Welcoming Daw Aung San Suu Kyi
Comment ရေးရန် (2 comments)
Vangsangva Special Release
Welcoming Daw Aung San Suu Kyi
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကိစ္စ ကိုကြိုဆိုခြင်း။ (ကြားဖြတ်ဆွေးနွေးခန်း)
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာကို Vansangva ၀ိုင်းတော်သားများ အနေ နဲ့ အထူးဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဒီမိုကရေစီ အစုအဖွဲ့ အားလုံးကို စုစည်း ပေး ဖို့ ၀ိုင်းဝန်း အကြံပြု ကြတာကိုလည်း ကြို ဆို ကြရ မှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖက်ကလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ဒုတိယ ပင်လုံ ညီလာခံ ကြီး ကျင်းပ ဖို့၊ (၂၁) ရာစု ပင်လုံ စိတ်ဓါတ် ကို ဖေါ် ဆောင်ဖို့ ပြောကြား သွားတာတွေ ကိုလည်း လှိုက်လှိုက်လှဲလှကြို ဆို လိုက်ပါတယ်။
တကြိမ်ထဲမှာ အတိတ် ကဖြစ်ရပ်တွေ ကို ပြန်လည် မီးမောင်းထိုးပြ ရင်း မကြာခင် ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေ အခင်းအကျင်း တွေ ကို ကြိုကြိုတင်တင် စဉ်းစား ပြီး ပြင်ဆင်ထားကြဖို့ ဒီဆောင်းပါး ကတဆင့် နှိးဆော်လိုက်ပါတယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေး ကိစ္စ တွေကို ဆောင်ရွက်ရာမှာ စစ်အုပ်စု ဟာ စစ်ရေးဗျူ ဟာတွေ ကို တစိုက်မတ်မတ် အသုံးချလာ တာ ကိုတွေ့ ရတယ်။ စစ်အာဏာရှင်တွေဟာ နိုင်ငံ ရေးနည်း နဲ့ စည်းရုံးသိမ်းသွင်း တဲ့ အမူအကျင့် တခါမှ မပြသခဲ့ဘူး။ ၁၉၅၈ – ၁၉၆၀ ခုနှစ် တွေမှာ လည်း ဗိုလ်နေ၀င်း အိမ်စောင့် အစိုးရ ခေတ် ခဏတဖြုတ် ကာလတိုလေးထဲ မှာလည်း ပြည်သူတွေ ကို အတင်း အဓမ္မ နည်းတွေ သုံးပြီး စစ်တပ်က ထောက်ခံတဲ့ တည်မြဲဖဆပလ ကို သေနပ် ထောက် ပြီးအတင်း အဓမ္မ မဲထည့် ခိုင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့ ဘူးတယ်။ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူတွေ ကအဓမ္မ ၀ါဒ ကိုရွံမုန်း ကြောင်း လက် တွေ့ ပြသခဲ့တယ်။ သန့်ရှင်းဖဆပလ ကို ပုံအောပြီး မဲပေးခဲ့ကြပါတယ်။ အဲဒီနောက် ပိုင်းမှာ တော့ ဗိုလ်နေ၀င်း ဟာ အလစ်သုတ်၊ အငိုက်ဖမ်း၊ အလစ် တိုက်တဲ့ စစ်ရေးဗျူဟာ တွေ ကိုတစိုက်မတ်မတ်သုံးလာတယ်။
နိုင်ငံရေး လုပ်ဆောင်ရာမှာ တော့ ပြည်သူကို ပွင့်ပွင့် လင်းလင်း သတင်း အပြည့် အစုံပေးပြီး ဆောင် ရွက် ရပါတယ်။ ကိုယ့် မာဟာမိတ်တွေ ကို၎င်း၊ မိတ်ဆွေတွေ ကို ၄င်း၊ ပြည်သူ ကို၎င်း သတင်း အမှောင်ချထား လို့ ကတော့ ရေရှည်မှာ မိတ်ဆွေ တွေနဲ့ ပြည်သူ ရဲ့ ယုံကြည်မှုတွေ ဆုံးရှုံး ပြီး ကျဆုံး ရေး ဖက်ကိုဦးတည်သွား ကြမှာဖြစ်တယ်။ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ ကို မိမိတို့ ဘာလုပ်မယ် ဘာကိုင်မယ် ဆိုတာ အသိပေး သွားမယ်၊ ပြည်သူ ကလက်မခံတာရှိရင်လဲ ထောက်ပြဝေဖန်ခွင့် ရှိတယ်၊ ပြည်သူကလက်မခံတဲ့ အပိုင်းတွေ ဆက်လုပ်ရရင်လည်း ဘာလို့ လုပ်ရ တယ်ဆို တာ ရှင်းပြသွား မယ်၊ ပြည်သူရဲ့ အသံ ကိုလည်းကြားခြင်တယ်၊ ပြည်သူ ကလည်း ဝေဖန်ကြပါ လို့ ပြောကြား သွားတာတွေ ဟာ သူ့ရဲ့ ပြည်သူပေါ်မှာ ထားရှိတဲ့ မေတ္တာ တွေ၊ သူ့ ရဲ့ ပြည်သူကို လေးစားယုံကြည်မှုတွေ၊ သူ့ရဲ့ မြင့် မား တဲ့ ခေါင်းဆောင် မှု အရည်အသွးများ ပဲ ဖြစ်ပါတယ်။ ဒီလို သတ္တိ နဲ့ အရည်အခြင်းမျိုး နဲ့ ပြည့်စုံကြမယ် ဆိုရင် ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့ အစည်း တွေထဲမှာ လည်း တိုးတက်မှု တွေ အများကြီး တွေ့ လာရမှာ သေခြာပါ တယ်။
Read the rest of this entry »