with one comment
Posted by salaibat
February 28th, 2010 at 12:51 pm
Posted in Basic-part1
Tagged with Episode 2
Subscribe to comments with RSS or TrackBack to 'Episode 2- တော်လှန်သောအတွေးအခေါ်အစ'.
နိုင်ငံရေး နဲ့  လွတ်လပ် ရေး နှင့် ပါတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားချက်။ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်။ နိုင်ငံရေးကို ရှောင်ရှားလိုပေမယ့် နိုင်ငံရေးဟာ အိမ်၊ ရုံး၊ အလုပ်ရုံ စတာတွေမှာ အမြဲတမ်းရှိနေ တယ်။ ဒါပေမယ့် မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်မှု ပြောင်းလဲနေသလို နိုင်ငံရေးဟာလည်း ပြောင်းလဲနေတယ်။ မိမိတို့အားလုံး သက်သာချောင်ချိစွာ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်ဖို့ လွတ်လပ်ရေးကို တောင့်တကြတယ်။ လွတ်လပ်ရေးဆိုတာဟာ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတဦးချင်ရော တမျိုးသားလုံးပါ ကာယဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြှင့်အောင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ ဒီလွတ်လပ်မှုကို ရယူတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်အသီးသီးရဲ့ အခွင့်အရေးကို စောင့်ရှောက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ တခါတရံမှာ အစည်းအဝေးလုပ်ပြီး စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ အောက်ကနားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တပြည်လုံးက ပြည်သူလူထုဟာ မိမိတို့နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို မိမိတို့ဘာသာ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ကိစ္စဖြစ်တယ်။ တပြည်လုံးမှာနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်သူပြည်သားတိုင်း နိုင်ငံရေးသမားတွေဖြစ်လာအောင် နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိရမယ်။
Vansangva Group
23 Nov 10 at 3:44 pm
Name (required)
Mail (will not be published) (required)
Website
Notify me of followup comments via e-mail
နိုင်ငံရေး နဲ့  လွတ်လပ် ရေး နှင့် ပါတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားချက်။
နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်။ နိုင်ငံရေးကို ရှောင်ရှားလိုပေမယ့် နိုင်ငံရေးဟာ အိမ်၊ ရုံး၊ အလုပ်ရုံ စတာတွေမှာ အမြဲတမ်းရှိနေ တယ်။ ဒါပေမယ့် မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်မှု ပြောင်းလဲနေသလို နိုင်ငံရေးဟာလည်း ပြောင်းလဲနေတယ်။ မိမိတို့အားလုံး သက်သာချောင်ချိစွာ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်ဖို့ လွတ်လပ်ရေးကို တောင့်တကြတယ်။ လွတ်လပ်ရေးဆိုတာဟာ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတဦးချင်ရော တမျိုးသားလုံးပါ ကာယဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြှင့်အောင် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ ဒီလွတ်လပ်မှုကို ရယူတာဟာ နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်အသီးသီးရဲ့ အခွင့်အရေးကို စောင့်ရှောက်တာဖြစ်တယ်။ နိုင်ငံရေးဆိုတာဟာ တခါတရံမှာ အစည်းအဝေးလုပ်ပြီး စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊ အောက်ကနားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ တပြည်လုံးက ပြည်သူလူထုဟာ မိမိတို့နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို မိမိတို့ဘာသာ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ အမြဲတမ်းကြိုးပမ်းနေတဲ့ကိစ္စဖြစ်တယ်။ တပြည်လုံးမှာနိုင်ငံရေးကို စိတ်ဝင်စားပြီး ပြည်သူပြည်သားတိုင်း နိုင်ငံရေးသမားတွေဖြစ်လာအောင် နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအဖွဲ့အစည်းတွေ ရှိရမယ်။
Vansangva Group
23 Nov 10 at 3:44 pm