြူးတူး အောင်ပွဲခံကြသည်ကိုလည်း မမြင်ရပေ။ ရှင်းပါသည်။ ပြည်သူကိုညာ၍ မရပါ။ မည်သူကမျှ အယုံအကြည်မရှိပါ။

သန်း (၆၀) သော မြန်မာပြည်သူ တို့ ၏ ဆန္ဒ အစစ်အမှန် ကို လစ်လျူ ရှု ကာ ရေးသား ခဲ့သည့် နာဂစ်အခြေခံဥပဒေ အားဖြင့် အရပ်သားအစိုး ရ အမည်ခံ ပြီး တက်လာ သော ဘောင်းဘီချွတ် ဗမာစစ်အာဏာရှင်တို့ သည် ယ္ခုတဖန် ၂၀၁၄ ခုနှစ်တွင် အာစီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌ နေရာ ကို ယူဖို့ အဆင်သင့် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာ လိုက် ပေသေးသည်။ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး၏ နောက်ဆက်တွဲ ဖြစ်သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြည်သူ့အောင်ပွဲ ကို ညောင်နှစ်ပင်၊ နာဂစ်၊ ၂၀၁၁ ရွေးကောက် ပွဲတို့ဖြင့် အဆင့်ဆင့် နင်းခြေ ဖျက်စီး ကာအောင် နိုင်ခဲ့ပြီ၊ အာစီယံ အစည်း အဝေး များ ကို တက်ရောက်လာကြမည့် အာစီယံ အဖွဲ့ ၀င်နိုင်ငံ (၁၀) နိုင်ငံ နှင့် အာစီယံ ၏ စီးပွားဖက် နိုင်ငံများ ဖြစ်ကြသော အမေရိကန်၊ အီးယူ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ကမ္ဘာ့ အထင်ကရ နိုင်ငံ ကြီး များ ပါဝင် သည့် အစည်း အဝေးများ ကို နေပြည်တော်တွင် ဦးဆောင် ကာ အိမ်ရှင် ဥက္ကဌ ကြီး လုပ်လိုက်ရရင်ဖြင့် ရှစ်လေးလုံး ဒီမိုကရေစီ လှိုင်းတဘိုး ကြီး ၏ လက်ကျန် စွမ်းအား အရှိန်တို့ ကို အပြီးသတ် မြေမြှုပ် သင်္ဂြိုဟ် နိုင်မည်၊ ဟု ဗမာ စစ်အာဏာရှင်များက တွက်ဆထားကြသည်။ ထို့အပြင် မြန်မာပြည်သူများ က၄င်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ က ၄င်း အသိအမှတ်မပြု လိုကြသော် လည်း အစီယံ ဥက္ကဌ လုပ်လိုက်ရသဖြင့် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများ ၏ အသိအမှတ်ခြင်း ကို သွယ်ဝိုက် သောနည်းဖြင့် ရရှိမည်၊ မတရားသဖြင့် လက်နက် အားကိုး ပြီး ပြည်သူကို သတ်ဖြတ်ညှင်းဆဲ ကာ တည်ဆောက် ခဲ့ရသော သိန်းစိန် အစိုးရ သည် မိမိတို့၏ တရားဝင်မှု (legitimacy) ကို ကမ္ဘာ့ အလည်တွင် တည်ဆောက် နိုင်တော့မည် ဟု ဗမာစစ်အာဏာ ရှင်တို့ က တွေးထင် ထား ဟန် တူပေသည်။

ဒီမိုကရေစီ စနစ် ကိုဖေါ်ဆောင်ရေး၊ လူ့ အခွင့် အရေး မြှင့် တင်ထိန်းသိမ်းရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ ထူထောင်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စသည့် မြန်မာ ပြည်သူ တရပ်လုံး နှင့် ကမ္ဘာ့ ပြည်သူတို့ ၏ တောင်းဆိုမှု များ ကို အလေးပေး ဂရုစိုက် စရာမလို၊ လူသားဖြစ်မှု အပေါ် ကျူးလွန်မှု ဖြင့် ကမ္ဘာ က အရေးယူမည်ကိုလည်း ကြောက်စရာမလို တရုတ်၊ ရုရှား တို့ကလည်း ဒင်းတို့ဖက်မှာရှိသည်၊ ဒင်းတို့မှာ လက်နက် ရှိသည်၊ ပစ်မိန့်သတ်မိန့် ပေးလျင် ပစ်မည့် သတ်မည့် စစ်တပ် သည်လည်း ဒင်းတို့ မှာ ရှိသည်၊ လက်နက် လည်းအပြည့် အစုံရှိသည်၊ ပြည်သူ့ဆန္ဒ ကိုသာ ပိုင်ပိုင်နိုင်နိုင် နှိပ်ကွပ်၊ အာဏာ ကိုသာ မြဲမြဲဆုပ်ကိုင်ထား နိုင်လျင် ယနေ့ လို ဂလိုဘယ် လိုင်ဇေးရှင်းခေတ်ကြီးတွင် လူ့အခွင့်အရေး လေးစားရန် အော်ကြီးဟစ်ကျယ်လုပ်နေသည့် ကမ္ဘာ့ နိုင်ငံများ ကို ရေ နံ ဓါတ်ငွေ့ သယံဇာတ ပစ္စည်း များ ပစ်ကျွေး ကာ တော်တန်တိတ် လုပ်နိုင်သည် မှာဒင်းတို့သာဖြစ်သည် …….. ဤ သည် မှာ ဒင်းတို့ ဗမာ စစ်အာဏာရှင် များ ၏ (၂၁) ရာစု ခေတ် သစ် နိုင်ငံရေး အဘိဓမ္မာ များဖြစ်သည်။

