VanSangVa – Basic Democracy Training – Burmese Version by Salai Kipp Kho Lian

ဒီိမိုကရေစီ အခြေခံသဘောတရားများ အပိုင်း (၁) နဲ့  အပိုင်း (၂) နောက်ဆက်တွဲ ဆွေးနွေးခန်း

Comment ရေးရန် (no comment)

ဒီိမိုကရေစီ အခြေခံသဘောတရားများ အပိုင်း (၁) နဲ့  အပိုင်း (၂) နောက်ဆက်တွဲ ဆွေးနွေးခန်း

Posted by VanSangVaGroup

August 16th, 2010 at 8:00 am

ပင်လုံစာချုပ် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ

Comment ရေးရန် (3 comments)

ပင်လုံစာချုပ် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ

Posted by VanSangVaGroup

August 16th, 2010 at 8:10 am

ပင်လုံစာချုပ် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ

Comment ရေးရန် (no comment)

ပင်လုံစာချုပ် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ

Posted by Zogamnuam

September 4th, 2010 at 4:33 pm

သွေးကပြောသောပြည်ထောင်စုသမိုင်း

Comment ရေးရန် (one comment)

သွေးကပြောသောပြည်ထောင်စုသမိုင်း

၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့ နိုင်ငံဖခင်ကြီးများက စတင်ပြီး ပြည်ထောင်စုသမိုင်းကို သွေးနဲ့ ရေးခဲ့ကြတာဟာ ဒီနေ့အထိဆိုရင် နှစ်ပေါင်း (၆၀) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အာဇာနည် ဖခင်ကြီးများ အပါအဝင် လူမျိုးပေါင်းစုံပြည်သူတွေက သွေးနဲ့ရေးတဲ့ ပြည်ထောင်စု သမိုင်းဟာ ရာစုနှစ် ထက်ဝက်ကျော် ကြာမြင့်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီသမိုင်းတခုလုံးကို အစကနေ၊ အခြေခံအုတ်မြစ်ကနေ၊ ပြဿနာတွေရဲ့ အရင်းအမြစ်ကနေ စတင်ကိုင်တွယ် ရှုမြင် သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ကုန်လွန်ခဲ့သော အနှစ် (၂၀) ခရီးလေးကိုသာ ကွက်ပြီး ရှုမြင် သုံးသပ်ခြင်း အားဖြင့် ပြည်ထောင်စုသမိုင်းတခုလုံးကို မြင်ကွင်းကျယ် ရှုထောင့်ကနေ ရှင်းရှင်းလင်းလင်း ရှုမြင်သုံးသပ်နိုင်မှာ မဟုတ်ပါဘူး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီးအဖြစ် အများတကာက နားလည်ကြ ပြီးဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်ဆင်နွှဲနေကြရတဲ့ တော်လှန်ရေးကြီးဟာ ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။ ပထမအကြိမ် လွတ်လပ်ရေးတိုက်ပွဲကြီးကို အပြီးအပိုင် အဆုံးသတ်ပြီး နိုင်ငံ့ဖခင်ကြီးများ ရည်မှန်းခဲ့တဲ့ အောင်ပွဲ ပန်းတိုင်ဖြစ်တဲ့ သာယာငြိမ်းချမ်းသော ပြည်ထောင်စုကြီးကို မထူထောင် နိုင်ခဲ့ကြတဲ့ အတွက်သာလျှင် အခုအချိန်မှာ ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီးကို ဆက်လက် ဆင်နွှဲ နေရတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ဖခင်ကြီးများက အုတ်မြစ်ချခဲ့တဲ့ ပေါ်ထွန်းလတ္တံ့သော အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးဟာ ဘုရင်ရူးတွေအုပ်ချုပ်မယ့် ဘုရင့်နိုင်ငံလည်း မဟုတ်ခဲ့ပါဘူး။ လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းအုပ်ချုပ်မဲ့ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကို ကျင့်သုံးမယ့် နိုင်ငံမျိုးကိုလည်း နိုင်ငံဖခင်ကြီးများက လုံးဝ မရည်မှန်း ခဲ့ကြပါဘူး။ ဒီလိုနိုင်ငံမျိုးကို ထူထောင်ဖို့လည်း နိုင်ငံ့ဖခင်ကြီးများက အုတ်မြစ်မချခဲ့ကြပါဘူး။ ပြည်ထောင်တွေ စုပေါင်းပြီး ထူထောင်ထားတဲ့ တန်းတူရည်တူ လွတ်လပ်တဲ့ ပြည်ထောင်စု နိုင်ငံတော်သစ် အတွက် အုတ်မြစ် ချခဲ့တာဖြစ်ပါတယ်။ ဒါကို သက်သေထူဖို့အတွက် သမိုင်းအထောက်ထားတွေ အခိုင်အမာ ရှိနေပါတယ်။ နိုင်ငံ့ဖခင်ကြီးများ စည်းစည်းလုံးလုံး ချမှတ်ထားတဲ့ ပြည်ထောင်စု နိုင်ငံတော်သစ်ရဲ့ အခြေခံအုတ်မြစ် ဆိုတာဟာလည်း ဒီမိုကရေစီ အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားများဖြစ်တဲ့ …

