Introduction
Vansangva မိတ်ဆက်
မင်္ဂလာပါ vansangva (အမြင့်ပျံငှက်) ကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီကွန်ယက်စာမျက်နှာ ဖန်တီးရခြင်း ရဲ့အဓိက အကြောင်းရင်းတွေကတော့
- Strategy – သေနင်္ဂဗျူဟာ
- Democracy – တော်လှန်သောအတွေးအခေါ်
- Unity – သွေးစည်းညီညွှတ်ရေး
စတဲ့ အကြောင်းအရာတွေအပေါ်မှာ ဒီမိုကရေစီ ယုံကြည်တဲ့ လူငယ်တွေမျိုးဆက်သစ်တွေ စိတ်ဝင်စားမှု တိုးမြှင့်စေဖို့ဖြစ်ပါတယ်။
အထက်ပါအချက်အလက်ကြီးသုံးရပ်ဟာလည်း တစ်ခုနဲ့တစ်ခု နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတာ ဖြစ်တဲ့အတွက် လူမျိုး၊ ဘာသာ၊ ဒေသမရွေး ပြည်သူတရပ်လုံးအတွက် အရေးပါတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရှင်သန် ထွန်းကားဖို့အတွက်ဆိုရင် ပြည်သူတရပ်လုံးအနေနဲ့ တစ်ဦးချင်းရော အဖွဲ့အစည်း အလိုက်ပါ မိမိတို့ အားသန်ရာ ကဏ္ဍတွေကနေ လုပ်သင့်လုပ်ထိုက်တာတွေကို မနားမနေ လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။
Vansangva ဝိုင်းတော်သားများအနေနဲ့ အထက်ဖော်ပြပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် လေ့လာ ဆည်းပူးကာ စိတ်ဝင်စားသူတိုင်းဝင်ရောက် လေ့လာ ဆွေးနွေး ဝေဖန်နိုင်အောင် Vansangva website ကို ဖန်တီးလိုက်ခြင်းသာဖြစ်ပါတယ်။
အသိပညာမြှင့်တင်ရေးလုပ်ငန်းတစ်ခုကို ရိုးသားစွာ စတင်လိုက်ခြင်းသာဖြစ်ပြီး၊ ပညာရှင်တွေလည်း မဟုတ်ကြတဲ့အပြင် မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ ၊ မည်သည့် အဖွဲ့အစည်းကိုဖြစ်စေ သာစေနာစေလိုတဲ့ဆန္ဒအလျဉ်းမရှိပဲ တင်ပြဆွေးနွေးထားပါတယ်။ တင်ပြချက်များအပေါ်မှာလည်း လွတ်လပ်စွာဝေဖန်ဆွေးနွေးကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ် ပါတယ်။
ဘယ်လိုပါဝင်မလဲ ?
- VanSangVa.com မှာ မိမိ email လိပ်စာကိုဖြည့်စွတ်ပြီးရင် ဆွေးနွေး၊ တင်ပြ၊ ပို့ချချက်တွေကို အပတ်စဉ်ရရှိနိုင်ပါတယ်။
- VanSangVa.com မှာကိုယ်တိုင်ပုံမှန်ဝင်ရောက်ဖတ်ရှုပြီးလည်းပါဝင်နိုင်ပါတယ်။
- တင်ပြပို့ချက်တွေအပေါ် အဆိုးအကောင်း ဝေဖန်ဆွေးနွေးခြင်းအားဖြင့်လည်း ပါဝင်နိုင်ပါတယ်။
- ဦးတည်ချက်တူညီသူတွေစု ၊ အလားတူ ကွန်ယက်ဆွေးနွေးဝိုင်းတွေဖန်တီးပြီးတော့ တခုနှင့်တခု အပြန်အလှန် လင့်လုပ်ကြပြီးလည်း ပါဝင်နိုင်ပါတယ်။
Browsing these have given me a larger outlook on the topic. I hope there is plenty to come. Many thanks.!
JoshuaJones
14 Oct 10 at 2:27 am
ဘယ်လိုဒေါင်းရမလဲခင်ဗျ…..
tunlinaung
1 Dec 10 at 11:45 am
ကို tunlinaung ခင်ဗျား။
ညာဖက်ကော်လန် မှာ Flash Version အောက်က Part I, Part II, Appendix of Part I & Part II ကို နှိပ်ရင်
Flash Version အတိုင်း ဒေါင်းလုပ် နိုင်အောင်ညွှန်း ထားပါတယ်။ မိမိ ရဲ့ ကွန်ပြူတာ Hard Disk ပေါ် ကို download လုပ်ပြီးရင် CD ထဲ ကို ပွား နိုင်ပါတယ်။ ဒီ version က ကွန်ပြူတာမှာပဲ ကြည့် လို့ရပါတယ် (လောလောဆယ်)။
TV screen မှာ Video Deck နဲ့ လည်းကြည့် နိုင်အောင် Video Version ထုတ်လုပ်နေတုံး ဖြစ်ပါတယ်။ သီးခံစောင့် ဆိုင်းပေးဖို့မေတ္တာ ရပ်ခံအပ်ပါတယ် ခင်ဗျား။ Youtube version ကိုတော့
http://www.youtube.com/watch?v=Kl7pKS94PuU မှာ ကြည့်ရှု နားထောင်နိုင်ပါတယ်။ Part I ကိုတင်ထားပြီးဖြစ်ပါတယ်။ ကျန် အပိုင်းတွေကိုတော့ ထုတ်လုပ်နေဆဲဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ အတွက်ကျေးဇူး တင်ပါတယ်။
အမြင့် ပျံငှက်ဝိုင်းတော်သားများ။
VanSangVaGroup
1 Dec 10 at 7:14 pm