ဤမျှတင် မက သေးပါ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ ဆုံဆွေးနွေးရေး၊ နိုင်ငံရေးပြဿနာ ကို စစ်ရေးနည်းဖြင့် မဖြေရှင်းပဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး ဟူသော ပြည်သူတို့၏ တောင်းဆိုမှုများ နှင့် စစ်မှန်သော၊ ထာဝစဉ် ငြိမ်းချမ်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံထူထောင်ရေး ပြည်သူ့ ဆန္ဒ ဟူသမျှ ကို ခေါင်းမာစွာ ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ဒင်းတို့ ၏ဆန္ဒ ကိုသာ အပေါ်စီး မှ တဖက်သတ် အောင်အောင်မြင်မြင် ဖေါ်ဆောင် နိုင်ခဲ့ပြီဖြစ်သည်။ NLD သည် လည်း နှစ်ခြမ်းကွဲကာ တခြမ်းသည် ဒင်း တို့ ကျုံးသွင်းရာ နာဂစ်ဘောင်ထဲ ကိုဝင်လာကြရပြီ၊ ၁၉၉၀ ခုနှစ်အောင်ပွဲ ရ တိုင်းရင်းသား ပါတီ များသည်လည်း NLD နှင့် အတူ တရားမ၀င် သည့် အဖွဲ့ အစည်းများ အဖြစ် ဒင်း တို့ ပိုင်နိုင်ကျွမ်းကြင်စွာ လုပ်နိုင်ခဲ့ ပြီ၊ တိုင်းရင်းသား လက်သစ်ပါတီများ ပေါ်ပေါက်လာ အောင်လည်း နာဂစ် အခြေခံ ဥပဒေ အားဖြင့် လိမ္မာ ပါးနပ်စွာ မြောင်းပေး နိုင်ခဲ့ပြီ၊ နာဂစ် ပါလီမန်တွင်း မှ မြန်မာပြည်သူတို့ နှင့် ထိုက်တန်သော ဒီမိုကရေစီ စနစ် ကို တဖြည်းဖြည်းပြောင်းယူ နိုင်ကြောင်း အယုံသွင်းနိုင်ခဲ့ သဖြင့် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုထဲ တွင် အယူဆရေးရာ အကွဲ အပြဲ များ ကိုဖန်တီး နိုင်ခဲ့ သည့် အပြင်၊ အရင်ကစ ဒင်း တို့အပေါ် ညွတ်ပြီး သား အာစီယံ နိုင်ငံများအပြင် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံကြီး တချို့ ပင် ပျော့ပြောင်းလာကြပြီး ဒင်းတို့၏ တလက်မမှ မလျော့ စတမ်း၊ မစေ့စပ်စတမ်း ခေါင်းမာမာ အာဏာ ဆက်လက်သိမ်းထားဖို့အတွက် … ပြည်သူကို တစိုက်မတ်မတ် ဖိနှိပ် သတ်ဖြတ်ခဲ့ သည်ကိုပင် မေ့လျော့ သူကမေ့လျော့၊ မသိချင်ယောင်ဆောင်သူ ကယောင်ဆောင် နေကြပြီ၊ လွှတ်တော်ခေါ်ယူခွင့်သာပေးပါ နအဖ စစ်အစိုးရကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု ပေးပါမည် ဆိုသည့် အဆင့် အထိ ပျော့ပြောင်း၊ လျှော့ပေါ၊့ လိုက်လျော ခဲ့သော NLD အား၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အား၎င်း၊ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတို့ အား၎င်း ခေါင်းမာသူများ ဟူ၍ တလွဲတချော် စွပ်စွဲပြောဆိုကာ ဗမာ စစ်အာဏာရှင်တို့ အတွက် အခမဲ့ ရှေ့နေလိုက်ပေး သူများ ပင်ရှိလာကြပြီ။ ဒင်းတို့ ဘာကိုအလျော့ ပေးရမှာလဲ၊ ဒီမိုကရေစီ အင်အားစု ဆိုသူများက ပါ ကိုယ်ပိုင်တီးလုံးပျောက်ကာ။ ဒင်းတို့ တီးလုံး အတိုင်း ကလာကြမှတော့ ကိုယ့် လမ်း ကိုယ်ထွင် ကိုယ့် တီးလုံး ကိုယ်တီးကာ နာဂစ် နိုင်ငံတော်ကြီး ကို ပျော်ပျော်ပါးပါးကြီး တည်ဆောက်ကြစို့ ………….. ဤ သည်တို့ မှာ လည်း ဒင်း တို့ ဗမာ စစ်အာဏာရှင်တို့ ၏ (၂၁) ရာစု ခေတ် နိုင်ငံရေး အဘိဓမ္မာ များဖြစ်သည်။

