CHIN WORLD မှ Salai Kipp Kho Lian အား တွေ့ဆုံမေးမြန်းခြင်း။
Comment ရေးရန် (no comment)
CHIN WORLD မှ Salai Kipp Kho Lian အား တွေ့ဆုံမေးမြန်းခြင်း။
ဂျာမဏီ နိုင်ငံ ၏ SPIEGEL(www.spiegel.de) ခေါ် မီဒီယာ ကြီးတခု ၏ အွန်လိုင်းဂျာနယ် မှ ယနေ့ မြန်မာနိုင်ငံ တွင် မြင်တွေ့ နေ ရ သော အပြောင်းအလဲများအပေါ် Salai Kipp Kho Lian အား တွေ့ဆုံ မေးမြန်း ချက်ကို မြန်မာ နှင့် အင်္ဂလိပ်ဘာသာများ သို့ပြန်ဆိုကာ ကျွန်တော်များ CHIN WORLD တွင် ဖေါ်ပြ ခဲ့ပြီး ဖြစ်ပါသည်။
http://chinworld.info/interview/2011/salai_kipp/burmese_version.html
ယင်း ၏နောက်ဆက်တွဲအဖြစ် CHIN WORLD မှ Salai Kipp Kho Lian အား ထပ်မံတွေ့ဆုံ မေးမြန်း ချက် များ ကို CHIN WORLD စာဖတ်ပရိသတ်များ အား ယ္ခုတင်ဆက်လိုက်ပါသည်။
CHIN WORLD: ယနေ့ မြန်မာ နိုင်ငံ အတွင်း အပြောင်းအလဲတွေအပေါ် ဘယ်လိုရှုထောင့်မျိုး ကနေ ချဉ်းကပ် ပြီးဘယ်လိုသုံးသပ်ပါသလဲ?
SALAI KIPP : နာဂစ် အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြု အပြီး ၂၀၁၀ ရွေးကောက်ပွဲစတော့မယ် ဆိုတော့ ဗမာ စစ်အာဏာရှင်တွေ ရဲ့ လုပ်ရပ်တွေ နဲ့ အခု ၂၀၁၁ ခုနှစ်ပိုင်းမှာ မှ တခါ ရုတ္တ ရက်ကြီး ပြောင်းပြန်လှန်လိုက်သလိုဖြစ်လာတဲ့ အပြောင်းအလဲ dynamic တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။
CHIN WORLD: ဟုတ်တယ်။ အစကနဦးတုန်ုးက လုပ်ထားတာက NLD အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီ တွေ အားလုံးလိုလို ၂၀၁၀ ရွေးကောက်ပွဲမှာ မဝင်ချင်အောင်နဲ့ ဝင်ချင်ရင် တောင်မှ ဝင်လို့ မရအောင် ဥပဒေ တွေ ပြဌာန်းပြီး အစီအစဉ်ရှိရှိ လမ်းတွေကို ပိတ်ထားခဲ့တာ အားလုံး အသိပဲ။ အခု တော့ ရုတ္တရက်ကြီး ၁၉၉၀ အောင်ပွဲရပါတီတွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ပြန်ဝင် လို့ ရအောင် အတင်း ကို လမ်း တွေ ပြန်ဖွင့်နေပြန်တယ်။