with one comment
Episode 3- တော်လှန်သောအတွေးအခေါ်၏ တတိယအခြေခံတရား
Posted by VanSangVaGroup
February 28th, 2010 at 1:57 pm
Posted in Basic-part1
Tagged with Episode 3
Subscribe to comments with RSS or TrackBack to 'Episode 3- တော်လှန်သောအတွေးအခေါ်၏ တတိယအခြေခံတရား'.
၁၉၄၇ ခုနှစ် မေလ (၁၉) ရက်နေ့၌ ကျင်းပသည့် ဖဆပလညီလာခံကြီးတွင်ဲပြောကြားသွား သည့် မိန့်ခွန်း တွင် ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်နေ၀င်း၊ ဗိုလ်သန်း ရွှေ တို့ လို ဖက်စစ် ၀ါဒီတွေ မပေါ်ပေါက်အောင် အခြေခံဥပဒေ က အာမခံထားရန် သတိပေးခဲ့သည်။
ဂျပန်ပြည်က စစ်အုပ်ချုပ်ရေးမျိုး၊ ဂျာမဏီက အကြမ်းဖက်နာဇီပါတီလိုဟာမျိုးတွေက ဖက်ဆစ်တွေကို မွေးထုတ်လိုက်တာပဲ။ မြန်မာပြည်မှာ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ မရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သဘောဆောင်တဲ့ နိုင်ငံရေးပါတီ တွေကပဲ ဖက်ဆစ်ဝါဒကို မွေးထုတ်ပေးကြတာဖြစ်တယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ မြန်မာပြည်မှာမပေါ်နိုင်အောင် နိုင်ငံရေး၊ စီးပွားရေးအရ အဘက်ဘက်က တားရလိမ့်မယ်။ ဖက်ဆစ်ဝါဒဆိုတာဘာလဲ၊ ငွေရှင်ကြေးရှင်ကြီးတွေနဲ့ ပူးပေါင်းပြီး တပည့် တပန်းတွေနဲ့ တိုင်းသူပြည်သားလူအများကို အကြမ်းပတမ်းဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမျိုးရေးကိစ္စတွေမှာ အရင်းရှင်အားကိုးနဲ့ အကြမ်းဖက်တဲ့ ဖက်ဆစ်တရားတွေ ပေါ်မလာအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ်ကတည်းက စီမံထားရလိမ့်မယ်။
Vansangva Group
23 Nov 10 at 3:53 pm
Name (required)
Mail (will not be published) (required)
Website
Notify me of followup comments via e-mail