ဗမာ စစ်အာဏာရှင်တို့ သည် တိုင်းပြည်၏ သယံဇာတ ကြွယ်ဝမှု နှင့် ကမ္ဘာတလွှား စီးပွားရေး ကိုဇောင်းပေးလာကြသည့် ဂလိုဘယ်လိုင်ဇေးရှင်း ၏ အား ကိုအသုံးချကာ ရာစုနှစ် ထက် ၀က် မျှ ကျိုးလာပြီဖြစ်သော မိမိတို့၏ အာဏာ ရှင်စနစ် တည်မြဲအောင် ပိုင်ပိုင် နိုင်နိုင် အားထုတ် နေစဉ်တွင် …….. ရာစုနှစ် ထက် ၀က် ကျော် မျှ “ရေနံ ၏ ကျိန်စာ (oil curse)” အောက်တွင် ပြားပြာ ၀ပ်ခဲ့ကြရသည့် အာရပ် ကမ္ဘာတလွှား မှ ပြည်သူများ သည် လည်း ဂလိုဘယ်လိုင်ဇေးရှင်း ၏ ကောင်းမွေ ဖြစ်သော သတင်း နှင့် အသိပညာ လှိုင်းလုံး ကြီးများ ၏ စေ့ဆော် မှု ဖြင့် ပြင်းထန်သော လူထု ဒီမိုကရေစီ လှုပ်ရှားမှု များ ကိုဖန်တီး နိုင်ခဲ့ ကြသဖြင့် လွတ်လပ်သော ကမ္ဘာ မှ ပြည်သူတို့ သည် အချိန်မကျသေးပဲ ပေါက်လာ သည့် အာရပ် နွေဦး (Arab Spring) အား ကြည့်ကာ ရင်သပ် ရှုမော အံ့အားသင့် ခဲ့ကြရသည်။ ရေနံ မပါပဲ မလည်ပတ်နိုင်သည့် အနောက် တိုင်း အရင်းရှင် ဒီမိုကရေစီ နိုင်ငံ တို့သည် ကုန်လွန်ခဲ့သည့် အနှစ် ၅၀ ကျော် ကာလ တလျောက်လုံး ဒေသဆိုင်ရာ လုံခြုံရေး နှင့် တည်ငြိမ်ရေး ကို အကြောင်းပြု ကာ အာရပ်ကမ္ဘာ၏ အာဏာရှင်များ ကို ပိုနေမြဲကျားနေမြဲ မပြောင်းမလဲ တည်မြဲရေး ကိုလိုလားခဲ့ကြသည်ကများပါသည်။ အာရပ် ပြည်သူတို့ အဖို့ ရွေးစရာ တခြားလမ်း မှာ အီရန် နိုင်ငံတွင် အာဏာ ရှင် ရှားဘုရင် ကို ဖြုတ်ချ နိုင်ခဲ့သည့် ခိုမေနီ ဦးဆောင်သော အစ္စလန်တော်လှန်ရေး အောင်ပွဲ ခံပြီး တက်လာသည့် အစွန်းရောက် ဘာသာရေး အခြေပြု အာဏာရှင် စနစ် မျိုး သာရှိနေ ခဲ့သည်။ ယင်းသို့သော အပြောင်း အလဲ ကို တွေးကာ သွေးလန့်နေခဲ့ကြပြီး တက်တက်ကြွကြွ ဖေါ်ဆောင်ရမည့် အနာဂတ် ရည်မှန်း ချက်များ ပျောက်ကွယ် မှေးမှိန် နေခဲ့ကြသည်။

ထို့အပြင် အထူး သဖြင့် ၂၀၀၆ ခုနှစ် ပါလက်စတိုင်း တို့၏ ဂါဇာ ဒေသ ရွေးကောက်ပွဲတွင် အကြမ်းဖက်ဝါဒီ များ ဟု မိမိ တို့ သတ်မှတ်ထားသည့် ဟားမတ်စ် ကဲ့သို့သော ဘာသာရေး အခြေပြု အဖွဲ့ အစည်း က အနိုင်ရရှိခဲ့ သည့်နောက်ပိုင်း အမေရိကန် နိုင်ငံ ၏ သံတမန် နည်း အားဖြင့် ဖိအား ပေး ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို တိုက်တွန်းသည့် လေသံ များသည် သိသိသာသာ အားပျော့ လာခဲ့သည်။ တဖန် ၁၉၉၁ ခုနှစ် အယ်ဂျီးရီးယား နိုင်ငံ ၏ ပထမဦးဆုံး ရွေးကောက်ပွဲတွင် အစ္စလံမစ် နိုင်ငံရေးပါတီမှ အနိုင်ရခဲ့ သဖြင့် စစ်တပ်မှ အာဏာ သိမ်းခြင်း စသည့် နိုင်ငံရေးဖြစ်စဉ် တို့ ကိုနှလုံးသွင်းကာ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ဘာသာရေးအစွန်းရောက်များ သာအနိုင်ရကြ ပြီး အီရန်နိုင်ငံ ကဲ့သို့သော ဒီမိုကရေစီ ဆိပ်သုဉ်း ပြီး ရက်စက် ကြမ်းကြုတ် သည့် ဘာသာရေးအခြေပြု အာဏာရှင် နိုင်ငံများ သာ ပေါ်ထွန်းလာမည်ကို စိုးရိမ်နေခဲ့ကြသည်။ အာရပ်ကမ္ဘာ မှ အာဏာရှင်များ ကလည်း မိမိတို့ ပြည်သူများ အား စစ်သွေးကြွ ဘာသာရေး အစွန်းရောက် များ ကို လက်ညှိးထိုး ပြကာ ဆီပူ ထဲတွင်အေးအေး ဆေးဆေး မနေလို လျင် မီးထဲ ကိုသာခုန်ချ ရန် သာ ရှိ သယောင် ချောက် လှန့် ထား နိုင် ခဲ့ကြသည်။
ကျွန်တော် တို့ နိုင်ငံတွင် လည်း စစ် အာဏာရှင်တို့ က ဖက်ဒရယ် ပြည်ထောင်စု မူ ကို ခွဲထွက်ရေး မူ အဖြစ်ပြည်သူတို့ ကို ခြောက်လှန့်ထား ကာ ဗမာ နှင့် လူမျိုးစု တိုင်းရင်းသားများအကြား စစ်အာဏာ ရှင်စနစ် ကို ခြိမ်းခြောက် စိန်ခေါ် နိုင်လောက်သည့် အားကောင်းသော စည်းလုံး မှု မျိုး ကို မတည်ဆောက် နိုင်ရန် နှစ်ပေါင်း ကြာမြင့်စွာ ဟန့်တား နိုင်ခဲ့သည် ကို သတိ မူ ကြ စေလိုပါသည်။