Read the rest of this entry »

Posted by VanSangVaGroup

September 4th, 2010 at 4:36 pm

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

Comment ရေးရန် (2 comments)

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်

ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူတွေ အတူတကွ ကြုံတွေ့ဖြတ်သန်း ခဲ့ကြရတဲ့ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်သမိုင်းကို အသေအချာ ပြန်လည် သုံးသပ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ တကယ့်အရင်းခံပြဿနာဟာ ဒီမိုကရေစီ အတွေးအခေါ်ရေးရာ ပြဿနာသာ ဖြစ်ကြောင်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါကို တချို့က လူမျိုးစုပြဿနာလို့ မှားယွင်းစွာ ကင်ပွန်း တပ်ကြတယ်။ တကယ်တော့ လူမျိုးစုတိုင်းရင်းသားတွေက ဘာပြဿနာမှ မဖန်တီးခဲ့ကြပါဘူး။ ဗမာပြည်သူများနည်းတူ ဒီမိုကရေစီရဲ့ အခြေခံတရားတွေဖြစ်တဲ့ တန်းတူရေး၊ လွတ်လပ်ရေးဆိုတာတွေကို လိုချင်ကြတာပဲ ရှိပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံတရားများဖြစ်တဲ့ တန်းတူရေး၊ လွတ်လပ်ရေး ဆိုတာတွေကို မလိုချင်တဲ့ လူမျိုးဆိုလို့ ကမ္ဘာမှာ မရှိပါဘူး။ လူမျိုးစု တိုင်းရင်းသား ပြည်သူတွေလိုချင်တာက တမျိုး၊ ဗမာတိုင်းရင်းသား ပြည်သူတွေ လိုချင်တာက တခြားဆိုတာမျိုး မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ ဆန္ဒအစစ်အမှန်ဟာ တထပ်တည်းပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် အားလုံးက ဒီမိုကရေစီကို လိုချင်ကြတာသာဖြစ်ပါတယ်။ လူသားမှန်ရင် တန်းတူရေး၊ လွတ်လပ်ရေးဆိုတာတွေကို လိုချင်ကြတာ ချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေဟာ နှစ်မျိုး နှစ်စား ကွဲပြားနေတာ မဟုတ်ပါဘူး။ လိုအင်ဆန္ဒအားဖြင့် တထပ်တည်းပဲ ဖြစ်ပါတယ်။ တခုတည်းသော၊ တူညီသော အနာဂတ် ဒီမိုကရေစီ လူ့ဘောင်ကို အတူတကွ ချီတက်နိုင်အောင် ဦးဆောင်မှုကိုသာ ပေးဖို့လိုအပ်နေပါတယ်။ တန်းတူသော၊ လွတ်လပ်သော အနာဂတ် ဒီမိုကရေစီ လူ့ဘောင်၊ တန်းတူသော၊ လွတ်လပ်သော ပြည်ထောင်စု။ တူညီ၍ ရှင်းလင်းပြတ်သားသော အနာဂတ် ရည်မှန်းချက် ပန်းတိုင်ကြီးကို ချီတက်နိုင်အောင် အနာဂတ် လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အားလုံး ကျော်လွှားရမယ့် ပြဿနာက ဘာလဲ။ ဆက်လက် ဆွေးနွေး ကြရအောင်။ အနာဂတ်ကာလမှာ ပြန်လည် တည်ဆောက် ကြမယ့် ပြည်ထောင်စုကို တမျှော်တခေါ်၊ စဉ်းစားတွေးခေါ် ပုံဖော်ကြရာမှာ လူမျိုးတမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းပြုကျင့်ရာကနေ တတိုင်းတပြည်လုံးကို သွေးချောင်းစီးစေခဲ့ပြီး၊ နောက်ဆုံးမှာ စစ်အာဏာရှင် ပေါ်ထွန်းလာဖို့အတွက် လမ်းစဖွင့်ပေးခဲ့တဲ့ တမင်း၊တနိုင်ငံ၊ တပြည်ထောင်စနစ်ကို ပြန်လည်ထူထောင် ကြမလား။ ဒါမှမဟုတ် တန်းတူရည်တူ လွတ်လပ်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ကျင့်သုံးပြီး တန်းတူသော၊ လွတ်လပ်သော၊ သာယာသော၊ ငြိမ်းချမ်းသော ပြည်ထောင်စုနစ်ကို ပြန်လည်တည်ဆောက် ကြမလား ဆိုတဲ့နေရာမှာတော့ အတွေးအခေါ် နှစ်ခုဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားကြတာ ဖြစ်ပါတယ်။

Read the rest of this entry »

Posted by VanSangVaGroup

September 4th, 2010 at 4:40 pm

Page 14 of 15« First...101112131415