ယနေ့ အာရပ် ကမ္ဘာ မှ ပြည်သူတို့သည် ဒီမိုကရေစီ ကိုတခဲနက်တောင်းဆိုလာ ကြပြီဖြစ်သဖြင့် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံကြီး များ ကလည်း တာဝန်ရှိလာကြသည့် အပြင် အာရပ်ကမ္ဘာ မှ ပြည်သူများအပေါ် မိမိတို့၏ သဘောထားအမြင် များ ကိုလည်း ပြန်လည်သုံးသပ် ကာ ပြုပြင်လာကြရသည်။ အာရပ် ကမ္ဘာ ၏ ဒီမိုကရေစီ တော်လှန်ရေး သည် အီရန် နိုင်ငံ ၏ ဘာသာရေးအခြေ့ပု အာဏာရှင်စနစ်အား၎င်း အာလ်ကိုင်းဒါး ကဲ့သို့သော ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း များကို၎င်း အတွေးအခေါ် အားဖြင့် အလဲထိုး နိုင်လောက်သော စိန်ခေါ်မှုကြီး တရပ် ဖြစ်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင် ယ္ခုလိုကာလတွင် အာလ်ကိုင်းဒါး ၏ ထိပ်းသီးခေါင်းဆောင် ဘင်လာဒင် အား အမေရိကန် မှ အသေဖမ်းမိခဲ့သည် မှာ ကမ္ဘာ တလွှား မှ ဘာသာရေး အစွန်းရောက် တို့ အဖို့ အရှိုက်ကို အထိုးခံလိုက်ရ သလို ဖြစ် နေပေသည်။ သူကိုယ်တိုင်က ခြေမှုန်း ရန် ကြုံးဝါး ခဲ့သည့် အာရပ်ကမ္ဘာ တလွှား က အာဏာရှင်တို့ ကို တုန်လှုပ်ခြောက်ခြားစေသည့် ပြည်သူ့ အုံကြွမှု များ ကို ဘင်လာဒင် ကိုယ် တိုင် မသေခင် မြင်တွေ့သွား လိုက် ရ သည့် တိုင်အောင် အိုစားမား ဘင်လာဒင် ခမြာ ပီတိမဖြစ်နိုင်ရှာ သည်မှာ ယင်း အုံကြွမှု များ ကို ဦးဆောင်လှုံ့ဆော် သည် မှာ သူမျှော်လင့် ထားသော အကြမ်းဖက် ဘာသာရေး အစွန်းရောက် များ မဟုတ်ပဲ ဒီမိုကရေစီ ကို ငြိမ်းချမ်းစွာ တောင်းဆိုသည့် အာရပ်လူထု ကြီး ဖြစ်နေသည်။ ဤ အချက်သည်ပင်လျင် ဘင်လာဒင် ကိုယ်တိုင် က သူ့ အယူအဆတွေ သည် အာရပ်ကမ္ဘာ မှာ မလွှမ်းမိုးနိုင် ကြောင်းကို သူ အသက်မသေခင် ကိုယ်တိုင် သိလိုက်ရခြင်း ဖြစ်ပါ သည်။ ဒီမိုကရေစီ အတွေးအခေါ် သည် ဂျီဟပ် ခေါ်ဘာသာရေး စစ်ပွဲ အတွက် အသေခံ ရဲသည့် သူရဲကောင်းများ မွေးထုတ်မပေးနိုင် ဟု ယုံကြည် သော ဘင်လာဒင်သည် ဒီမိုကရေစီ နှင့် လွတ်လပ်ရေး အတွက် အသက် ကိုပင်ပဓာန မထားပဲ ရွပ်ရွပ်ချွန်ချွန် လမ်းမများပေါ်တွင် လက်နက်မပါ အကြမ်းမဖက်ပဲ တိုက်ပွဲဝင်နေကြသည် ကို မသေခင်တွေ့ သွားလိုက်ရ ပေ သည်။ ဆီးရီးယားမှ အာဏာရှင် အာဆတ် နှင့် လစ်ဗျားမှ ကဒါဖီ တို့ကသာ ဘင်လာဒင် နှင့် နိုင်ငံရေးမူ မတူကြ သော်လည်း ဘင်လာဒင် ၏ အကြမ်းဖက် လမ်း ကိုလိုက်ကာ အပြစ်မဲ့ ပြည်သူတို့ ကို သတ်ဖြတ် နေသည်ကိုတွေ့ ရပေသည်။

အမေရိကန် နိုင်ငံကလည်း အီရပ် နိုင်ငံ တွင် ဒေါ်လာပေါင်းဘီလျံချီ ပုံအောကာ စစ်ရေး နည်း ဖြင့် ဒီမိုကရေစီ ကိုတင်ပို့ကာ ထူထောင် ရန် ကြိုးပမ်းခဲ့ သော်လည်း၊ အခြေအနေ များသည် မှန်းချက် နှင့် နှမ်း ထွက် မကိုက် ပိုမို၍ ဆိုးဝါး လာခဲ့ သည်။ အာလ်ကိုင်းဒါး ၏ ၂၀၀၁ ခုနှစ် ၉/၁၁ World Trade Center အား အကြမ်းဖက် တိုက်ခိုက် ဖြိုဖျက် ခဲ့သည့် အချိန်မှစ တင်ပြီး အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံ များ သည် အစ္စလမ္မစ် အကြမ်းဖက်ဝါဒ ကို တန်ပြန်ရန် အတွက် အာရပ် လူထုအတွင်း ဒီမိုကရေစီ ပညာပေး လှုပ်ရှားမှုများ အတွက် စတင်မြှုပ်နှံခဲ့သည့် ငွေကြေး ပမာနသည် အီရတ်နိုင်ငံတွင်စစ်ရေး နည်းအားဖြင့် ဒီမိုကရေစီ ကို ထူထောင် ရာတွင် မြှုပ်နှံ သည့် ငွေကြေးပမာန နှင့် နှိုင်းစာ လျင် အလွန်ပင် လျော့နဲခဲ့ သည်။ သို့သော် ယနေ့ မထင်မှတ် သည့် အချိန်တွင် ဒီမိုကရေစီ အညွန့်များ တလူလူ ထလာ သည် ကို စတင် တွေ့လာကြ ရသဖြင့် အံ့အားသင့်နေကြရသည်။ အမှန်မှာ အာဏာရှင်တို့ အပေါ် အာရပ်ပြည်သူ တို့၏ မကြေနပ်ချက်များ သည် နှစ်ပေါင်းမြောက်မြားစွာ စုပုံနေခဲ့ခြင်းဖြစ် သည်။

ယနေ့ အာရပ် ကမ္ဘာ ၏ ဒီမိုကရေစီ တော်လှန်ရေး လှိုင်းတဘိုးကြီးများ သည် အစွန်းရောက် ဘာသာရေး လှုပ်ရှားမှုတို့ကို ကျော်လွှားပြီး ဆင်းရဲချမ်းသာ ကွာဟမှု၊ ဒေသ ကွဲပြားမှု ၊ ဘာသာရေး ဂိုဏ်း ဂဏ မတူညီမှု ၊ မတူညီ ကွဲပြားသည့် မျိုးနွယ်စုများ စသည့် အတားအဆီး တံတိုင်းများ ကို ထိုးဖေါက် ကာ အလွှာအသီးသီး၊ ဒေသ၊ မျိုးနွယ် စု၊ ဂိုဏ်းဂဏ အမျိုးမျိုး မှ အဖိနှိပ်ခံ ပြည်သူ တရပ်လုံး ကို စည်းလုံးပေးနိုင်ခဲ့သည်။ နိုင်ငံရေးအားဖြင့် လက်ဝဲ၊ လစ်ဘရယ်လ်၊ လက်ယာ စသည်ဖြင့် သီးသန့် နိုင်ငံရေးအုပ်စုတခုခု ၏ တော်လှန်ရေးလည်းမဟုတ် ၊ ကာယ ညာဏ အလုပ်သမား၊ အမျိုးသမီး အဖွဲ့ အစည်း များ စသည်ဖြင့် ကွဲပြားသော လူ့ အလွှာ တခု ၏ တော်လှန်ရေးလည်းမဟုတ် အားလုံးသော လူထုလူတန်း စား အလွှာအသီးးသီး တို့ ပါဝင် သည့် ဒီမိုကရေစီ တော်လှန်ရေး ကြီး ပင်ဖြစ် ပေတော့သည်။

ယနေ့ အာရပ် ကမ္ဘာ တွင် ဖြစ်ပွားနေသော ဒီမိုကရေစီ တော်လှန်ရေးများ တွင် ပါဝင်ဆင်နွှဲနေကြသည် မှာ အသက် ၃၀ အောက် လူငယ်များသာ ဖြစ်ကြပြီး အာရပ်နိုင်ငံများ ကိုလိုနီ ဘ၀ မှ လွတ်မြောက် ပြီးသည့် နောက်ပိုင်း အာရပ် ကမ္ဘာ တွင် အာဏာရှင် များ ခိုင်မာလာသည့် အချိန် အတွင်းတွင် မွေးဖွား လာသူများ ဖြစ်ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒ ပြကာ ပါတီစုံ ဒီမိုကရေစီ ကိုတောင်းဆို ရန် အတွက် သူတို့ အရင် မျိုးဆက် ဟောင်း တို့ ထံမှ စံနမူနာ ယူစရာ ခေါင်းဆောင်များ၊ အတွေး အခေါ် များ လမ်းညွှန် အဖြစ် ရှိနေကြ သည် မဟုတ်ပါ။ အမှန်မှာ သူတို့ ၏ နောင်တော့် နောင် တော် များ သည် အာရပ် အာဏာရှင်တို့ကိုဆန့်ကျင်ရာတွင် အစွန်းရောက် အကြမ်း ဖက်ကာ ဘာသာရေး ကို အခြပြု သည့် နည်းကို သာ လျှင် တခုတည်းသော ထွက်ရပ် လမ်း အဖြစ် ယုံကြည် သူ များဖြစ်ကြသည်။ ယနေ့ လူငယ်တို့မှာ အာရပ် ကမ္ဘာ တခုလုံး ၏ ၆၀% ရှိပြီး ပျမ်းမျှ အသက် သည် ၂၆ ခန့်ရှိကြသည်။ ယနေ့ အာရပ်လူငယ်များ က ဖေ့စ်ဘုတ် နှင့် အွန်လိုင်း လက်နက် တို့ ကို အသုံးချကာ တရားမျှတမှု၊ လွတ်လပ်မှု နှင့် ဒီမိုကရေစီရေး တောင်းဆို လှုပ်ရှားခြင်း သည် Muslim Brotherhood နှင့် Al Qaida တို့ ၏ လှုပ်ရှားမှု များ ထက် အဆမတန် ပိုမို ၍ စွမ်းအား ထက်ကြောင်း လက်တွေ့ ပြသ လိုက် ကြပြီဖြစ်သည်။


သန်းပေါင်း ၂၄၀ ရှိ သော တူနီးရှား၊ ဆီးရီးယား၊ အီဂျစ်၊ လီဘာနွန်၊ အီရပ်၊ ဆော်ဒီ အာရေဘီးယား စသည့် အာရပ် ကမ္ဘာ မှပြည်သူများ၏ ကံကြမ္မာ သည် ပျမ်းမျှအသက် ၂၄ မှ ၂၆ အတွင်းရှိ လူငယ် ၂၀ ခန့် ၏ လက်ထဲတွင် တမဟုတ်ခြင်း ကျရောက်သွားခြင်းဖြစ်သည်။ သူတို့၏ တရားမျှတမှု၊ လွတ်လပ်မှု နှင့် ဒီမိုကရေစီ ရေးတောင်းဆိုမှု များ သည် အာရပ်ဒေသတွင်း ရှိ လူငယ်မျိုးဆက်သစ်တို့ကို ပိုမို၍ ဆွဲဆောင်နိုင်ခဲ့ပြီး ဖိနှိပ်သည့်၊ ခြစားသည့် အာဏာရှင်အစိုးရများ ကို အနုနည်းသုံးကာ ဖြုတ်ချနိုင်ခဲ့ကြခြင်း ဖြစ် ပေ သည်။ သူတို့ကျွမ်းကျင်ရာ အွန်လိုင်း လက်နက်များ ဖြင့် စစ် ထောက် လှမ်း ရေး တို့၏ ထောက်လှမ်းမှု ကိုရှောင်ကွင်း နိုင်ခဲ့ကြပြီး လူတန်းစားအလွှာ ကွာဟမှု တံတိုင်းများ ကိုလည်း ဖြတ်ကျော် ကာစည်းရုံးနိုင်ခဲ့ကြသည်။ ဤမျိုးဆက်သစ် တို့ သည် အင်တာနက် နှင့် အာလ်ဂျဇီးရီးယား ကဲ့သို့သော ရုပ်သံလွှင့် သတင်းဌာန တို့၏ ကျေးဇူးကြောင့် နယ်နိမိတ် အကန့် အသတ် မရှိ အာရပ်လူ့ ဘောင် အဖွဲ့ အစည်း တခုလုံး ကို ကွန်ယက်ဖြန့်ကာ ထိတွေ့ခွင့်ရ နေကြ သူများ ဖြစ် ကြသည်။ အထူးသဖြင့် ခေတ် နှင့် အညီ ဖြစ်သော လူငယ် တို့ ရသင့် သည့် အခွင့် အလမ်းများ၊ လွတ်လပ်မှုများ ကို တားဆီး ပိတ်ပင်ထားသည် နိုင်ငံရေး ဖိနှိပ်မှုများ၊ စီးပွားရေး နှောင့်နှေးမှုများ အပေါ် ဒေါသူပုန်ထနေကြ သည့် မျိုးဆက် များ ဖြစ်ကြ လေသည်။

အသက် ၂၃ နှစ်သာရှိသေးသည့် အိုစာမာ အယ်လ်ခါလီဖီ သည် မိုရိုကိုနိုင်ငံ တွင် ဖွဲ့စည်း ထားသော အတိုက်အခံ Socialist Union of Popular Forces မှ နှုတ်ထွက်ကာ Facebook အခြေပြု လှုပ်ရှားမှု တခုကိုစတင်ခဲ့သည်။ အတိုက်အခံ နိုင်ငံရေး ပါတီများ သည် ဖိနှပ်သည့် အစိုးရများ ကို အတိုက်အခံလုပ် ခွင့် ရှိသည် ဟူ၍ ပြသထားရုံမျှသာ ရှိပြီး အစိုးရ၏ တရားဝင်မှု ကို တစုံတခုသော အတိုင်းအတာထိ ပေးရန် သာ အသုံးဝင်ကြသည်ဟု လူငယ် များက ယူဆကြပါသည်။ အိုစာမာ အယ်လ်ခါလီဖီ က Facebook တွင်စတင်ခဲ့သည့် လှုပ်ရှားမှုသည် မိုရိုကိုနိုင်ငံတ၀ှမ်း လမ်းမများပေါ်သို့ မည်သည့်အခါကမျှ မမှန်းဆခဲ့ ဘူး သည့် လူထုချီတက်ပွဲကြီး များကိုဖန်တီးနိုင်ခဲ့သည့် အပြင် အခြေခံ ဥပဒေ ကိုပြင်ဆင်ရန် ဘုရင်ကိုယ်တိုင်က ကတိပေး လာခဲ့ ရသည်။ “ အပြောင်းအလဲ ဆိုတာ နိုင်ငံရေး ပါတီတွေက လုပ်နိုင်မှာ မဟုတ်ဘူး၊ လူထုအားနဲ့ သာလုပ်လို့ရမှာပါ “ ဟု ပြောခဲ့ သည့် ခါလီဖီ သည် Moroccans Discuss the King ဆို သော Facebook စာမျက်နှာကို ဖန်တီး လိုက်ပြီး ၄၊ ၅ ရက်အတွင်း တွင် အဖွဲ့ဝင် ၃၀၀၀ ရရှိ လာခဲ့ သည်။ “အရင်ကတော့ ကိုယ့် ကိုယ်ကို ဘာမှမလုပ်နိုင်ဘူးလို့ပဲထင်ခဲ့တယ်။ အခု သီတင်းပတ် အနည်းငယ် အတွင်း မှာ ကျွန်တော်တို့ တတ်နိုင်တယ်ဆိုတာကို သိ လာရတယ်။ လူငယ်တွေက ဦးဆောင်နေတာ တင် မကဘူး၊ လူကြီးတွေကပါ ကျနော် တို့ပြောစကား ကိုနားထောင်လာကြပြီး နောက် ကနေ လိုက်လာ ကြတာ ဖြစ်တယ်။” ဟု အယ်လ် ခါလီဖီ ကဆိုပါသည်။

သို့သော်လည်း ဒီမိုကရေင်္စီ လမ်းကြောင်းပေါ် သို့ အာရပ် နိုင်ငံများ တပြိုင်နက်ထည်း မရောက် နိုင်ခဲ့ ကြပေ။ လစ်ဗျား၊ ရီမင် နှင့် ဆီးရီးယား နိုင်ငံ တို့ တွင် အာဏာရှင်တို့ က အကြမ်း နည်းသုံးကာ ပြည်သူတို့ ကို နှိပ်ကွပ်ကြသည်။ အီဂျစ် နှင့် တူနီးရှား တွင် အာဏာရှင်တို့ ဆင်းပေးခဲ့ရပြီး၊ ပြည်သူတို့ အတွက် ဒီမိုကရေစီ ကိုချဲ့ ထွင် သွား နိုင်စရာအလားအလာများ ကိုတွေ့ရသည်။ ကျန်အာရပ်နိုင်ငံများ ကမူ ပြည်သူတို့ ၏ ဒီမိုကရေစီတောင်းဆိုမှု ကို ပြုပြင်ပြောင်းလဲရေး ကတိများ နှင့် တုန့်ပြန်ကြသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ အာရပ်ကမ္ဘာသည် ယခင် ကနှင့် မတူတော့ပေ။

ဤနေရာတွင် ယနေ့ အာရပ် ကမ္ဘာ တွင်ဖြစ်ပေါ်နေသော အပြောင်းအလဲများ နှင့် ပတ်သက်ပြီး အဲလ်ဂျာဇီးရီးယား တီဗီ သတင်းဌာန ၏ အင်ပါရာ စကားဝိုင်း အယ်ဒီတာ မာရ၀မ် ဘိရှ်ဟာရာ ၏ ဖေါ်ပြ ချက် ကို ကောက်နှုပ်ကာ ပြန်လည်ဖေါက်သည်ချ လိုပါသည်။ ….. “အာရပ် ကမ္ဘာ မှာ ရှင်သန်ကြီးထွားခဲ့ ကြရတဲ့ ကျွန်တော်တို့ တတွေရဲ့ ဘ၀ ဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ၊ စစ်ရေး ကျဆုံးမှုတွေ၊ လူမှုရေး ခေတ်နောက်ပြန်ဆွဲ မှုတွေ၊ စီးပွားရေး နှောင့်နှေးမှု တွေ စတာတွေ နဲ့ တင်းကြမ်းပြည့် နေ တဲ့ အိပ်မက်ဆိုး ကြီးတခုကို ကာလရှည်ကြာ စွာ မက်နေရသလိုပါပဲ။ ဒါပေမဲ့ ဒီ နှစ်ရောက်လာ တော့ အာရပ် ကမ္ဘာ မှာ အချိန် မကျသေးပဲ စောစော စီးစီး နွေဦး ပေါက်ခဲ့တယ်။ …… အပြောင်းအလဲ တခု ကို အခု လို ကျယ်ကျယ်ပြန့်ပြန့်၊ အငမ်းမရ၊ ပြင်းပြင်းပြပြ၊ လိုလား တောင်းဆိုတာမျိုး ကျွန်တော့ တသက်မှာ တခါဘူး မှ မကြုံတွေ့ ခဲ့ရသေးဘူး။ …… အခုအချိန်မှာ အတတ် ပြောရ ခက်ပါတယ်၊ ဒါပေမဲ့ ညအချိန်အခါ ရဲ့ အမှောင်ဆုံး ကာလ၊ အရှေ့ဆီကနေ အာရုဏ် ရဲ့ လေပြေ ဦး လေး မတိုက်ခင်မှာပဲ အာရပ် ကမ္ဘာ မှာ နွေဦးပေါက်ခဲ့ တယ်ဆိုတာ ကိုတော့ မမေ့ ကြပါနဲ့။ စိတ်ကူးယဉ်သမား တယောက်လို့ပဲ ကျွန်တော့် ကိုခေါ်ချင်ခေါ်ပါ …. ည ရဲ့ အမှောင်ထု ကြီးဟာ ကျဆုံး ဖို့ ကြမ္မာငင်နေပါပြီ၊ နောက်ပြီးတော့ … အပြောင်းအလဲ ဆိုတာ ရှောင်လွဲ လို့မရတော့ဘူး ဆိုတာ သေချာ နေပါတယ်။”

ကျွန်တော်တို့ နိုင်ငံ တွင် မွေးတော့ မည့် ဆဲဆဲ အချိန် တွင် ဒီမိုကရေစီ ကို စစ်ဘီလူးတို့ က အမှောင်ထုထဲ သို့ အတင်း အဓမ္မ ပြန်လည် ဆွဲသွင်း နေကြ သည်။ နာဂစ် အခြေခံဥပဒေ စတင်ရေးဆွဲ သည်မှ စ၍ စစ်အာဏာရှင် စနစ် ထာဝရကြီးစိုးရေး အတွက်ရည်ရွယ်ကာ ရေးဆွဲ ထား ခဲ့သည် ကို လုံးဝ မမေ့အပ် ပေ။ နာဂစ် အခြေခံ ဥပဒေ ၏ နောက်ဆက်တွဲ ဖြစ်ရပ်မှန်သမျှသည် အပေါ်ယံ အားဖြင့် မည်မျှ ပင် ပြောင်းလဲ သည်ဖြစ်စေ၊ နဂိုမူလ လိုရင်း ရည်ရွယ်ချက် သည် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးပင် ဖြစ် သည် ကို အမြဲ သတိမူ ကြ ရ မည်ဖြစ်သည်။ လူပြောင်းသည် ကို မူကြီးတခုလုံးပြောင်းလဲ သွားသယောင်၊ စစ်ယူနီ ဖေါင်းချွတ် ကာ ခေါင်းပေါင်း ပေါင်း ပြလိုက်သည်နှင့် သန်းရွှေ ၏ စစ်အာဏာရှင်အစိုး ရသည် နေ့ခြင်းညခြင်း သိန်းစိန် အရပ်သားအစိုးရ ဖြစ်သွား သယောင် တအံ့တဩ ထူးထူး ဆန်းဆန်း ပြောဆိုရေးသား နေကြသည်မှာ နာဂစ်အခြေခံဥပဒေ ၏ အတွင်းသဏ္ဍာန် အတွင်းသဘောကို မမြင်စွမ်း နိုင်ကြ ၍သာဖြစ်ပေလိမ့်မည်။

ယ္ခု ကျွန်တော်များ Vansangva စာကြည့်တိုက်တွင် တင်ပေးထားသည့် မောင်မြတ်နိုင် ၏ စာတမ်း သည် ၂၀၁၁ ရွေးကောက်ပွဲ မတိုင်မီတွင်ရေး သားထားခြင်း ဖြစ် သည်။ စာတမ်း ပါ အချက် အလက် များသည် ၂၀၀ဂ နာဂစ်အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ တို့ ၏ ရှေ့နောက်မညီသည့် အချက်များ နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အတွက် ပြဌာန်း ထားသော မတရား သည့် ဥပဒေ ပုဒ်မ များ ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုး ပြထားသည့် အပြင် ရွေးကောက်ပွဲ ပြီးလျင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး အလားအလာ များ ကို သုံးသပ်တင်ပြ ထားသည် ဖြစ်ရာ လက်ရှိ သိန်းစိန် အစိုးရ၏ လက်တွေ့ လုပ်ရပ်များ နှင့် အတူ အများပြည်သူတို့ ယှဉ်ထိုး နိုင်ရန်တင်ပေး လိုက်ပါသည်။ စာရေးသူ မောင် မြတ်နိုင်ထောက်ပြထားသည့် အချက် အလက်များ ကို ဖတ်ရှု မှတ်သား ခြင်းအားဖြင့် အဖိနှပ်ခံပြည်သူတို့၏ အနာဂတ် နိုင်ငံရေး ဘ၀ နှင့် ရင်ဆိုင် ကြရ ဦးမည့် နောက် ဆက်တွဲ ဆိုးကျိုး များ ကို ခန့်မှန်း သိရှိ နိုင် ကြမည်ဖြစ်သဖြင့် Vansangva စာဖတ် ပရိတ်သတ်များအားလုံး အား အသေး စိပ် ဖတ်ရှုလေ့လာကြပါရန် တိုက်တွန်း အပ်ပါ သည်။

နာဂစ်အခြေခံ ဥပဒေ သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဗမာတကျပ်၊ ရှမ်းတကျပ် မူ ကိုပြောင်ပြောင်တင်းတင်း ဆန့်ကျင် ကာ ဗမာ (၇) ကျပ် ရှမ်း တကျပ် မူဖြင့် ဗမာ စစ်အာဏာရှင်တို့သာ ထင်ရာစိုင်း ကြီးစိုးသော အတု အယောင် ပြည်ထောင်စု တခု ကို ထပ်မံ တည်ဆောက်ရန် ကြိုးပမ်းထားခြင်း သာ ဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄ရ) မှ စ၍ ပြည်တွင်း စစ်မီး ကို စတင်မွှေး ပေးခဲ့သည့် လူမျိုး တမျိုးနှင့်တမျိုး နိုင့်ထက် စီးနင်း အုပ်ချုပ်သည့် တပြည်ထောင် မူကို ပြဌာန်း ရေးဆွဲထားသဖြင့် ပြည်သူတို့ ၏ ငြိမ်းချမ်းသော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကြီး တည်ဆောက် ရေး တောင်းဆို ချက် တို့ နှင့် ဖြောင့်ဖြောင့် ကြီးဆန့်ကျင်ကာ ပြည်တွင်းစစ် မီး ပိုမိုတောက်လောင် လာတော့ မည် ကို ကြိုတင်တွက်ဆ နိုင်ပေသည်။ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင် နေမှ သက်ဆိုး ရှည်ကာ ဆက်လက် ရှင်သန် ကြီးထွား နိုင် မည့် ဗမာ စစ်အာဏာရှင်တို့ သည၊် တိုင်းပြည်တွင် စစ်မှန်သော ငြိမ်းချမ်းရေး မရရှိ အောင် အစဉ်တစိုက် ပြည်သူ တို့ ကို ဆက်လက် ဖိနှိပ်နေဦးမည်သာဖြစ်သည်။ လူမျိုးပေါင်း စုံ ပြည်သူတို့ သည်လည်း လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်လ် အရေး တိုက်ပွဲများ ကို ဆက်လက် ဆင်နွှဲ ကြရမည်သာဖြစ်သည်။ ရွေးကောက်ပွဲ ပြီးသဖြင့် စစ်အာဏာရှင် တို့ ကြီးစိုးသော အရပ်သားအစိုး ရအမည်ခံ သိန်းစိန် အစိုး တက်သဖြင့် တိုက်ပွဲများ ပြီးဆုံးသွား မည်မဟုတ်ပေ။ ဖိနှိပ်မှု များ၊ မတရားမှုများ ရှိနေသမျှ ကာလပတ်လုံး တော်လှန်ရေး များလည်း မည်သည့် မျိုးဆက်တွင်မဆို ရှိနေ မည်သာ ဖြစ် ပေသည်။
အာဏာရှင်တို့ က ဖိနှိပ်၍ ဒီမိုကရေစီ တိမ်ကောပျောက်ကွယ် သွားမည် မဟုတ်ပါ။ ဒီမိုကရေစီ အရေး လှုပ်ရှားမှု မရှိ မှသာလျင် ဒီမိုကရေစီ ပျောက်ကွယ် သွားမည်ဖြစ်သည်။ မြန်မာစစ်အာဏာရှင်တို့ ၏ ပါလီမန် အတွင်းမှ မည်သည့်အပြောင်းအလဲကို မျှ မျှော်လင့် စရာမရှိပါ။ ဤ အချက် ကို မဆလ၊ နအဖ စစ် အာဏာရှင်ခေတ် များ၏ အတွေ့ အကြုံများက ရှင်းလင်း ထင်ရှားစွာ သက်သေခံ ထား ခဲ့ပြီးဖြစ်ပါသည်။ ပြည်သူ တို့ ၏ ဆန္ဒ ကိုဆန့်ကျင်သော အခြေခံဥပဒေ သည် ကြာရှည်မခံပါ။ ဤ အချက် ကို သမိုင်း ကအခိုင်အမာ သက်သေခံခဲ့ပြီးဖြစ်သည်။ ဗမာ စစ်အာဏာရှင်တို့ ၏ နာဂစ် နိုင်ငံတည်ဆောက်ရေး သည် စိတ်ကူးယဉ်သက်သက် သာဖြစ်သည်။ မြန်မာ လူငယ်မျိုးဆက်သစ် တို့သည်လည်း တိုက်ပွဲ ပုံစံ သစ်များ ကို ပုံဖေါ် ကာ ဗမာအပါအ၀င် အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတို့ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်း ချမ်းချမ်း အတူတကွ နေထိုင်သွားမည့် ပင်လုံ နိုင်ငံ ကြီး ထူထောင်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲ ၀င်ကြ ရမည်သာ ဖြစ်သည်။

မောင်မြတ်နိုင် ၏ “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေနဲ့ အနာဂတ် နိုင်ငံရေး အလားအလာများ” စာတမ်း။ (၂၀၁၀) – ကို အပြည့် အစုံဖတ်ရန် / ဆွဲချရန်

Posted by Zogamnuam

October 12th, 2010 at 11:07 pm

Posted in